Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


lockdown မှာ ဘာတွေ ဝယ်ကြသလဲ

 

ကိုဗစ်ကြောင့်  lockdown ချမည့်ကာလ အနှေးနှင့် အမြန် ရောက်လာတော့မည်ဆိုသောအခါ

လူအများတို့ ဘာတွေကို အလုအယက် ဝယ်ယူခဲ့ကြသလဲ။

 

အမေရိကန်ပြည်ထောင်စု၌ အိမ်သာစက္ကူ၊ မက္ကဆီကိုတွင် ဘီယာ၊ ပြင်သစ်မှာ ဂျုံမှုန့်ဖြစ်သည်။ စတိုးဆိုင်များတွင် လက်ကျန်မရှိ စင်ပေါ်မှာ ပြောင်တလင်းခါအောင် ရောင်းကုန်သွားသော 

ပစ္စည်းများက ကမ္ဘာပေါ်ရှိ လူအများတို့ coronavirus ကြောင့် lockdown ကာလကို  မည်သို့ရင်ဆိုင်ဖြေရှင်းကြောင်း ဖော်ပြသည်။

 

၂၀၂၀ ပြည့်နှစ်တွင် ဆန်းဆန်းပြားပြား ရှားပါးပြတ်လပ်မှု အဖြစ်ဆုံးမှာ အာဖဂန်နစ္စတန်ဖြစ်သည်။ ထိုတွင် မုတ်ဆိတ်မွေးများဖြင့် မွေးလာသည့် မွေးကင်းစကလေးငယ်က လက်ဖက်ရည်ကြမ်း သောက်ကြဖို့ အကြံပေးသည်ဟု ကောလဟာလ ထွက်ပေါ်ရာလက်ဖက်ရည်ကြမ်းသောက်ဖို့ လက်ဖက်ခြောက် ဝယ်ရန် နီးရာဆိုင်များသို့ စုပြုံရောက်ရှိကြသည်။ဖေ့စ်ဘွတ်ခ်တွင် ကျယ်ကျယ်ပြန့်ပြန့် Share နေသော အရှေ့ပိုင်းနန်ဂရားပြည်နယ်မှကလေး၏ရုပ်ပုံနှင့်အတူ "ငါ့အသက်က ၂ နာရီပဲ ခံမယ်။ လက်ဖက်ရည်ကြမ်းသည် ဤဗိုင်းရပ်စ်ပိုးကို ကုသပေးကြောင်း မင်းတို့ကို ငါလာပြောတာ" ဟု စာတန်း ဖော်ပြထားသည်။ လူတွေ လက်ဖက်ခြောက်ကို အပြေးအလွှား အလုအယက် ဝယ်ယူကြရာလက်လက်ခြောက် ဈေး ၃ ဆ တက်သွားသည်။

 

မက္ကဆီကိုတွင် ဘီဘာနှင့် အလွန်ပြင်းသော မက္ကဆီကို ချက်အရက်ကို အလုအယက် ဝယ်ယူစုဆောင်းကြသည်။ သူတို့လုပ်ရပ် မှန်သည်။ lockdown ချသောအခါ ဘီယာနှင့် အရက်ချက်စက်ရုံများ အလုပ်ပိတ်ထားကြရပြီး ထုတ်လုပ်မှု ရပ်ဆိုင်းသွားသည်။ တိုက်တိုက်ဆိုင်ဆိုင်မှာ  မက္ကဆီကို နာမည်ကြီးဘီဘာအမှတ်တံဆိပ်အမည်မှာ Corona ဟူ၍ ဖြစ်ပေရာ  ဗိုင်းရပ်စ်အမည် ဖြစ်နေသည်။

 

သီရိလင်္ကာနိုင်ငံသည် lockdown စတင်သည့်  မတ်လ ၂၀ ရက်မှာ အရက်နှင့် စီးကရက် ရောင်းချခြင်းကို လုံးဝပိတ်ပင်သည်။ ထိုအခါ အိမ်မှာ အရက်ချက်ကုန်ကြသည်။ အဓိက ကုန်ကြမ်းဖြစ်သည့် သကြား တအားရောင်းကောင်းသွားစေခဲ့သည်။ ဒေသအခေါ်အဝေါ် ကက်ဆီပူ ဟု ခေါ်ကြသည့် အိမ်တွင်းဖြစ် အရက်ဖြင့် အာသာဖြေကြသည်။ အရက်ဆိုင်ရှင်အချို့က ဆိုင်ကို ဖောက်ထွင်းလုယက်ခံရပါသည်ဟု ပြောဆိုကာ ဆိုင်မှ လက်ကျန် အရက်ပုလင်းများ မှောင်ခို ထုတ်ရောင်းလိုက်ကြသည်။

