Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


စိတ်ပျော်ရွှင်မှုရရှိဖို့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များများ စားသုံးသင့်

 တစ်နေ့တစ်နေ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်ရွက်စားသုံးတဲ့ ပမာဏများလာလေလေ ကိုယ်ကာယ ကျန်းမာရေး အပါအဝင် စိတ်ပျော်ရွှင်မှုရရှိမယ့် အခွင့်အရေး ပိုကောင်းလာလေလေဖြစ်ပါတယ်။


တစ်ဦးချင်းစီရဲ့ အသီးအရွက် စားသုံးမှုပမာဏ များလာလေ စိတ်ဝမ်းနည်းပျော်ရွှင်မှု လျော့လာလေ ဖြစ်ပါတယ်။


ဥာဏ်ရည်ထက်မြတ်သူတွေက တခြားသာမန်လူတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ သူများထက် အသီး အရွက်ပမာဏ ၅ ဆနဲ့ အထက် ပိုစားသုံးသူများဖြစ်ကြောင်းတွေ့ရပါတယ်။

 

ကျန်းမာရေး ချို့တဲ့ခြင်းဟာ စိတ်ဝေဒနာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြသနာတွေ များစွာပတ်သက် ဆက်နွယ်နေပြီး စိတ်ပျော်ရွှင်မှုရှိခြင်းဟာ ရောဂါလက္ခဏာ သို့ နာမကျန်းမှုဖြစ်ခြင်း ကင်းစင်စေတယ်ဆိုတာထက်တောင် ပိုပါတယ်။


ဒါဟာ လူတွေပျော်ရွှင်မှုရရှိလို့ အလုပ်တွေကောင်းစွာ လုပ်ဆောင်နေကြတယ်ဆိုသည့် အခြေအနေပဲ ဖြစ်ပါတယ်။

 

Read More >>>>>   တရုတ်သို့ သစ်သီးဝလံအမည်သစ်များ တရားဝင်ပို့ခွင့်ရရန် ညှိနှိုင်း

 

အကောင်းမြင်တတ်ခြင်း၊ ပျော်ရွှင်မှုရှိခြင်း၊ ကိုယ့်ကိုယ်ကိုယ်စိတ်ကျေနပ်မှုရရှိခြင်း၊ အလွယ်တကူပျော်ရွှင်တတ်ခြင်းနဲ့ ဆက်ဆံရေးကောင်းမွန်လာခြင်းတွေဟာ စိတ်ပျော်ရွှင်မှုရရှိခြင်း ကြောင့်သာဖြစ်ပါတယ်။


စိတ်ပျော်ရွှင်မှုရှိခြင်းဟာ စိတ်ဝေဒနာ ကာကွယ်ပေးသည်သာမက သာမန်ရောဂါဘယတွေနဲ့ ပြင်းထန်တဲ့ ရောဂါဝေဒနာဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။

 

#Myanmar Food Industry Directory

Read times Last modified on Tuesday, 13 August 2019 14:24
Rate this item
(1 Vote)