Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


လက်ဖက်စိမ်း ကို ဘယ်လိုဖျော်မလဲ

Unicode


လက်ဖက်စိမ်း ကို ဘယ်လိုဖျော်မလဲ


လက်ဖက်စိမ်းကိုပုံစံအမျိုးမျိုး ဖြင့်သောက်သုံးကြပါသည်။

 

ကျန်းမာရေးနှင့် အလွန်အထောက် အကူပြုသော်လည်းအိပ်ရာဝင်ခါနီးသောက်သုံးရန်တော့ မသင့်လျှော်ပါ။ လက်ဖက်စိမ်းဖျော်ပုံဖျော်နည်းကိုလည်းဗဟုသုတရအောင်တင်ပြလိုက်ပါသည်။


Legal Consultants အစားအေသာက္အႀကံေပးအဖြဲ႔ေပါင္း ၁၄၂ ကို ရွာရန္ႏွိပ္ပါ။
 

လက်ဖက်စိမ်းဖျော်သောက်နည်းမှာအလွန်လွယ်ကူပါသည်။ ရေနွေးခွက်၊ လက်ဖက်ခြောက်စစ်တံ၊ ရေနွေးကြမ်းဖျော်သည့် ကြွေခွက် တို့ရှိလျှင်ရပါသည်။ ရေနွေးကြမ်းသောက်ရန် ကိရိယာ အစုံကိုလည်းဝယ်နိုင်ပါသည်။

 

၁။ သန့်ရှင်းသောရေနွေးခွက်များကိုယူ၍ ရေနွေးပူပူဖြင့်အပူပေးလိုက်ပါ။ လက်ဖက်စိမ်းကို အများအားဖြင့် ဖန်ခွက်ကိုအသုံးပြုကြသည်။ အကြောင်းမှာ ရေနွေးကြမ်း အရောင်စိမ်းစိမ်းလေးဖြင့် မျက်စိ အရသာခံစားရအောင်ဖြစ်သည်။

 

၂။ လက်ဖက်စိမ်းခြောက် အနည်းငယ်ကို ဖျော်မည့်ခွက်တွင် ထည့်၍ ရေအပူချိန် ၈၀-၈၅ ဒီဂရီ စင်တီဂရိတ် ရှိသည့် ရေနွေးကိုအနေတော် ထည့်ပါ။ လက်ဖက်ရွက် ပိုနုပါက ၇၀ ဒီဂရီ စင်တီဂရိတ်ကျော်ကျော်လောက်မှ အသင့်တော်ဆုံးဖြစ်သည်။


Fish & Prawn (Dried) Warehouses ငါးပုစြန္သုိေလွာင္႐ံုေပါင္း ၁၅၁ ခုကိုရွာရန္ႏွိပ္ပါ။

 

၃။ ပထမတစ်ရည်ကိုရေနွေးခွက်များဆေးရန် အသုံးပြုပါမည်။ ရေနွေးခွက်များ၏ မူလအပူကိုတိုးစေပြီးလက်ဖက်စိမ်း ရနံ့သင်းသင်းလေးထွက်ပေါ်လာပါလိမ့်မည်။

 

၄။ ရေနွေးထည့်ပြီးနောက် ၃-၅ မိနစ် လောက်တွင် အလွန် အရသာရှိသောလက်ဖက်စိမ်းကိုရရှိမည် ဖြစ်ပါသည်။ သောက်သုံးမည့် ခွက်ထဲတွင် ရေနွေးကြမ်းကိုသမမျှတအောင် ထည့်ပြီးနောက် ဧည့်ခံရန်အတွက်သော်လည်းကောင်း၊ သောက်သုံးရန်အတွက်သော်လည်းကောင်းအလွန်သင့်တော်ပါသည်။

 


Read More >>>>>     ဟိုတယ္အစားအေသာက္ထုတ္လုပ္ျခင္းႏွင့္ ၀န္ေဆာင္မႈေပးျခင္း အခမဲ့သင္တန္း

 

လက်ဖက်စိမ်းကို နိုင်ငံအနှံ့အပြားတွင် မတူညီသောပုံစံအမျိုး နှင့်သောက်သုံးကျပြီး တရုတ်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူစသည့်နိုင်ငံများတွင် အများဆုံးသောက်သုံးကြသည်။


Source : myanmar china

 

 

 

လက္ဖက္စိမ္း ကို ဘယ္လိုေဖ်ာ္မလဲ

 

လက္ဖက္စိမ္းကိုပံုစံအမ်ိဳးမ်ိဳး ျဖင့္ေသာက္သံုးၾကပါသည္။

 

