Food & Health
သရက်သီးစိမ်းစားခြင်း၏ အကျိုးကျေးဇူးများ
နွေရာသီရဲ့ ရာသီပေါ်စာဖြစ်တဲ့ သရက်သီးစိမ်းကို ဆား၊ ငါးပိ၊ ငရုတ်သီးမှုန့်နဲ့ တို့စားလိုက်ရတာမျိုးပဲဖြစ်ဖြစ်၊ သုပ်စားတာပဲဖြစ်ဖြစ် ဘာနဲ့မှကို မလဲနိုင်တဲ့ အရာတစ်ခုမဟုတ်ပါလား။ ရာသီပေါ်စာ စားပေးတယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွှတ်ဖို့အတွက်ပါ။
လတ်ဆတ်သန့်ရှင်းတဲ့ သရက်သီးကို စားပေးမယ်ဆိုရင် အောက်ပါ စွမ်းပကားတွေကို ရရှိစေနိုင်ပါတယ်။
သရက်သီးစိမ်းကို ဆားဖြင့် တို့စားခြင်းဟာ ခန္ဓာကိုယ်တွင်းရေဓာတ်ဆုံးရှုံးခြင်းကို အများကြီးကာကွယ်ပေးပါတယ်။
သရက်သီးများများစားထားသူဟာ တော်ရုံနဲ့ ရေဆာလေ့မရှိကြပါဘူး။
Read More >>>>>> ရာသီဥတု ပူပြင်းတဲ့အချိန်မှာ ဖာလူဒါ လုပ်သောက်ကြရအောင်
ဒါကြောင့် နွေရာသီမှာသရက်သီးစိမ်းကြိုက်တတ်ပြီး အမြဲစားသုံးလေ့ရှိသူတွေဟာ မစားတဲ့လူတွေလောက်ပင်ပန်းတဲ့ ပုံစံမပေါက်တာမျိုးတွေ့ရပါတယ်။
လတ်တလော ပူပြင်းလွန်းတဲ့ ရာသီဥတုကြောင့် ခန္ဓာကိုယ်မှာမလိုအပ်ပဲ ချွေးထွက်လာတာမျိုးတွေရှိလာနိုင်ပါတယ်။ သရက်သီးစိမ်းမှာ ဆိုဒီယမ်ကလိုရိုက်ဒ်နဲ့ iron ဓာတ်ကြွယ်ဝတာကြောင့် ချွေးထွက်လွန်တာမျိုးမဖြစ်စေပဲ ပင်ပန်းနွမ်းနယ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။
သရက်သီးစိမ်းဟာ သရက်သီးအမှည့်ထက် အမျှင်ဓာတ်ပိုမိုများပြားတာကြောင့် ကိုယ်အလေးချိန်လျော့ချလိုသူတွေစားသုံးဖို့ အသင့်တော်ဆုံးပါ။
အနောက်နိုင်ငံတွေမှာတော့ သရက်သီးအစိမ်းကိုဖျော်ရည်အဖြစ် လုပ်သောက်ကြသူတွေတောင်ရှိကြပါတယ်။
အစာအိမ်ခြေဖျက်မှု အားကောင်းစေခြင်း၊ သရက်သီးအစိမ်းစားခြင်းဟာ အူလမ်းကြောင်းကိုရှင်းလင်းစေပြီး အစာအိမ်ခြေဖျက်မှုကို နှစ်ဆပိုမိုအားကောင်းစေပါတယ်။
အစာခြေဖျက်မှုအားကောင်းစေရုံသာမက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် တော်ရုံနဲ့ ဗိုက်မဆာအောင် ကူညီပေးတဲ့နေရာမှာ အထောက်အကူပြုပါတယ်။
၎င်းအပြင် သရက်သီးစားပေးဖြင့် ကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း၊ အမြင်အာရုံကို ကောင်းမွန်ခြင်း၊ ကြေးနီဓာတ်ပါဝင်မှု မြင့်မားခြင်း၊ အိမ်ထောင်ရှင်တို့အတွက် အကျိုးရှိစေခြင်း၊ အစာကြေစေခြင်း၊ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော လျော့ကျစေခြင်း၊ မှတ်ဥာဏ်နဲ့ အာရုံစူးစိုက်နိုင်စွမ်း ကောင်းမွန်စေခြင်းကို ဖြစ်စေပါတယ်။
အရည်အသွေးကောင်းမွန်တဲ့ သရက်သီး၏အရောင်ကတော့ အဝါရောင် အနည်းငယ်သာ ပါဝင်ပြီး မှည့်သည့်အခါ အနံ့အလွန်မွှေးတဲ့အတွက် စားသုံးရာမှာလည်း အရသာရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ သရက်သီးကို စားသုံးပေးသင့်ပါတယ်။