Food & Health
သရက်သီးစေ့ကနေ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်သလဲ
လူတိုင်းက သရက်သီးရဲ့  အသားကိုစားကြပေမယ့်လည်း သရက်စေ့ကိုတော့ စိုက်ရတာပဲသိကြပါတယ်။
သရက်စေ့ဟာ အခြောက်ခံအမှုန့်လုပ်ပြီးတော့ စားသုံးပေးလို့ရမှန်း လူတိုင်း မသိကြသေးပါဘူး။
သရက်သီးစေ့မှာ bioactive နဲ့phenolic တို့လိုမျိုး bioactive ဓာတ်တွေများစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင် အာနိသင်တွေလည်း များစွာ ပါဝင်နေပြီး unsaturated fatty acid တို့လည်း ပါဝင်နေကြောင်း သိရပါတယ်။
သရက်သီးစေ့ဆိုတဲ့ နေရာမှာ မမှည့်သေးတဲ့ သရက်သီးရဲ့  အစေ့ဖြူဖြူလေးတွေကို စားခိုင်းတာပါ။ သရက်သီးက ရင့်မှည့်လာလေလေ မာကျောလေလေဖြစ်ပါတယ်။
သရက်သီးစေ့က ဗောက်ပျောက်စေပြီး ဆံသားကိုလည်း ကျန်းမာသန်စွမ်းတောက်ပြောင်စေနိုင်ကြောင်း သိရပါတယ်။
အစာခြေစနစ်အတွက်ဆိုရင်တော့ အစာကြေစေပြီး ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ပိုလျှံနေတဲ့အလေးချိန်ကို လျှော့ချရာမှာလည်း ထိရောက်မှုရှိကြောင်း သိရပါတယ်။
သရက်စေ့မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် အရေပြားမှဖြစ်တဲ့ ရောင်ရမ်းမှု၊ ၀က်ခြံ၊ ၀က်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်၊ မျက်နှာအသားအရေမှာ အရေးအကြောင်းဖြစ်တာနဲ့ အသက်အရွယ်ကြောင့် အရေပြားမှာ အစက်အပြောက်ဖြစ်တာတွေကို လျော့စေပြီး သက်သာစေနိုင်ပါတယ်။
သရက်စေ့အခြောက်ခံထားတဲ့ အမှုန့်ကို ပုံမှန်စားသုံးပေးမယ်ဆိုရင် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။
ဆီးချိုဝေဒနာခံစားနေရသူများ မှီဝဲဖို့အတွက် သင့်တော်တဲ့ သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။
ဆီးချိုမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ စားသုံးလို့လည်း ရနိုင်ပါတယ်။
သရက်စေ့အမှုန့်ကို ရေနဲ့ရောစပ်ပြီး ဆံသားပေါ်တွင် ပေါင်းတင်ပေးမယ်ဆိုရင်တော့ ဆံပင်ကို အရင်းကနေ အဖျားထိ သန်မာစေမှာဖြစ်ပြီး အနှစ်ကို ဦးရေပြားပေါ်တွင် လူးပေးပါက ဗောက်တွေကို လျော့စေပြီး သက်သာစေနိုင်ပါတယ်။
သရက်စေ့က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်စွမ်းရှိပြီး ဇီဝတွင်ဖြစ်စဉ်တွေကို လှုံ့ဆော်ပေးနိုင် တဲ့အတွက် ကိုယ်အလေးချိန်ကို ကျအောင် လှုံ့ဆော်ပေးပြီး နှလုံးသွေးကြောကျန်းမာရေးကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။
အစာခြေစနစ်ကစ၍ နာတာရှည်ရောဂါ၊ လိပ်ခေါင်း၊ ဂေါက်ရောဂါတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ဖြစ်တဲ့ ရောင်ရမ်းမှုဝေဒနာတွေကို လျော့ပါးသက်သာစေဖို့အတွက် ရှေးအစဉ်အဆက်ကရော အခုလက်ရှိ အချိန်မှာပါ သရက်စေ့ကို အသုံးပြုကြောင်း သိရပါတယ်။
သရက်စေ့ကို ဘယ်လိုစားရမလဲဆိုတော့ သရက်သီးစိမ်းရဲ့ အစေ့ကို စားရမှာဖြစ်ပါတယ်။ သရက်သီးကို ထက်ခြမ်းခြမ်းပြီး သရက်စေ့ကို ဇွန်း သို့မဟုတ် ဓားသုံးပြီး ကော်ထုတ်လိုက်ပါ။ ပြီးနောက် ရေစင်အောင်ဆေးပါ။ ပြီးရင်တော့ အစိမ်းလိုက်ဝါးစားလို့လည်း ရပါတယ်။ နေပူပြ၍ အခြောက်ခံပြီး အမှုန့်လုပ်စားလို့လည်း ရနိုင်ပါတယ်။
Ref: organicfacts
MMRD မှ Myanmar Food Industry Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်းထွက်ရှိ လာပါပြီနော်..