 

အီရတ်တွင် အိမ်၌နေခြင်းသည် ခါတိုင်းထက် ပိုရှည်ကြာနေသော နေ့လည်ခင်းကို  ရုပ်မြင်သံကြားကြည့်ခြင်း၊ ဆွေမျိုးများနှင့်စကားပြောခြင်းတို့ ဖြင့် ကုန်လွန်စေကြရာ၌ တီဗီကြည့်ရင်း၊ စကားပြောရင်း စားကြသည့် ဆားဖြင့် လှော်သည့် နေကြာစေ့များ အဝယ်လိုက်သည်။ စူပါမားကက်များတွင် သွားရည်စာ နေကြာစေ့ ပြတ်လပ်ကုန်သည်။

 

အချို့သူတို့သည် မိမိတို့ကိုယ်ခံအားကို မြှင့်တင်ပေးခြင်းဖြင့် မိမိတို့ကိုယ်ကိုကာကွယ်ရန် အလို့ငှာ စားသောက်ကြသူများလည်း ရှိသည်။

 

မြန်မာမှာ တမာရွက်ကို စားကြသည်။ ရုရှားမှာ ရိုးရာဆေးဘက်ဝင် အပင်ဖြစ်သော ခန်းတောက်ရွက်ကို စားကြသည်။

 

ဘူလ်ဂေးရီးယားတွင် လူများက ဂျင်းနှင့် လီမွန်များကို ကိုယ်ခံစွမ်းအားမြှင့်တင်ပေးသည်ဟု ယူဆကြပြီး အလုအယက် ဝယ်ယူကြသည်။

 

 

တူနီးရှားတွင်မူ ကြက်သွန်ဖြူကို ဆေးအဖြစ် စားဖို့ လိုက်လံဝယ်ယူကြသည်။

 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဤအိမ်သုံးဆေးမြီတိုများသည် coronavirus နှင့် ပတ်သက်၍ ဘာမျှမထူးဟု သတိပေးသည်ကို အရေးလုပ်သူ နည်းပါးသည်။ လူကြိုက်အများဆုံး ဖြေရှင်းသည့်နည်းလမ်းမှာ အဝေးကြီးဝေးနေပါသည်။

 

ပြင်သစ်၊ စပိန်၊ ဂရိနှင့် ဥရောပမှ အခြားဒေသများရှိ စူပါမားကက်များတွင် ဂျုံမှုန့်များ ရောင်းကောင်းသည်။ အိမ်မှာ နေရသည့်အခါ မုန့်ဖုတ်ဖို့ ၀◌ယ်ကြခြမ်းကြခြင်း ဖြစ်သည်။ မုန့်ဖုတ်ရာတွင် ထည့်ရသည့် ကုန်ကြမ်းပစ္စည်း အမျိုးမျိုး ရောင်းအားတက်ကုန်သည်။ရိုမေးနီးယားတွင် မုန့်လုပ်ရာတွင် သုံးသည့် တစေးသည် မှောင်ခိုရောင်းဝယ်သည့် ပစ္စည်း ဖြစ်သွားသည်။ 

 

အယ်လ်ဂျီးရီးယားတွင် ဂျုံမှုန့်ကို ‌ရွှေဂျုံမှုန့်ဟု တင်စားခေါ်ဝေါ်ကြသည်။ ခွဲတမ်းဖြင့်သာ ရရှိသည်။ 

 

အာဂျင်တီးနားတွင် ကြက်ဥ ဝယ်လိုအား တက်ပြီး ဈေးလည်း တက်သည်။ ယခင်က ကြက်ဥ အလုံး ၃၀ ကို ၁၆၀ ပီဆို ဈေးနှုန်း ရှိခဲ့ရာမှ ပီဆို ၂၄၀ ဖြစ်သွားသည်။

 

 

ကိုဗစ်ကပ်ဘေး လွန်မြောက်သောအခါ စာဖိုမှူး အများအပြားနှင့်အတူ မုန့်ဖုတ်သမား အများအပြားလည်း ပေါ်ထွက်လိမ့်မည်။

 

