Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဆေးဟင်းတစ်ခွက်(သို့)ကဒတ်ဥ၊ မျောက်ဥ၊ တရုတ်မြေစာဥ(Chinese Yam)

ဆေးဟင်းတစ်ခွက်(သို့)ကဒတ်ဥ၊ မျောက်ဥ၊ တရုတ်မြေစာဥ(Chinese Yam) Google

တစ်ကျောင်းတဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို အမျိုးမျိုးခေါ်ဝေါကြပါတယ်။ ဟင်းချက်စားပုံခြင်းလည်း မတူကြသလို အသုံးပြုနည်းလည်း မတူကြပါဘူး။

 

အပင်မှာ နွယ်ပင်အမျိုးအစားဖြစ်ပြီး အရွက်မှာ အသည်းပုံရှည်မျောမျောပုံသဏ္ဍန်ရှိပါတယ်။ ဥမှာ ခပ်ရှည်ရှည်လုံးလုံးသဏ္ဍန်ရှိပြီး ပီလောပီနံဥနှင့် အတော်အတန်တူပါတယ်။ အရသာကတော့ ကပ်စေးစေး စပ်ရှားရှားနဲ့ ခံတွင်းအတော်လိုက်ပါတယ်။


အပူပိုင်းဒေသတွေမှာပေါက်ရောက်ပြီး မြန်မာပြည်နေရာအနှံမှာ ရနိုင်ပါတယ်။ ရန်ကုန်မှာဆို ဈေးတွေနဲ့ ကုန်တိုက်တွေမှာတွေ့ရပြီး ဈေးနှုန်းလည်းမကြီးပါ။ တရုတ်တွေရဲ့ တိုင်းရင်းရိုးရာဆေးအဖြစ်တောင် တွေ့မြင်နိုင်ပါတယ်။

 

တစ်ချို့က ဟင်းချိုချက်စားပါတယ်။ တစ်ချို့ကတော့ အသားနဲ့ဆီပြန်ချက်စားတယ်။ တစ်ချို့က ယိုထိုးစားတယ်။ တစ်ချို့က ပါးပါးလှီးပြီး အာလူးကြော်သလို ကြော်စားတယ်။ ဘယ်လိုပဲစားစား အလွန်စားကောင်းတဲ့ မြေစာဥတစ်မျိုးပါ။


ဘာအတွက်ကောင်းလဲဆိုရင် ကျောက်ကပ်ရောဂါအတွက် အထူးကောင်းမွန်တဲ့အပြင် -

 

၁)Energy ကိုမြှင့်တင်ပေးခြင်း

 

၂)ပင်ပန်းနွမ်းနယ်မှုကိုပျောက်စေခြင်း

 

၃)ရင်ကျပ်ပန်းနာကိုသက်သာစေခြင်း

 

၄)ချောင်းခြောက်ဆိုးခြင်းကိုပျောက်စေခြင်း

 

၅)သံကောင်တုတ်ကောင်များကိုဖယ်ရှားပေးခြင်း

 

၆)ကိုယ်အလေးချိန်လျှော့ချပေးခြင်း

 

၇)ဝမ်းတွင်းအပူအပုပ်များကိုဖယ်ရှားပေးခြင်း

 

၈)ဆီးကောင်းစေခြင်း

 

၉)အရိုးပွမှုကိုကာကွယ်ခြင်း

 

၁၀)သိုင်းရွိုက်ဟိုမုန်းရေချိန်ညှိပေးခြင်း

 

၁၁)သွေးတွင်းသကြားဓာတ်ကိုညှိပေးခြင်း

 

၁၂)သည်းခြေရောင်ရမ်းမှုမဖြစ်အောင်ကာကွယ်ခြင်း

 

၁၃)အူကျန်းမာရေးကိုစောင့်ရှောက်ခြင်း


၁၄)အတွင်းကြေမှုများကိုပြန်ကောင်းစေခြင်း

 

၁၅)ကင်ဆာဆဲလ်များကိုသတ်ပေးခြင်း

 

၁၆)စိတ်ခံစားမှု၊မငြိမ်သက်မှုများကိုကောင်းစေခြင်း

 

၁၇)အစာကြေစေခြင်း

 

၁၈)နာတာရှည်ဝမ်းလျောမှုကိုပျောက်စေခြင်း

 

၁၉)သွေးဆုံးကိုင်ခြင်းကိုသက်သာစေခြင်း

 

၂၀)အသရိုက်တစ်ကိုသက်သာစေခြင်း

 

၂၁)ဇီဝကမ္မဖြစ်စဉ်ကိုထိန်းပေးခြင်း

 

၂၂)ဗိုက်ကြွက်သားလိပ်တက်ခြင်းကိုကာကွယ်ခြင်း

 

၂၃)တစ်သျူးအသစ်များမွေးပေးခြင်း

 

၂၄)အဆစ်အမျက်နာကျင်ကိုက်ခဲမှုကိုသက်သာစေခြင်း

 

၂၅)ကော်လက်စတြောရေချိန်ကိုညှိပေးခြင်း

 

၂၆)အင်တီအောက်ဆိဒင့်ကြွယ်ဝခြင်း

 

၂၇)အရွက်ရည်ကမြွေကင်းအဆိပ်ကိုပင်ဖြေပေးနိုင်ခြင်း စသည်ဖြင့် လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေအများကြီး ရရှိစေပါတယ်။

 

အိမ်ရှင်မများ ဉာဏ်ရှိသလို ချက်ပြုတ်စားသုံးရင်း မိသားစုဝင်များ ကျန်းမာကြပါစေ။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)