Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သွေးလည်ပတ်မှု ကောင်းမွန်းအောင် စားသုံးပေးသင့်တဲ့ အစားအစာများ

ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့ နဲ့ သွက်သွက်လက်လက် ဖြစ်ဖို့အတွက် အဓိက အချက်တွေထဲက သွေးလည်ပတ်မှုကောင်းမွန်စေတဲ့ အကြောင်းအရာ များကို ဖော်ပြပေးမှာဖြစ်ပါတယ်။

 

ခန္ဓာကိုယ်မှာ သွေးအားနည်းနေတာဘဲ ဖြစ်ဖြစ် ၊ သွေးလည်ပတ်မှု မကောင်းတဲ့ အနေထားမှာဘဲ ဖြစ်ဖြစ် သွေးစီးဆင်မှု မကောင်းတော့ဘူးဆိုရင် သင့်ရဲ့ နှလုံးကို ထိခိုက်စေတက်ပါတယ်။ ဒါကြောင့် သွေးလည်ပတ်မှုကောင်းအောင် ဘယ်လိုမျိုးပြုမှုနေထိုင်သင့်လဲ ၊ ဘယ်လို အစားသောက်တွေကို ရွေးချယ်စားသုံးသင့်လဲ ဆိုတာ ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

 

ခန္ဓာကိုယ် သွေးလည်ပတ်မှု ကောင်းမှသာ ကျနော်တို့ ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ Organs တွေ ၊ အင်္ဂါအဖွဲ့အစည်းတွေ ၊ ဆဲလ်တွေ ၊ အသက်ရှင်နေထိုင်ဖို့ နဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။

 

သလဲသီး

သလဲသီးဟာဆိုရင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အထူးသဖြင့် ဆီးချို နှင့် သွေးချို ရှိတဲ့သူများအတွက်လည်း ပိုမိုကောင်းမွန်းစေပါတယ်။ ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။ လူခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အင်ဆူလင် ပမာဏ ကိုလည်း ထိန်းပေးပါတယ်။

 

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ ဆိုရင် အန်တီ အောက်စီဒင့် ၊ ဗိုက်တာမင် စီ များ ပါဝင်တဲ့အပြင် ခန္ဓာကိုယ် အိုမင်းရင်ရော်ခြင်းကို ကာကွယ်ပေးတယ် ၊ အရေပြားအတွက်လဲ ကောင်းမွန်းစေတယ်။ ဒါ့အပြင် ခန္ဓာကိုယ် သွေးလည်ပတ်မှုအတွက်လည်း ကောင်းမွန်စေပါတယ်။

 

ဖရဲသီး

ဖရဲသီးမှာ ရေဓာတ်များစွာပါဝင်ပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဖရဲသီးကို စားပေးခြင်းဖြင့် စိတ်မှာ လန်းဆန်းမှု ၊ တက်ကြွမှု တွေကိုလည်း ဖြစ်စေပါတယ်။ ဖရဲသီးမှာ အမျှင်ဓာတ်များစွာပါဝင်ပြီး အစာအိမ် နဲ့ အူလမ်းကြောင်းအဖွဲ့အစည်း ၊ အညစ်ကြေးစွန့်အဖွဲ့အစည်း များအတွက်လည်း အထောက်ကူဖြစ်စေပါတယ်။

 

နဂါးမောက်သီး

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် စီ ၊ သတ္တုဓာတ်တွေ ၊ မင်နရလ်တွေ စတဲ့ သတ္တုဓာတ် များစွာပါဝင်ပါတယ်။ နဂါးမောက်သီးမှာ အမျှင်ဓာတ်တွေလည်းများစွာ ပါဝင်ပါတယ်။ ဒါ့အပြင် အစာခြေခြင်း ၊ အစာစွန့်ပစ်ခြင်း ၊ အင်တီအောက်ဆီဒင့်ကိုလဲ အထောက်ကူပေးတယ်။ အိုမင်းရင့်ရော်ခြင်း ၊ အသားရေ ကျန်းမာရေး နှင့် သွေးလည်ပတ်မှုတွေကိုလည်း ကောင်းမွန်စေပါတယ်။

 

ငှက်ပျော်သီး

ငှက်ပျော်သီးမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အာဟာရဓာတ်များ ၊ ခန္ဓာကိုယ်လှုပ်ရှားသွားလာခြင်း အတွက် စွမ်းအင်များ ၊ သတ္တုဓာတ်များ ပါဝင်တာကြောင့် ခန္ဓာကိုယ်သွေးလည်ပတ်မှုအတွက် စားသုံးပေးဖို့ အထူးသင့်လျော်ပါတယ်။ 

 

ခန္ဓာကိုယ်သွေးလည်ပတ်မှုအတွက် အသီးများစားသုံးခြင်းအပြင် တခြား ဘာတွေလှုပ်သင့်လည်းဆိုရင် ရေ သောက်ဖို့ပဲ ဖြစ်ပါတယ်။ တချို့ အားကစားပြုသူများ ၊ နေပူထဲတွေသွားရတာကြောင့် ချွေးမာျးအလွန်ထွက်ခြင်း သူများအနေဖြင့် ရေ ကို ပိုမို သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

 

ဒါပြင် ခန္ဓာကိုယ်သွေးလည်ပတ်မှု ကောင်းမွန်စေဖို့အတွက် သင့်တင့်မျှတတဲ့ ကိုယ်လက် လှုပ်ရှားခြင်း ၊ အပေါ့စာ ပြေးခြင်း နှင့် လမ်းလျောက်တာတွေကို ပြုလုပ်ပေးမှသာ ခန္ဓာကိုယ်မှာ ပေါ့ပါးမယ် ၊ လန်းဆန်းမယ် ၊ သွေးလည်ပတ်မှုတွေကို ကောင်းစေမှာလည်း ဖြစ်ပါတယ်။

 

Ref; ဒေါက်တာမင်းထင်အောင်

Read times
Rate this item
(0 votes)