Food & Health



သံလွင်ဆီဈေးနှုန်း ၁၀၀ ရာခိုင်နှုန်းကျော် စံချိန်တင် မြင့်တက်

သံလွင်ဆီဈေးနှုန်း ၁၀၀ ရာခိုင်နှုန်းကျော် စံချိန်တင် မြင့်တက်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

သံလွင်ဆီ ထုတ်လုပ်မှု အဓိကကျသည့် နိုင်ငံများတွင် ပြင်းထန်သော မိုးခေါင်ရေရှားမှုများကြောင့် သံလွင်ဆီ အထွက်နည်းပြီး  သံလွင်ဆီဈေးနှုန်း စံချိန်သစ် တင်သည်အထိ မြင့်တက်လာခဲ့သည်။

 

သံလွင်ဆီ ထုတ်လုပ်မှု အဓိကကျသည့် မြေထဲပင်လယ်ဒေသတွင် အလွန်ခြောက်သွေ့သော ရာသီဥတုကြောင့် ဩဂုတ်လတွင် သံလွင်ဆီ ပျမ်းမျှစျေးနှုန်းသည် ယခင်နှစ်ကထက် ၁၃၀ ရာခိုင်နှုန်း မြင့်မားခဲ့သည်။

စက်တင်ဘာလတွင် သံလွင်ဆီ ကမ္ဘာ့ဈေးနှုန်းသည် တစ်တန်လျှင် ကန်ဒေါ်လာ ၈၉၀၀ အထိ မြင့်တက်ခဲ့ကြောင်း အမေရိကန် ပြည်ထောင်စု  စိုက်ပျိုးရေးဌာန United States Department of Agriculture USDA မှ အချက်အလက် ထုတ်ပြန်သည်။ ဈေးနှုန်း လျော့ကျမည် လက္ခဏ မရှိဟု USDA က ဆိုသည်။

 

သံလွင်ဆီ ကမ္ဘာ့အများဆုံး ထုတ်လုပ်သူနှင့် တင်ပို့ရောင်းချသည့် စပိန်နိုင်ငံသည် လအတန်ကြာ ပြင်းထန်သော မိုးခေါင်ရေရှားမှုဒဏ်ကို ခံခဲ့ရသည်။

 စပိန်မှာ သံလွင်ဆီ အထွက် လျော့ကျနေစဉ် တူရကီက သံလွင်ဆီ ပြည်ပတင်ပို့မှု ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သည်။ သို့ဖြစ်ရာ သံလွင်ဆီ ပြတ်လပ်မှု ပိုဆိုးသွားသည်။

  

 

ဆီထွက်သီးနှံများနှင့် ဟင်းသီးဟင်းရွက်ဆီများ ဆန်းစစ်လေ့လာသည့် Mintec မှ ထုတ်ပြန်သည့်ဘအချက်အလက်များအရ စပိန်သံလွင်ဆီ ထုတ်လုပ်မှုသည် ပုံမှန်အားဖြင့် တန်ချိန် ၁.၃ - ၁.၅ သန်း ရှိခဲ့ရာမှ ယခုရာသီတွင် တန်ချိန် ၆၁၀,၀၀၀ မျှသာ ထွက်ရှိသည်။ 

ဥရောပမှ သံလွင်ဆီ ထုတ်လုပ်သည့် ဂရိနှင့် အီတလီတို့တွင်လည်း အထွက် လျော့ကျသည်။

 

ဂရိသည် သံလွင်ဆီ ကမ္ဘာ့ဒုတိယ အများဆုံး ထုတ်လုပ်သူ ဖြစ်ပြီး အီတလီသည် သံလွင်ဆီ ကမ္ဘာ့တတိယ အများဆုံး ထုတ်လုပ်သူ ဖြစ်သည်။

 

Source cnbc


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 23 September 2023 13:58
Rate this item
(0 votes)