အမေရိကန်၌ ဗီတာမင် စီ အတွက် သံပုရာ၊ လိမ္မော်။ ရှောက်ချိုသီး အစရှိသော Citrus  မျိုးနွယ်ဝင် အသီးများ ရောင်းအားတက်သည်။ ကိုယ်ခံအား ကောင်းဖို့ ဗီတာမင် စီ ရရှိမည့် လိမ္မော်ရည်သည် နံနက်စာတွင် အခရာကျသည်။

 

ဗီယက်နမ်မှာ ကြက်သွန်မည်းကို စားကြသည်။

 

 

အင်ဒိုနီးရှားက သဘာဝ ဆေးဘက်ဝင် အပင်မှရသော ကုန်ကြမ်းများဖြင့် ဖော်စပ်သည့် ရိုးရာဆေးဝါး ဂျာဂျူကို အိမ်မှာ အလုံအလောက် ရှိနေအောင် ဝယ်ထားကြသည်။

 

လူအများစုအတွက် ဘယ်သောအခါမှာ ပြီးဆုံးမည် မသိရသော အိမ်မှာနေ နေ့ရက်များ အချိန်ကုန်လွန်စေရာ၌ ငြီးငွေ့ခြင်းနှင့်  စိတ်ဖိစီးမှုတို့မှ သက်သာရာရဖို့ အစးအစာဘက်သို့ လှည့်ကြသည်။ စားသုံးသူများသည် လွန်ခဲ့သောလအနည်းငယ်က လက်မရောက်ခဲ့သော သွားရည်စာများကို များများစားစား ဝယ်စားဖြစ်ကြသည်။ အစဉ်အလာအရ အစားအစာက စိတ်မှာ ဖြေသိမ့်မှုပေးသည်။

 

Zaegyi

 

တီး ဘီယာ ၾကက္သြန္ျဖဴ lockdown မွာ ဘာေတြ ဝယ္ၾကသလဲ

 

ကိုဗစ္ေၾကာင့္  lockdown ခ်မည့္ကာလ အေႏွးႏွင့္ အျမန္ ေရာက္လာေတာ့မည္ဆိုေသာအခါ လူအမ်ားတို႔ ဘာေတြကို အလုအယက္ ဝယ္ယူခဲ့ၾကသလဲ။

 

အေမရိကန္ျပည္ေထာင္စု၌ အိမ္သာစကၠဴ၊ မကၠဆီကိုတြင္ ဘီယာ၊ ျပင္သစ္မွာ ဂ်ဳံမႈန႔္ျဖစ္သည္။ စတိုးဆိုင္မ်ားတြင္ လက္က်န္မရွိ စင္ေပၚမွာ ေျပာင္တလင္းခါေအာင္ ေရာင္းကုန္သြားေသာ 

ပစၥည္းမ်ားက ကမာၻေပၚရွိ လူအမ်ားတို႔ coronavirus ေၾကာင့္ lockdown ကာလကို  မည္သို႔ရင္ဆိုင္ေျဖရွင္းေၾကာင္း ေဖာ္ျပသည္။

 

၂၀၂၀ ျပည့္ႏွစ္တြင္ ဆန္းဆန္းျပားျပား ရွားပါးျပတ္လပ္မႈ အျဖစ္ဆုံးမွာ အာဖဂန္နစၥတန္ျဖစ္သည္။ ထိုတြင္ မုတ္ဆိတ္ေမြးမ်ားျဖင့္ ေမြးလာသည့္ ေမြးကင္းစကေလးငယ္က လက္ဖက္ရည္ၾကမ္း ေသာက္ၾကဖို႔ အႀကံေပးသည္ဟု ေကာလဟာလ ထြက္ေပၚရာလက္ဖက္ရည္ၾကမ္းေသာက္ဖို႔ လက္ဖက္ေျခာက္ ဝယ္ရန္ နီးရာဆိုင္မ်ားသို႔ စုၿပဳံေရာက္ရွိၾကသည္။ေဖ့စ္ဘြတ္ခ္တြင္ က်ယ္က်ယ္ျပန႔္ျပန႔္ Share ေနေသာ အေရွ႕ပိုင္းနန္ဂရားျပည္နယ္မွကေလး၏႐ုပ္ပုံႏွင့္အတူ "ငါ့အသက္က ၂ နာရီပဲ ခံမယ္။ လက္ဖက္ရည္ၾကမ္းသည္ ဤဗိုင္းရပ္စ္ပိုးကို ကုသေပးေၾကာင္း မင္းတို႔ကို ငါလာေျပာတာ" ဟု စာတန္း ေဖာ္ျပထားသည္။ လူေတြ လက္ဖက္ေျခာက္ကို အေျပးအလႊား အလုအယက္ ဝယ္ယူၾကရာလက္လက္ေျခာက္ ေဈး ၃ ဆ တက္သြားသည္။

