Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကျန်းမာရေးအတွက် စားသောက်ကုန်တွင် သကြားပါဝင်မှု သတ်မှတ်ချက် အမေရိကန် FDA ထုတ်ပြန်

ကျန်းမာရေးအတွက် စားသောက်ကုန်တွင် သကြားပါဝင်မှု သတ်မှတ်ချက် အမေရိကန် FDA ထုတ်ပြန်

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 အမေရိကန်နိုင်ငံတွင် ရောင်းချသည့် စားသောက်ကုန်တွင် "ကျန်းမာ‌ရေးနှင့် ညီညွှတ်သည်" ဟု တံဆိပ်ကပ်ရန် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန U.S. Food and Drug Administration  FDA မှ စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ထားသော စည်းမျဉ်းသစ်အရ သတ်မှတ်ထားသော စံသတ်မှတ်ချက်များနှင့် ပြည့်မီရမည်ဖြစ်သည်။

.

US FDA မှ "ကျန်းမာ‌ရေးနှင့် ညီညွှတ်သည်" ဟု သတ်မှတ်ရန်အတွက် ကောက်နှံမှုန့် cereal မှာ ပါဝင်သင့်သည့် အချိုးအစား သတ်မှတ်ချက်မှာ - - -

အစေ့အဆန်  လေးပုံသုံးပုံ ပါဝင်ရမည်ဖြစ်ပြီး  ပြည့်ဝဆီ ၁ ဂရမ်၊ ဆိုဒီယမ် ၂၃၀ မီလီဂရမ်နှင့် သကြားဓာတ် ၂.၅ ဂရမ်ထက် မပိုစေရပါ။

အဆိုပါ သတ်မှတ်ချက်အရ အောက်ဖော်ပြပါ ကောက်နှံမှုန့် cereal များအနေဖြင့် သကြားပါဝင်မှု သတ်မှတ်ကျော်လွန်ပြီး အချိုကဲနေပါသည်။ အချို့မှာ ဆိုဒီယမ် ပါဝင်နှုန်း ကျော်လွန်နေကြောင်း တွေ့ကြရသည်ဟု ထုတ်ပြန်ကြေညာထားပါသည်။ 

.

Raisin Bran (သကြားဓာတ် 9g ပါဝင်)

Honey Nut Cheerios (သကြားဓာတ် 12g ပါဝင်)

Corn Flakes (ဆိုဒီယမ် 300mg သကြားဓာတ် 4g ပါဝင်)

Honey Bunches of Oats, Honey Roasted (သကြားဓာတ် 8g ပါဝင်)

Frosted Mini Wheats (သကြားဓာတ် 12g ပါဝင်)

Life (သကြားဓာတ် 8g ပါဝင်)

Special K (ဆိုဒီယမ် 270mg သကြားဓာတ် 4g ပါဝင်)

 

Source CNBC

Read times Last modified on Thursday, 13 October 2022 18:25
Rate this item
(0 votes)