Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


မက်ဒေါနယ်ကိုရီးယား ဆလပ်မရသဖြင့် ကူပွန်ပေး

မက်ဒေါနယ်ကိုရီးယား ဆလပ်မရသဖြင့် ကူပွန်ပေး

McDonald's Korea သည် ၎င်း၏ဘာဂါအတွက် ဆလပ်ရွက်များ အလုံအလောက်ရရှိရန် အခက်ကြုံနေသည်။

အင်္ဂါနေ့(စက်တင်ဘာ ၁၃) က McDonald's Korea သည် ၎င်း၏ ၀က်ဘ်ဆိုက်တွင် သတိပေးချက်တစ်ခု တင်ခဲ့သည်။

"အချို့သော McDonald's စားသောက်ဆိုင်များသည် ရာသီဥတုအခြေအနေများကြောင့် ဆလပ်ရွက် ရဖို့ မသေမချာ ဖြစ်နေခြင်းကြောင့် ဆလပ်အနည်းငယ် သို့မဟုတ် လုံးဝမပါသော စားစရာများကို စီစဉ်ပေးလိမ့်မည်။ ဤအခြေအနေမျိုးတွင် ကျွန်ုပ်တို့၏ စားသောက်ဆိုင်များတွင် သောက်စရာအတွက် ကူပွန်ကို သင် မှာကြားထားသည့် အစားအစာနှင့်အတူ  ပေးဆောင်ပါမည်။"

 

မကြာသေးမီရက်သတ္တပတ်များအတွင်း ပြည်တွင်းကုမ္ပဏီများသည် တိုင်ဖွန်း Hinnamnor နှင့် အခြားသော ရာသီဥတု အခြေအနေများကြောင့် ဆလပ်အလုံအလောက် ထုတ်လုပ်နိုင်ခြင်း မရှိသေးကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သောနှစ်တွင်၊ McDonald's သည် အာလူးနှင့် ခရမ်းချဉ်သီးများ ရလိုက် မရလိုက်ဖြစ်နေခဲ့ဖူးသည်။

Source: m.koreatimes.co.kr

#MyanmarFoodIndustryGuide

 Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)