Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


foodpanda တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လူမှုအကျိုးပြုလုပ်ငန်းများတွင်ပါ၀င်လှူဒါန်း

အာရှပစိဖိတ်တစ်ဝှမ်းရှိ ထိပ်တန်း အွန်လိုင်းအစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သော foodpanda သည် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး အောင်မြင်စွာ

ဝန်ဆောင်မှုပေးအပ်နိုင်ခဲ့သည့် တစ်နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် COVID-19 ကာကွယ်တိုက်ဖျက်ရေးအတွက် လိုအပ်သောနေရာများတွင် ငွေသားလှူဒါန်းခြင်း၊ မိတ်ဖက်စားသောက်ဆိုင်များနှင့် ပူးပေါင်းပြီး အစားအသောက်များလှူဒါန်းခြင်းတို့အပြင် သုံးစွဲသူများအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော တေးဂီတဖျော်ဖြေမှုနှင့် အစားအသောက်ပွဲတော်တို့ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပထုတ်လွှင့်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃ ရက်နေ့မှ တရားဝင် စတင်မိတ်ဆက်ဝင်ရောက်ခဲ့သည့် foodpanda သည် အသုံးပြုများအနေဖြင့် နှစ်သက်ရာအစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများကို အဆင်ပြေ လျှင်မြန်စွာနှင့် လုံခြုံစိတ်ချစွာ ဝယ်ယူရရှိနိုင်ရန် ၄င်း၏ ပလက်ဖောင်းပေါ်၌ စားသောက်ဆိုင် ထောင်ပေါင်းများစွာ တိုးချဲ့ခဲ့သည်။

“အခုလို မြန်မာနိုင်ငံမှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ အရမ်းပဲ ရင်ခုန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်ရပါတယ်။ ကျွန်တော်တို့အနေနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ လှူဒါန်းခြင်းတွေအပြင် မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အသုံးပြုသူတွေ၊ မိတ်ဖက်စားသောက်ဆိုင်တွေနဲ့ riders တွေကို အသိအမှတ်ပြုဂုဏ်ပြုတဲ့ အနေနဲ့ ဆုငွေတွေနဲ့ အမှတ်တရလက်ဆောင်ပေးအပ်တဲ့ အစီအစဥ်တွေ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာလည်း အသုံးပြုသူတွေအတွက် promotion အစီအစဥ်တွေနဲ့ တခြား ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အစီအစဥ်တွေအများကြီး လုပ်ဆောင်သွားဖို့ရှိပါတယ်။ အခုအချိန်မှာတော့ အသုံးပြုသူတွေ တစ်ယောက်ချင်းစီတိုင်းနဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့အတွက် မရှိမဖြစ် အရေးအကြီးဆုံးဖြစ်တဲ့ riders တွေအားလုံးကိုလည်း အခုလို တစ်နှစ်ပတ်လုံး တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးခဲ့ကြတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်။” ဟု foodpanda Myanmar ၏ Managing Director ဖြစ်သူ ကိုဇေယျာမင်းမှ ပြောကြားခဲ့ပါသည်။

တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် foodpanda သည် လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သည့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု ဆေးရုံများနှင့် အဖွဲ့အစည်းများသို့ စုစုပေါင်း အလှူငွေ ၂၀,၁၅၅,၈၁၄ ကျပ်နှင့်တကွ ကျန်းမာရေး၀န်ထမ်းများအတွက် ငွေကျပ် သိန်း ၅၀ တန်ဖိုးရှိ meal voucher အစောင် ၁၀၀၀ အပြင် မိတ်ဖက်စားသောက်ဆိုင်များဖြစ်သော YKKO, My Banh Mi, ကောင်းကြိုက် ရသာဒံပေါက်၊ Tea Live, TiTu’s, Ya Kun, Cafe Del Seoul, နီလာဒံပေါက်၊ Gong cha, Pizz Hut တို့နှင့် ပူးပေါင်းကာ အစားအစာ ပွဲ ၃,၆၀၀ တို့ကို ရန်ကုန်ဆေးရုံကြီး၊ ဖောင်ကြီးဆေးရုံ၊ တောင်ဥက္ကလာပဆေးရုံ၊ ဝေဘာဂီအထူးကုဆေးရုံ နှင့် We Love Yangon လူထုအခြေပြု ပရဟိတအသင်းများသို့ COVID-19 ကာကွယ်ကုသရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ပါရန် လှူဒါန်းပေးအပ်ခဲ့သည်။ အဆိုပါ လှူဒါန်းမှုများတွင်ပါဝင်နိုင်ရန် foodpanda သုံးစွဲသူများပါ ပါ၀င်နိုင်ရန် ပြည်တွင်းအနုပညာရှင်များနှင့်လည်း ပူးပေါင်းကာ ပရိသတ်များကို သတ်မှတ်ထားသည့် voucher code အသုံးပြု၍ အစားအသောက်များ မှာယူရန် ဖိတ်ခေါ်ခဲ့ပါသည်။ မှာယူသည့်ငွေပမာဏ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော စုစုပေါင်း ၁၀၁ သိန်း ၅သောင်း ၅ ထောင်နှင့် ၈၁၄ ကျပ် တိတိ ကို We Love Yangon ပရဟိတအသင်းသို့ foodpanda သုံးစွဲသူများနဲ့ အနုပညာရှင်တို့၏ပရိသတ်များမှအတူတကွ လှူဒါန်းနိုင်ခဲ့ပါသည်။

