Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


စပျစ်သီးစေ့အဆီ၏ အကျိုးကျေးဇူးများ

ဝိုင်ထုတ်လုပ်ရာမှ ဘေးထွက်ပစ္စည်းတစ်ခုဖြစ်သော စပျစ်သီး အစေ့အဆီတွင် အိုမီဂါ-၆ ဖက်တီးအက်စစ် ကြွယ်ဝစွာ ပါဝင်ပြီး ဆံကေသာနှင့် အသားအရေအတွက် အသုံးပြုနိုင်ကာ ဟင်းချက်ရာတွင်လည်း အသုံးပြုနိုင်သည်။

 

စပျစ်သီးအစေ့အဆီကို သဘာဝအလှကုန်အဖြစ် အသုံးပြုပြီး ကျန်းမာရေးနှင့်ညီသော ဟင်းချက်ဆီအဖြစ်လည်း သုံးနိုင်သည်။

 

စပျစ်သီးအစေ့အဆီ၏ ကျန်းမာရေးအကျိုးကျေးဇူးများသည် အငြင်းပွားဖွယ်ဖြစ်နေပြီး ယင်းသည် အဆီထုတ်လုပ်ပုံကြောင့်ဖြစ် သည်။ စပျစ်သီးအစေ့အဆီထုတ်လုပ်ရာ၌ ဓာတုပစ္စည်းများမသုံး ထားသော အဆီဖြစ်ရန်လိုသည်။

 

ယင်းကဲ့သို့ ဓာတုပစ္စည်းများ သုံးထားခြင်းမရှိသော စပျစ်သီး အဆီများတွင် အိုမီဂါ-၆ ဖက်တီးအက်စစ်အများစု ပါဝင်ပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်သည်။

 

ယင်းဖက်တီးအက်စစ်များက ကိုလက်စထရောကို လျော့ကျ စေပြီး နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်များကို လျှော့ချပေး သည်။

 

သို့သော် အကောင်းဆုံး အကျိုးကျေးဇူးများ ရရှိနိုင်ရန် အိုမီဂါ -၆ ဖက်တီးအက်စစ်နှင့် အိုမီဂါ-၃ ဖက်တီးအက်စစ်ကို သေချာစွာ ဟန်ချက်ညီမျှအောင် လုပ်ဆောင်ရန်လိုသည်။

 

လူများစုသည် အိုမီ ဂါ-၆ ဖက်တီးအက်စစ်ကို ပိုမိုရရှိရန် လွယ်ကူပြီးအိုမီဂါ-၃ ဖက်တီး အက်စစ်ရရှိမှု နည်းပါးသည်။

 

အိုမီဂါ-၆ ဖက်တီးအက်စစ်များလွန်းပါက ကင်ဆာအပါအဝင် ပြင်းထန်သော ရောဂါများဆီသို့ ဦးတည်သွားနိုင်ကြောင်း လေ့လာမှုက ဖော်ပြသည်။

 

စပျစ်သီးအစေ့အဆီတွင် သံလွင်ဆီထက်ပင် ဗီတာမင်အီး ကြွယ်ဝစွာပါဝင်သဖြင့် မှတ်ဉာဏ်ဆုံးရှုံးမှုကို ကာကွယ်နိုင်သည်။

 

အလှကုန်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီများက ယင်းတို့၏ အသားအရေထုတ်ကုန်နှင့် ဆံကေသာ ထုတ်ကုန်များအတွက် စပျစ် သီးအစေ့အဆီကို အသုံးပြုသည်။

 

Read More >>>>>  ဖန်ခါးသီး၏ အကျိုးကျေးဇူးများ

 

စပျစ်သီးအစေ့အဆီကို အသားအရေစိုပြည်စေရန်၊ ဝက်ခြံ ပျောက်စေရန်၊ အသားအရေလင်းလက်စိုပြည်စေရန်၊ အမာရွတ် လျော့ပါးစေရန်နှင့် မိတ်ကပ်ဖျက်ရန် အသုံးပြုကြသည်။

 

စပျစ်သီးအစေ့အဆီကို ထိပ်ပြောင်ခြင်းအတွက် သဘာဝကု ဆေးအဖြစ် အသုံးပြုပြီး ဆံပင်ပိုသန်စေရန်နှင့် အသားအရေနုပျို စေရန် အသုံးပြုသည်။

 

Source: 7 day daily

Read times Last modified on Friday, 12 October 2018 16:43
Rate this item
(1 Vote)