Food & Health



ထိုင်းမှာ လမ်းဘေးဈေးရောင်းစက်ဖြင့် ကာရ်တုန်မ်တီး ရောင်းချခြင်းအပေါ် စိုးရိမ်မှုများရှိနေ

ထိုင်းမှာ လမ်းဘေးဈေးရောင်းစက်ဖြင့် ကာရ်တုန်မ်တီး ရောင်းချခြင်းအပေါ် စိုးရိမ်မှုများရှိနေ

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

 

ကာရ်တုန်မ်တီးကို မြန်မာတွင် ဘိန်းစာပင် ဟုခေါ်ကြသည့် ကာရ်တုန်မ် Kratom အပင်၏ အရွက်ဖြင့် ထုတ်လုပ်ထားသည်။

 

အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေး ညွှန်ကြားမှုဦးစီးဌာန ရေးအဖွဲ့ Drug Enforcement Administration (DEA) ၏ အဆိုအရ ကာရ်တုန်မ်တီးသည် စိတ်ပိုင်းဆိုင်ရာတွင် စိတ်ကြွ‌ေစသော ဂုဏ်သတ္တိများ ရှိသည့် ဘိန်းစားပင်၏ အရွက်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အရွက်များသည် လှုံ့ဆော်မှု အာနိသင်များ ထုတ်ပေးနိုင်သည်။ 

 

DEA ၏ အချက်အလက်စာရွက်အရ ကာရ်တုန်မ်တီးကို အနည်းအကျဉ်း သုံးစွဲပါက စိတ်မှာ နိုးကြားနေပြီး ရင်ထိတ်လွယ်သည်။ အားအင်အပြည့် ဖြစ်နေသည့်နှယ် ခံစားမိစေသည်။ အာရွှင်နေပြီး စကားများသည်။ 

 

ကာရ်တုန်မ်တီး အများအပြား သောက်သုံးပါက စိတ် ငြိမ်ကျသွားသည်။ မူးယစ်ဆေးကဲ့သို့ စွဲလမ်းစေနိုင်သည်ဟု DEA က သတိပေးထားသည်။

ထိုင်းတွင် ကာရ်တုန်မ် သုံးစွဲခြင်းကို ယခင်က ပိတ်ပင်ထားခဲ့ပြီး ၂၀၂၁ တွင် တားမြစ်စာရင်းမှ ဖယ်ရှားပေးခဲ့သည်။ 

ထိုင်းတွင် လမ်းဘေးဈေးရောင်းစက်ဖြင့် အဖျော်ယာမကာ အမျိုးမျိုး ရောင်းချလျက်ရှိရာ၌ ချဉ်ပေါင်တီး၊ ဂန္ဓမာတီး၊ ကာရ်တုန်မ်တီး အစရှိသည်တို့ ပါဝင်သည်။ တခွက်ကို ၁၀ ဘတ်ဖြင့် ရောင်းချသည်။ ကာရ်တုန်မ်တီးသည် ရောင်းအား အကောင်းဆုံး ဖြစ်နေသဖြင့် ကာရ်တုန်မ် စွဲလမ်းသူများ များလာခြင်း ဖြစ်မည်ဟု စိုးရိမ်မကင်း ဖြစ်ကြသည်။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Monday, 23 October 2023 19:54
Rate this item
(0 votes)