 

မကၠဆီကိုတြင္ ဘီဘာႏွင့္ အလြန္ျပင္းေသာ မကၠဆီကို ခ်က္အရက္ကို အလုအယက္ ဝယ္ယူစုေဆာင္းၾကသည္။ သူတို႔လုပ္ရပ္ မွန္သည္။ lockdown ခ်ေသာအခါ ဘီယာႏွင့္ အရက္ခ်က္စက္႐ုံမ်ား အလုပ္ပိတ္ထားၾကရၿပီး ထုတ္လုပ္မႈ ရပ္ဆိုင္းသြားသည္။ တိုက္တိုက္ဆိုင္ဆိုင္မွာ  မကၠဆီကို နာမည္ႀကီးဘီဘာအမွတ္တံဆိပ္အမည္မွာ Corona ဟူ၍ ျဖစ္ေပရာ  ဗိုင္းရပ္စ္အမည္ ျဖစ္ေနသည္။

သီရိလကၤာႏိုင္ငံသည္ lockdown စတင္သည့္  မတ္လ ၂၀ ရက္မွာ အရက္ႏွင့္ စီးကရက္ ေရာင္းခ်ျခင္းကို လုံးဝပိတ္ပင္သည္။ ထိုအခါ အိမ္မွာ အရက္ခ်က္ကုန္ၾကသည္။ အဓိက ကုန္ၾကမ္းျဖစ္သည့္ သၾကား တအားေရာင္းေကာင္းသြားေစခဲ့သည္။ ေဒသအေခၚအေဝၚ ကက္ဆီပူ ဟု ေခၚၾကသည့္ အိမ္တြင္းျဖစ္ အရက္ျဖင့္ အာသာေျဖၾကသည္။ အရက္ဆိုင္ရွင္အခ်ိဳ႕က ဆိုင္ကို ေဖာက္ထြင္းလုယက္ခံရပါသည္ဟု ေျပာဆိုကာ ဆိုင္မွ လက္က်န္ အရက္ပုလင္းမ်ား ေမွာင္ခို ထုတ္ေရာင္းလိုက္ၾကသည္။

အီရတ္တြင္ အိမ္၌ေနျခင္းသည္ ခါတိုင္းထက္ ပိုရွည္ၾကာေနေသာ ေန႔လည္ခင္းကို  ႐ုပ္ျမင္သံၾကားၾကည့္ျခင္း၊ ေဆြမ်ိဳးမ်ားႏွင့္စကားေျပာျခင္းတို႔ ျဖင့္ ကုန္လြန္ေစၾကရာ၌ တီဗီၾကည့္ရင္း၊ စကားေျပာရင္း စားၾကသည့္ ဆားျဖင့္ ေလွာ္သည့္ ေနၾကာေစ့မ်ား အဝယ္လိုက္သည္။ စူပါမားကက္မ်ားတြင္ သြားရည္စာ ေနၾကာေစ့ ျပတ္လပ္ကုန္သည္။

 

အခ်ိဳ႕သူတို႔သည္ မိမိတို႔ကိုယ္ခံအားကို ျမႇင့္တင္ေပးျခင္းျဖင့္ မိမိတို႔ကိုယ္ကိုကာကြယ္ရန္ အလို႔ငွာ စားေသာက္ၾကသူမ်ားလည္း ရွိသည္။

 

ျမန္မာမွာ တမာ႐ြက္ကို စားၾကသည္။ ႐ုရွားမွာ ႐ိုးရာေဆးဘက္ဝင္ အပင္ျဖစ္ေသာ ခန္းေတာက္႐ြက္ကို စားၾကသည္။

ဘူလ္ေဂးရီးယားတြင္ လူမ်ားက ဂ်င္းႏွင့္ လီမြန္မ်ားကို ကိုယ္ခံစြမ္းအားျမႇင့္တင္ေပးသည္ဟု ယူဆၾကၿပီး အလုအယက္ ဝယ္ယူၾကသည္။

 

တူနီးရွားတြင္မူ ၾကက္သြန္ျဖဴကို ေဆးအျဖစ္ စားဖို႔ လိုက္လံဝယ္ယူၾကသည္။

 

