Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


FDA မှ Incomplete ပြင်ဆင်တင်ပြမှုနှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်

FDA မှ Incomplete ပြင်ဆင်တင်ပြမှုနှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA မှ Incomplete ပြင်ဆင်တင်ပြမှုနှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


အသိပေးကြေညာချက်

 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လက်ရှိကျင့်သုံးလျက်ရှိသော E-submission System တွင် FDA လျှောက်ထားမှုများအတွက် လုပ်ငန်းများပိုမိုမြန်ဆန်စေရန်၊ လုပ်ငန်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု တိုးတက်စေရန်ရည်ရွယ်၍ လိုအပ်ချက် ၊ ပြင်ဆင်ချက်များကို အစားအသောက် ဌာနခွဲအနေဖြင့် (၁-၁၀-၂၀၂၂) ရက်နေ့မှစတင်၍လည်းကောင်း ၊ ဆေးပစ္စည်း အလှကုန်/လူသုံးကုန် ဌာနခွဲအနေဖြင့် (၁-၉-၂၀၂၂) ရက်နေ့မှစတင်၍လည်းကောင်း အောက်ပါအတိုင်း ပြောင်းလဲလက်ခံမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ 

 

 

၁ ။ အစားအသောက်ဌာနခွဲအနေဖြင့်

 အစားအသောက်သွင်းကုန်ထောက်ခံချက် (IR) လျှောက်ထားရာ၌ Incomplete ပြင်ဆင်တင်ပြမှု အား အများဆုံး (၂) ကြိမ်အထိသာ လက်ခံမည်ဖြစ်ပါကြောင်း၊

Food Local Manufacture တွင် Document Incomplete အတွက် ပြင်ဆင်တင်ပြမှုအား 1 Month အတွင်းသာ လက်ခံမည်ဖြစ်ပါကြောင်း၊

Food Local Manufacture တွင် Inspection Incomplete တွင် Major ပြင်ဆင်ရန်များအား

4 Months အတွင်း ပြန်လည်တင်ပြမှုကိုသာ လက်ခံမည်ဖြစ်ပါကြောင်း၊

 

 

၂။ ဆေးပစ္စည်း၊ အလှကုန်/ လူသုံးကုန်ဌာနခွဲအနေဖြင့်

Medical Device IR တွင် (Document) စိစစ်ခြင်း၏ Incomplete အား တစ်ကြိမ်လျှင် ၁၄ ရက်ခန့်ဖြင့် ၃ ကြိမ် ထိသာ လက်ခံမည်ဖြစ်ပါကြောင်း၊

Cosmetic (IR Notification) & Cosmetic (Local Notification) တွင် Incomplete အား တစ်ကြိမ်လျှင် ၁၄ ရက် ခန့်ဖြင့် ၃ ကြိမ် ထိသာလက်ခံမည်ဖြစ်ပါကြောင်း၊

 

 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U

Source: FDA

Read times
Rate this item
(0 votes)