Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


AirAsia Food စက်ဘီးနင်း ပစ္စည်းပို့သူများကို ခံစားခွင့် အပြည့်ဖြင့် အချိန်ပြည့် ဝန်ထမ်းအဖြစ် အလုပ်ခန့်အပ်

AirAsia Food  စက်ဘီးနင်း ပစ္စည်းပို့သူများကို ခံစားခွင့် အပြည့်ဖြင့် အချိန်ပြည့် ဝန်ထမ်းအဖြစ် အလုပ်ခန့်အပ်

AirAsia Food နှင့် Xpress က စက်ဘီးနင်း ပစ္စည်းပို့ ကျပန်းလုပ်သားများကို အနိမ့်ဆုံးလစာသတ်မှတ်ချက်နှင့်အညီ အချိန်ပြည့်ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းသည် အာရှတွင် ပထမဆုံး ဖြစ်သည်။ 

AirAsia Super App နှင့် AirAsia Food ကို ပိုင်ဆိုင်သည့် Capital A Bhd က ဩဂုတ်လ ၄ ရက်နေ့တွင် ၎င်းထံတွင် လုပ်ကိုင်လျက် ရှိသော စက်ဘီးနင်း ပစ္စည်းပို့ ကျပန်းလုပ်သားများကို အချိန်ပြည့် ဝန်ထမ်းများအဖြစ် အနိမ့်ဆုံးလစာသတ်မှတ်ချက် ရင်းဂစ် ၃,၀၀၀ ဖြင့် ခန့်အပ်ပါကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

 

Tan_Sri_Tony_Fernandes.png

Capital A အမှုဆောင်အရာရှိချုပ် Tan Sri Tony Fernandes ကို အခမ်းအနားတွင် တွေ့ရစဉ်

 

Capital A အမှုဆောင်အရာရှိချုပ် Tan Sri Tony Fernandes က  အခြေခံလစာအနေဖြင့် ရင်းဂစ် ၃,၀၀၀ ရရှိမှာ ဖြစ်ပြီး စက်ဘီးနင်းပစ္စည်းပို့သူများဟာ အချိန်ပြည့်ဝန်ထမ်းများ ရရှိမယ့် Employee Providence Fund (EPF) နှင့်  Social Security Organisations (Socso)  စုဆောင်းငွေစာရင်း အကောင့်တို့ကိုလည်း အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း ပြောကြာပါတယ်။  ထို့ပြင် နှစ်စဉ် ခွင့်ရက် ခံစားခွင့်၊ ခရီးစရိတ်၊ ဆေးကုသခွင့် အစရှိသည့် အကျိုးခံစားခွင့်များကိုလည်း ရရှိကြမှာ ဖြစ်ပါတယ်။ 

"ကျွန်တော်တို့ရဲ့  မိသားစုဝင်များအဖြစ် စက်ဘီးနင်းပစ္စည်းပို့သူများကို ကြိုဆိုလက်ခံရတာအတွက် ဝမ်းသာကြည်နူးမိပါတယ်။ လူအများ သိပြီး ဖြစ်တဲ့အတိုင်း AirAsia က လူတွေကို အမြဲ ဂရုစိုက်ပါတယ်။ လူတွေက ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ အဲဒါကို Capital A ရဲ့ လုပ်ငန်းဌာနတိုင်းမှာ ကျင့်သုံးပါတယ်။ AirAsia Super App လည်း အကျုံးဝင်ပါတယ်" လို့ စီအီးအိုက ပြောကြားပါတယ်။ 

"ကျွန်တော်တို့ရဲ့ လေကြောင်းလိုင်းမှာ ခရီးသည်များရဲ့ ခရီးဆောင်အိတ် သယ်ပို့ပေးသူများ၊ လေယာဉ်အမှုထမ်းများနှင့် လေယာဉ်မှူးမျာဟာ ကျွန်တော်တို့ လေကြောင်းလုပ်ငန်းမှာ  ကျောရိုးဖြစ်တဲ့နည်းတူ ဟောဒီမှာ ရှိနေကြတဲ့ ကျပန်းအလုပ်သမားများဟာလည်း ကျွန်တော်တို့ရဲ့ အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်ရေးလုပ်ငန်း လည်ပတ်မှုများမှာ သူတို့က သူရဲကောင်းတွေပါပဲ" လို့ စီအီးအိုက ပြောကြားပါတယ်။

အခမ်းအနားအတွင်း ကုမ္ပဏီမှ အချိန်ပြည့်အလုပ်ခန့်တဲ့ စက်ဘီးနင်းပစ္စည်းပို့သူအသစ် ခြောက်ဦးအား မော်တော်ဆိုင်ကယ် နှစ်စီးနှင့်   လေယာဉ်လက်မှတ် ၁၀ စောင်ကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်။

#MyanmarFoodIndustryGuide

Telegram Channel https://t.me/Guid4U

Source: Malay Mail

Read times Last modified on Saturday, 13 August 2022 19:23
Rate this item
(0 votes)