ကမာၻ႔က်န္းမာေရးအဖြဲ႕က ဤအိမ္သုံးေဆးၿမီတိုမ်ားသည္ coronavirus ႏွင့္ ပတ္သက္၍ ဘာမွ်မထူးဟု သတိေပးသည္ကို အေရးလုပ္သူ နည္းပါးသည္။ လူႀကိဳက္အမ်ားဆုံး ေျဖရွင္းသည့္နည္းလမ္းမွာ အေဝးႀကီးေဝးေနပါသည္။

 

ျပင္သစ္၊ စပိန္၊ ဂရိႏွင့္ ဥေရာပမွ အျခားေဒသမ်ားရွိ စူပါမားကက္မ်ားတြင္ ဂ်ဳံမႈန႔္မ်ား ေရာင္းေကာင္းသည္။ အိမ္မွာ ေနရသည့္အခါ မုန႔္ဖုတ္ဖို႔ ၀◌ယ္ၾကျခမ္းၾကျခင္း ျဖစ္သည္။ မုန႔္ဖုတ္ရာတြင္ ထည့္ရသည့္ ကုန္ၾကမ္းပစၥည္း အမ်ိဳးမ်ိဳး ေရာင္းအားတက္ကုန္သည္။႐ိုေမးနီးယားတြင္ မုန႔္လုပ္ရာတြင္ သုံးသည့္ တေစးသည္ ေမွာင္ခိုေရာင္းဝယ္သည့္ ပစၥည္း ျဖစ္သြားသည္။ 

 

အယ္လ္ဂ်ီးရီးယားတြင္ ဂ်ဳံမႈန႔္ကို ‌ေ႐ႊဂ်ဳံမႈန႔္ဟု တင္စားေခၚေဝၚၾကသည္။ ခြဲတမ္းျဖင့္သာ ရရွိသည္။ 

 

အာဂ်င္တီးနားတြင္ ၾကက္ဥ ဝယ္လိုအား တက္ၿပီး ေဈးလည္း တက္သည္။ ယခင္က ၾကက္ဥ အလုံး ၃၀ ကို ၁၆၀ ပီဆို ေဈးႏႈန္း ရွိခဲ့ရာမွ ပီဆို ၂၄၀ ျဖစ္သြားသည္။

 

ကိုဗစ္ကပ္ေဘး လြန္ေျမာက္ေသာအခါ စာဖိုမႉး အမ်ားအျပားႏွင့္အတူ မုန႔္ဖုတ္သမား အမ်ားအျပားလည္း ေပၚထြက္လိမ့္မည္။

 

အေမရိကန္၌ ဗီတာမင္ စီ အတြက္ သံပုရာ၊ လိေမၼာ္။ ေရွာက္ခ်ိဳသီး အစရွိေသာ Citrus  မ်ိဳးႏြယ္ဝင္ အသီးမ်ား ေရာင္းအားတက္သည္။ ကိုယ္ခံအား ေကာင္းဖို႔ ဗီတာမင္ စီ ရရွိမည့္ လိေမၼာ္ရည္သည္ နံနက္စာတြင္ အခရာက်သည္။

 

ဗီယက္နမ္မွာ ၾကက္သြန္မည္းကို စားၾကသည္။

 

အင္ဒိုနီးရွားက သဘာဝ ေဆးဘက္ဝင္ အပင္မွရေသာ ကုန္ၾကမ္းမ်ားျဖင့္ ေဖာ္စပ္သည့္ ႐ိုးရာေဆးဝါး ဂ်ာဂ်ဴကို အိမ္မွာ အလုံအေလာက္ ရွိေနေအာင္ ဝယ္ထားၾကသည္။

 

လူအမ်ားစုအတြက္ ဘယ္ေသာအခါမွာ ၿပီးဆုံးမည္ မသိရေသာ အိမ္မွာေန ေန႔ရက္မ်ား အခ်ိန္ကုန္လြန္ေစရာ၌ ၿငီးေငြ႕ျခင္းႏွင့္  စိတ္ဖိစီးမႈတို႔မွ သက္သာရာရဖို႔ အစးအစာဘက္သို႔ လွည့္ၾကသည္။ စားသုံးသူမ်ားသည္ လြန္ခဲ့ေသာလအနည္းငယ္က လက္မေရာက္ခဲ့ေသာ သြားရည္စာမ်ားကို မ်ားမ်ားစားစား ဝယ္စားျဖစ္ၾကသည္။ အစဥ္အလာအရ အစားအစာက စိတ္မွာ ေျဖသိမ့္မႈေပးသည္။

Read times
Rate this item
(0 votes)