ကပ်ရောဂါအခြေအနေများကြောင့် ခက်ခဲနေသည့် တစ်နှစ်တာကာလအတွင်း rider များ၏ အကောင်းမွန်ဆုံး တာဝန်ထမ်းဆောင်နိုင်မှုများအား အသိအမှတ်ပြုသည့် အနေဖြင့် rider များအတွက် ဂုဏ်ပြုဆုချီးမြှင့်ပွဲကို foodpanda Myanmar ရုံးချုပ်တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ တစ်နှစ်တာလုံးအတွက် စွမ်းဆောင်ရည်အကောင်းမွန်ဆုံးသော rider အယောက် ၂၀ အား ၄င်းတို့၏ စွမ်းဆောင်နိုင်မှုများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်တကွ ဆုချီးမြှင့်ငွေနှင့် အသိအမှတ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ပြီး လုပ်သက်အကြာဆုံးနှင့် အော်ဒါအများဆုံးပို့ဆောင်ပေးခဲ့သည့် riders အယောက် (၅၀၀) ကိုလည်း တစ်ဦးချင်းစီအတွက် ဂုဏ်ပြုဆုငွေ (၃၀,၀၀၀) ကျပ်စီဖြင့် စုစုပေါင်း သိန်း (၁၅၀) ကျပ်တိတိအားပေးပို့ ချီးမြှင့်ပေးခဲ့ပါသည်။

အသုံးပြုသူများထံသို့ ပျော်ရွှင်ဖွယ်ရာ မုန့်ပွဲတော်အတွေ့အကြုံကို အွန်လိုင်းမှတစ်ဆင့်ဆင်နွဲနိုင်အောင် foodpanda ၏ brand ambassador ဖြစ်သူ မြန်မာ့စပါးအုံး ‌အောင်လအန်ဆန်၊ တေးသံရှင်များဖြစ်သည့် တင်ဇာမော်၊ ရွှေထူး၊ Eternal Gosh၊ Paul Austin၊ ချမ်းမြေ့မောင်ချိုနှင့် Lucky Hand ဂီတအဖွဲ့တို့နှင့်အတူ foodpanda တစ်နှစ်ပြည့် အွန်လိုင်းပွဲအစီအစဥ်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် foodpanda Facebook Page မှ တိုက်ရိုက် ထုတ်လွှင့်ကျင်းပပြုလုပ်ခဲ့ပါသည်။ ပွဲစဥ်တစ်လျောက်တွင် တေးသံရှင်များမှ စိတ်လှုပ်ရှားဖွယ်ရာ အစီအစဥ်များနှင့်တကွ တေးသီချင်းများဖြင့် ဖျော်ဖြေပေးခဲ့ပြီး ကြည့်ရှုအားပေးသူပရိတ်သတ်များအတွက် ဂိမ်းများဆော့ကစားကာ အစားအသောက် လျှော့စျေး ဘောက်ချာများလည်း မျှဝေခဲ့ပါသည်။

foodpanda မှ နိုင်ငံတွင်းရှိ ပြည်သူများ ကောင်းမွန်သော အစားအသောက်နှင့် နေ့စဥ် အသုံးအဆောင်ပစ္စည်းများကို လျင်မြန် အဆင်ပြေစွာ ဝယ်ယူနိုင်စေရန်အတွက် foodpanda သည် ထောင်ပေါင်းများစွာသော ပြည်တွင်း စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် မိတ်ဖက်ပူးပေါင်းကာ ဆက်လက်တိုးချဲ့ပြီး ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။


အွန်လိုင်းမှ အဆင်ပြေချောမွေ့စွာ အစားအသောက်မှာယူခြင်း အတွေ့အကြုံများခံစားရယူရန်အတွက် foodpanda အက်ပလီကေးရှင်းအား app store နှင့် Google Play store တို့တွင် ဒေါင်းလုပ်ရယူနိုင်ပြီး www.foodpanda.com.mm တွင်လည်း တိုက်ရိုက်ဝင်ရောက် ရယူနိုင်ပါသည်။

Read times
Rate this item
(0 votes)