Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သတင်းစာများဖြင့် ဆီကြော် အစားအသောက်တွေကို ထုပ်ပိုးတဲ့ အန္တရာယ်


တချို့ ဆီများတဲ့ အစားအသောက်တွေဆို ဥပမာ - ကြက်ကြော် ၊ အာလူးကြော် စတာတွေကို ဆီခံကာ သတင်းစာတွေနဲ့ ထည့်ကြတာ အတော်များများ တွေ့ရပါတယ် ထိုအချင်းအရာက အခုမှ စတင်ထည့်တာ မဟုတ်ပါဘူး အရင်ကတည်းက ထည့်သွင်း ကြတာပါ။

 

တကယ်တန်းမှာ ပြောရရင်တော့ ထိုသို့ သတင်းစာ ကိုအစားအသောက်တွေကြားမှာ အောက်ခံ အဖြစ်ထည့်သွင်း ခြင်းက အစားအစာကို မသန့်ရှင်းစေပါဘူး ဘာလို့ဆို ၎င်း သတင်းစာက ဘယ်က လာတဲ့ သတင်းစာမှန်းမသိ အတော်လေးတွေးကြည့်ရင်တောင် ရွံစရာပါပဲ။

 

သတင်းစာတင်မကပါဘူး အခြား ဂျာနယ်များ ဆိုရင်လဲ ဆီစစ်ဖို့အတွက် အစားအသောက်တွေအောက်ခံတာ မကောင်းပါဘူးထိုသတင်းစာ သို့ စာစောင်တွေမှာ ခဲပါပါတယ်ထို့အပြင် မှင်တွေလဲပါတယ်။ထိုခဲတွေ ၊ မှင်တွေက အစားအစာတွေကို အဆိပ်အတောက်ဖြစ်စေတယ်လို့ပြောရမယ်။

 

ဆီပါတဲ့ အစားအစာတွေက ထို ခဲတွေ မှင်တွေကို စုတ်ယူအားကောင်းလွန်းတယ် စားမိတဲ့ လူက အခုချက်ချင်းတော့မဖြစ်ဘူး နောက်တဖြည်းဖြည်းနဲ့ မှ ဝမ်းဗိုက်အတွင်းက ကလီဆာ တွေထိခိုက်လာတာမျိုးဖြစ်နိုင်ပါတယ်။

 

အကျယ်တဝင့် ရှင်းပြရရင် အစားအစာ လှုံခြုံရေးနှင့် သေးငယ်သော အမှုန်အမွှားများ လေ့လာရေးမှ ပါမောက္ခ ချာလ်း မှုဂျန်ဂျာပြောကြားချက်အရ ထို ခဲ ၊ နဲ့ မှင်တွေပါတဲ့ သင့်အစားအစာအောက်ခံ စာရွက်တွေမှာ ကာဗိုဟိုက်ဒရိုနဲ့ နပယ်သလင်းပါဝင်ပါတယ်။၎င်း ကယ်မီကယ်တွေက အဆုတ် ၊ ဆီးအိတ် စတာတွေကို များစွာ ဒုက္ခပေး ကာ နောက်ဆုံးတွင် ကင်ဆာရောဂါရရှိတဲ့ အခြေအနေအထိ ဖြစ်ပွားနိုင်ပါတယ်။

 

သည့်အပြင် ထိုကယ်မီကယ်တွေနဲ့ အစားအသောက်အပူနဲ့ တွေ့ရင် သူက ကျောက်ဖြစ်စေပါတယ်။WHO ရဲ့ ပြောကြားချက်အရ လူလတ်ပိုင်းတွေကတော့ ဒီအချင်းအရာက ကိစ္စ မရှိပါဘူး အသက်ကြီးပိုင်း ၅၅ နှစ်အထက်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေရယ် ကလေးအရွယ်တွေရယ်က ကင်ဆာရောဂါကို လျှင်မြန်စွာရစေနိုင်ပါတယ်။

 

အန္ဒိယ ရဲ့ရပ်ကွက်ငယ်လေးတွေမှာဆို စမှုဆာ စတဲ့ ဆီကြော်မှုန့်တွေကို အတော်လေး ကြော်ရောင်းပြီး သတင်းစာ ၊ ဂျနယ်တွေနဲ့ ထုတ်ကြတယ်ထိုရပ်ကွက်က ဆင်းရဲသား ရပ်ကွက်ဖြစ်လို့ ကင်ဆာ ရောဂါနဲ့ လူအသေ အပျောက်များတယ်ပြောကြတယ်။တကယ်တန်းမှာ ထိုဆီကြော်တွေကို သတင်းစာနဲ့ Pack လုပ်ထုတ်ပိုးတယ်ဆိုတဲ့ အဖြေကပေါ်မလာခဲ့ဘူး။

 

<<< Zawgyi >>>

 


----------------------------------------------------------------------------------------

 


 


 


 


 


 


 


 

Ref ; Food Ravel

Read times
Rate this item
(0 votes)