Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးရန်မသင့်သော Mie Sedaap အမှတ်တံဆိပ်ပါ အစားအသောက် (၆) မျိုး FDA အသိပေးကြေညာ

စားသုံးရန်မသင့်သော Mie Sedaap အမှတ်တံဆိပ်ပါ အစားအသောက် (၆) မျိုး FDA အသိပေးကြေညာ

Singapore Food Agency ၏ (၁၁-၁၀-၂၀၂၂) ကြေညာချက်အရ အင်ဒိုနီးရှားနိုင်ငံထုတ် Mie Sedaap အမှတ်တံဆိပ်ပါ အစားအသောက် (၆) မျိုးအနက် ယှဉ်တွဲပါသက်တမ်းကုန်ရက်စွဲရှိ အမျိုး အမည်များတွင် Ethylene oxide သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေ၍ ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းလျက်ရှိကြောင်း သိရှိရပါသည်။ Ethylene oxide သည် အစားအသောက်တွင် သုံးခွင့်မရှိ သည့် ပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး အဏုဇီဝပိုးကူးစက်ပျံ့နှံ့မှုအား တားဆီးနိုင်ရန်အတွက် စိုက်ပျိုးရေး ထွက်ကုန်များကို မီးခိုးမှိုင်းတိုက်ရာတွင် အသုံးပြုလေ့ရှိသည်။ အစားအသောက်စက်ရုံများသည် Ethylene oxide အား ဟင်းခတ်အမွှေးအကြိုင်များကို ပိုးသန့်စင်ရာ၌ အသုံးပြုလေ့ရှိကြသည်။ အစားအသောက် တွင် Ethylene oxide ပါဝင်မှုအား Singapore နိုင်ငံတွင် Maximum residue limits (MRL) of ethylene oxide 50mg/kg (50ppm) ထက် ပိုမများစေရန် သတ်မှတ်ထားပြီး European Union တွင် Maximum residue limits(MRL) of ethylene oxide 0.1mg/kg ထက် ပိုမများစေရန် သတ်မှတ်ထား ပါသည်။ Ethylene oxide ပမာဏအနည်းငယ် စားသုံးမိခြင်းဖြင့် ချက်ခြင်းအန္တရာယ် မဖြစ်နိုင်သော် လည်း ရေရှည်စားသုံးမိပါက ကျန်းမာရေးထိခိုက်မှုများ ဖြစ်စေနိုင်ပါကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA မှ အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။

 

 Aquamarine-Moon.jpg

 

Read times Last modified on Friday, 14 October 2022 11:51
Rate this item
(0 votes)