Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အစားအသောက်နဲ့ ဆေးဝါးများပို့ဆောင်ရန် မိုးပျံ Drone ယာဉ်မျာထားရှိမည်


ကိုရိုနာ ရောဂါဖြစ်ပွားလာတာနှင့်အမျှ လူတွေလဲ အိမ်အပြင် မထွက်ရဲ သလို အစားအသောက် နဲ့ ဆေးဝါးများ ဝယ်ယူဖို့ အတွက် အတော်လေး အခက်တွေလာပါတယ် ပို့ဆောင်သူများသည်လည်း ဈေးကို နှစ်ဆ ယူကြတယ်သိရပြီး ၎င်းတို့နဲ့ ၆ ပေအကွာက ပို့ခိုင်းကာ လူအခြင်းခြင်းပူးကပ်တာမှကာကွယ်ရန် လုပ်ဆောင်ကြရပါတယ်။

 

ဒါတွေက တကယ်တော့ အတော်လေး အလုပ်ရှုပ်တဲ့ ကိစ္စ တွေဖြစ်ပြီး တချို့ ပို့ဆောင်သူတွေဆိုရင် ဆေးရုံများကို မပို့ ကြပါဘူး ဒါ့ထက် နေရာရွေးလာကြပါတယ်။ဒါကို အင်္ဂလန် အစိုးရ က အစားအသောက်တွေနဲ့ ဆေးဝါးတွေကို သယ်ယူပို့ဆောင်ဖို့ Drone ထားရှိမယ်လို့ ပို့ဆောင်ရေး ဝန်ကြီး ဖြစ်သူ Grant Shapps က သူ့ရဲ့ ဒေါင်းနင်းလမ်း ကိုရိုနာ ဗိုင်းရစ် ဆိုင်ရာ ဆွေးနွေးချက်မှာ ပြောသွားခဲ့ပါတယ်။သူ့အနေနဲ့ လက်ရှိမှာ ဆေးပစ္စည်းများ ပို့ဆောင်ဖို့ Drone များကို Green Light သို့ ပေးအပ်ပြီးပြီလို့လဲသိရပါတယ်။

 

24/04/2020. London, United Kingdom. Grant Shapps Covid-19 Presser 24/04. 10 Downing Street. Picture by Pippa Fowles / No 10 Downing Street

 

အဆိုပါ Drone များကို လက်ရှိမှာ စမ်းသပ်နေပါပြီ နောက်ပိုင်းတွင် ပိုမိုတွင်ကျယ်လာအောင်အသုံးပြုသွား မယ်သိရပါတယ်။Drone တွေကိုမြေပုံထည့်ထားတဲ့ ဖန်သား စကရင် တစ်ခုကနေထိန်းချုပ်နေမှာပါ ပစ္စည်းတင်မယ် ထိုပစ္စည်းတွေကို ပေးပို့မယ် လက်ခံရရှိကြောင်း ပေးပို့တဲ့ ဘက်က အကြောင်းပြန်ရင် Drone ကို ပြန်ခေါ်မယ်။

 

ရောဂါ ကူးစက်မှာ လဲ စိတ်မပူရတော့ သလို လူသားအစားထိုး စက်များ အသုံးချတာဟာ အတော်လေး အဆင်ပြေပါတယ် ထို့အပြင် Rate အားဖြင့်တွက်ရင်လဲ အကုန်အကျ အားဖြင့် အတော်လေး ကာမိမှာပါ တကယ်တန်းမှာ ကိုရိုနာ ကာလ ဟာ လအားဖြင့် ကြာမြင့်နိုင်သလို ဘယ်အချိန်ပြီးမယ်ဆိုတာ တပ်အပ်ပြောလို့ မရသေးပါဘူး။

 

Grant Shapps ထပ်မံ ပြောကြားချက် အရ ဒီနှစ်စမှာ ကျွန်တော်တို့ အနေနဲ့ ဆောက်တန်သန် နဲ့ ပို့စ်မောက် တို့ကို Drone နဲ့ ပစ္စည်းပို့ပြ ခြင်းအားဖြင့် ပေါင်စတာလင် ၂၈ မီလီယံ ရရှိခဲ့ပါတယ် ဒီတော့ အခုအချိန်မှာ Drone နဲ့ ပို့ဆောင်ရေးလုပ်ငန်း တိုးတက်စေရေး ဒီနှစ်ထဲမှာပဲ တိုးတက်ဖို့ ပေါင်စတာလင် ၈ မီလီယံ စမ်းသပ်ဖို့ အသုံးပြု ထားပါတယ်သိရပါတယ်။

 

Cool Business Uses for Commercial Drones

 

နောက်ပိုင်းမှာ ထို Drone များခေတ်စားလာရင် ပစ္စည်းပို့ဖို့ လူတွေ မလိုအပ်တော့ပါဘူး ကမ္ဘာ့ ကပ်ရော ဂါ ဖြစ်ပွား မှု့က အခက် တွေ့စေချင်းအလို့ဌာ လူတွေအနေနဲ့ နည်းပညာ ပိုင်းကို ပိုမို အားကိုးလာကြသလို ဉာဏ်နီဉာဏ်နက်ထွက်လာကြပါတယ် ဒါဟာ ပို့ဆောင်ရေး နည်းပညာ အတွက် သတင်းကောင်းတစ်ခုပါပဲ။

 

<<< Zawgyi >>>

 


----------------------------

 


 


 


 


 


 


 


 

နောက်ပိုင်းမှာ ထို Drone များခေတ်စားလာရင် ပစ္စည်းပို့ဖို့ လူတွေ မလိုအပ်တော့ပါဘူး ကမ္ဘာ့ ကပ်ရော ဂါ ဖြစ်ပွား မှု့က အခက် တွေ့စေချင်းအလို့ဌာ လူတွေအနေနဲ့ နည်းပညာ ပိုင်းကို ပိုမို အားကိုးလာကြသလို ဥာဏ်နီဥာဏ်နက်ထွက်လာကြပါတယ် ဒါဟာ ပို့ဆောင်ရေး နည်းပညာ အတွက် သတင်းကောင်းတစ်ခုပါပဲ။

 

Ref : BBC 

Read times
Rate this item
(0 votes)