က်န္းမာေရးႏွင့္ အလြန္အေထာက္ အကူျပဳေသာ္လည္းအိပ္ရာ၀င္ခါနီးေသာက္သံုးရန္ေတာ့ မသင့္ေလွ်ာ္ပါ။ လက္ဖက္စိမ္းေဖ်ာ္ပံုေဖ်ာ္နည္းကိုလည္းဗဟုသုတရေအာင္တင္ျပလိုက္ပါသည္။

 


Legal Consultants အစားအေသာက္အႀကံေပးအဖြဲ႔ေပါင္း ၁၄၂ ကို ရွာရန္ႏွိပ္ပါ။
 

လက္ဖက္စိမ္းေဖ်ာ္ေသာက္နည္းမွာအလြန္လြယ္ကူပါသည္။ ေရေႏြးခြက္၊ လက္ဖက္ေျခာက္္စစ္တံ၊ ေရေႏြးၾကမ္းေဖ်ာ္သည့္ ေၾကြခြက္ တို႕ရွိလွ်င္ရပါသည္။ ေရေႏြးၾကမ္းေသာက္ရန္ ကိရိယာ အစံုကိုလည္း၀ယ္ႏိုင္ပါသည္။

 

၁။ သန္႕ရွင္းေသာေရေႏြးခြက္မ်ားကိုယူ၍ ေရေႏြးပူပူျဖင့္အပူေပးလိုက္ပါ။ လက္ဖက္စိမ္းကို အမ်ားအားျဖင့္ ဖန္ခြက္ကိုအသံုးျပဳၾကသည္။ အေၾကာင္းမွာ ေရေႏြးၾကမ္း အေရာင္စိမ္းစိမ္းေလးျဖင့္ မ်က္စိ အရသာခံစားရေအာင္ျဖစ္သည္။

 

၂။ လက္ဖက္စိမ္းေျခာက္ အနည္းငယ္ကို ေဖ်ာ္မည့္ခြက္တြင္ ထည့္၍ ေရအပူခ်ိန္ ၈၀-၈၅ ဒီဂရီ စင္တီဂရိတ္ ရွိသည့္ ေရေႏြးကိုအေနေတာ္ ထည့္ပါ။ လက္ဖက္ရြက္ ပိုႏုပါက ၇၀ ဒီဂရီ စင္တီဂရိတ္ေက်ာ္ေက်ာ္ေလာက္မွ အသင့္ေတာ္္ဆံုးျဖစ္သည္။

 


Fish & Prawn (Dried) Warehouses ငါးပုစြန္သုိေလွာင္႐ံုေပါင္း ၁၅၁ ခုကိုရွာရန္ႏွိပ္ပါ။

 

၃။ ပထမတစ္ရည္ကိုေရေႏြးခြက္မ်ားေဆးရန္ အသံုးျပဳပါမည္။ ေရေႏြးခြက္မ်ား၏ မူလအပူကိုတိုးေစၿပီးလက္ဖက္စိမ္း ရနံ႕သင္းသင္းေလးထြက္ေပၚလာပါလိိမ့္မည္။

 

၄။ ေရေႏြးထည္႔ၿပီးေနာက္ ၃-၅ မိနစ္ ေလာက္တြင္ အလြန္ အရသာရွိေသာလက္ဖက္စိမ္းကိုရရွိမည္ ျဖစ္ပါသည္။ ေသာက္သံုးမည့္ ခြက္ထဲတြင္ ေရေႏြးၾကမ္းကိုသမမွ်တေအာင္ ထည့္ၿပီးေနာက္ ဧည့္ခံရန္အတြက္ေသာ္လည္းေကာင္း၊ ေသာက္သံုးရန္အတြက္္ေသာ္လည္းေကာင္းအလြန္သင့္ေတာ္ပါသည္။

 


Read More >>>>>     ဟိုတယ္အစားအေသာက္ထုတ္လုပ္ျခင္းႏွင့္ ၀န္ေဆာင္မႈေပးျခင္း အခမဲ့သင္တန္း

 

လက္ဖက္စိမ္းကို ႏိုင္ငံအႏွံ႕အျပားတြင္ မတူညီေသာပံုစံအမ်ိဳး ႏွင့္ေသာက္သံုးက်ၿပီး တရုတ္၊ ဂ်ပန္၊ ကိုရီးယား၊ မေလးရွား၊ စင္ကာပူစသည့္ႏိုင္ငံမ်ားတြင္ အမ်ားဆံုးေသာက္သံုးၾကသည္။

 

Source : myanmar china

Read times Last modified on Tuesday, 25 February 2020 16:54
Rate this item
(1 Vote)