Food & Health



ကမ္ဘာ့အင်းဆက်စားသောက်ကုန်ဈေးကွက် ဒေါ်လာ ၉.၆ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်းထား

ကမ္ဘာ့အင်းဆက်စားသောက်ကုန်ဈေးကွက် ဒေါ်လာ ၉.၆ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်းထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

စားသုံးနိုင်သော အင်းဆက်ပိုးမွှားများ ဖြစ်သည့် ပိုးတုံးလုံးများ၊ သင်ပေါင်းပိုးများ၊ ကျိုင်းကောင်များ၊ ပုရစ်များ အစရှိသည်တို့ကိုအစားအသောက်အဖြစ် တခုတ်တရ စားသောက်ကြပါသည်။ အမြင်မှာ အူယားစရာ ကောင်းနေသဖြင့် မစားသူများလည်း ရှိပါသည်။ အင်းဆက်များတွင် ပရိုတင်း ပါသည်မှာ ငြင်းမရသည့်အချက်ဖြစ်ပြီး အစားအစာနှင့် အဖျော်ယမကာကဏ္ဍတွင် ယခုအခါ ပရိုတင်းရင်းမြစ်တစ်ခုအဖြစ် နေရာ ရရှိထားပါသည်။ လူအများ စားသုံးသည့် မုန့်နှင့် စားစရာများတွင်လည်းကောင်း၊ အိမ်မွေးတိရစ္ဆာန်အစာများတွင်လည်းကောင်း၊ မွေးမြူရေးတိရစ္ဆာန်အစာားတွင်လည်းကောင်း အင်းဆက်ကို ထည့်သွင်းသုံးစွဲကြပါသည်။

အင်းဆက်အခြေခံထုတ်ကုန်များကိုစားသောက်ဆိုင်များ၊ ပြပွဲများ၊ ထိပ်တန်းစူပါမားကတ်များ၊ မုန့်ဆိုင်များနှင့် အွန်လိုင်းချန်နယ်များတွင် ယခုအခါ ရောင်းတန်းဝင် စားသောက်ကုန်အဖြစ်ဖြင့် ရရှိနိုင်ပါပြီ။

 

အမေရိကန်ကုမ္ပဏီ Meticulous Market Research Inc ၏ အဆိုအရ စားသုံးနိုင်သော အင်းဆက်ဈေးကွက်သည် ၂၀၃၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉.၆ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်းထားသည်။ ၂၀၂၂-၂၀၃၀ တွင် ၎င်းဈေးကွက် ကြီးထွားနှုန်း ၂၈.၃% ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။

တန်ချိန်အရကြည့်လျှင် အင်းဆက်ဈေးကွက်သည် ၂၀၃၀ တွင် တန် ၃.၁၃ သန်းသို့ ရောက်ရှိလိမ့်မည်။ ၂၀၂၂-၂၀၃၀ တွင် ကြီးထွားနှုန်း ၃၁.၁% ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။

 

Japan Airlines Group ၏ ဘတ်ဂျက်လေကြောင်းလိုင်း Zipair သည် ယခုနှစ် ဇူလိုင်လတွင် တိုကျိုမှ ဘန်ကောက်သို့ ပျံသန်းသည့် ခရီးစဉ်တွင်  ပုရစ်အမှုန့်များ ပါသော ငရုတ်ဘာဂါကို ကျွေးမွေးခဲ့ပါသည်။

 

ထိုင်းနိုင်ငံတွင် ကုမ္ပဏီ အများအပြားသည် လူအများ စားသုံးနိုင်သော အင်းဆက်များကို တီထွင်ထုတ်လုပ်လျက်ရှိပါသည်။

အစားအစာအဖြစ် အင်းဆက်ပိုးမွှားများကို စားသောက်ကုန်အဖြစ် ထုတ်လုပ်သော  ကုမ္ပဏီများသည် ၎င်းတို့၏ထုတ်ကုန်များကို အမြောက်အမြားရောင်းချသည့် ဈေးကွက်သို့ ချဲ့ထွင်ရန် စီစဉ်နေကြသည်။

 

အချို့သော စားသုံးနိုင်သော အင်းဆက်များ မွေးမြူသည့် မွေးမြူရေးခြံများသည် လာမည့်နှစ်တွင် လက်လီအရောင်းဆိုင်ခွဲများ ရောင်းချခွင့် လိုင်စင်ပေးပြီး ရောင်းချစေခြင်းဖြင့် အစားထိုး ပရိုတင်းရင်းမြစ်များ စားသုံးမှုကို မြှင့်တင်ကြမည် ဖြစ်ပါသည်။

 

ထိုင်းစားသောက်ကုန် လုပ်ငန်းစဉ် လုပ်ငန်းရှင်များအသင်း Thai Food Processors Association၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Visit Limlurcha က စားသုံးနိုင်သော အင်းဆက်များနှင့် အင်းဆက်ပိုးမွှားများမှ ရရှိသည့် ပရိုတင်းများသည် ကမ္ဘာ့ဈေးကွက်တွင် ခိုင်မာသော တင်ပို့မှုအလားအလာကို ရရှိနိုင်ကြောင်း ပြောကြားပါသည်။ ပရိုတင်း စားသုံးနိုင်စေရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့အတွက် အင်းဆက်စားသောက်ကုန်များကိုလည်း စားသုံးမှု များလာမည် ဖြစ်သည်။

ထိုင်းနိုင်ငံသည် အခြားပရိုတင်းရင်းမြစ်များထက် ထုတ်လုပ်မှု လုပ်ငန်းစဉ် ပိုမိုမြန်ဆန်သည့် စားသုံးနိုင်သော အင်းဆက်ပိုးမွှားများကို မွေးမြူရာတွင် ကျွမ်းကျင်မှုရှိကြောင်း ၎င်းက ဆိုသည်။

 

hunger_for_bugs_yyu.png

 

ထိုင်းနိုင်ငံ၏ အရေးအပါဆုံး အင်းဆက်ပိုးမွှား တင်ပို့ရောင်းချသည့် ဈေးကွက်များမှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ ဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် သမားရိုးကျ ပရစ်မွေးမြူရေး ခြံပေါင်း ၂၀,၀၀၀ ကျော်ရှိသည်။ တစ်နှစ်လျှင် တန်ချိန် စုစုပေါင်း ၇,၀၀၀ ကျော် ထုတ်လုပ်သည်။

အေးခဲပရစ် ထုတ်လုပ်သည့် Lan Farm Hug Co ၏ မန်နေဂျင်းဒါရိုက်တာ Nontawat Bang-iam က သူ့ကုမ္ပဏီ၏ ရောင်းအားသည် ၂၀၂၀ တွင်  ဘတ် ၄ သန်း ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ဘတ် ၁၀ သန်းနီးပါးသုိ့ မြင့်တက်ခဲ့ကြောင်း ပြောကြားသည်။

မွေးမြူရေးလုပ်ငန်းတွင် တစ်ဆယ်နှစ်အတွေ့အကြုံရှိသော Mr Nontawat သည် ၂၀၁၅ ခုနှစ်တွင် ပုရစ်များ၏ စျေးကွက်အလားအလာနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေလေ့လာမှုကို ပြုလုပ်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် တစ်လလျှင် ၁၀ တန်အထိ ရောင်းအားတက်လာခြင်းကြောင့် ပုရစ်များကို ကိုယ်တိုင်မွေးမြူရန် ဆုံးဖြတ်ခဲ့သည်။ အေးခဲပုရစ်များကို  Makro, Tops Supermarket, Big C နှင့် Lotus တို့တွင် ရောင်းချသည်။ လက်လီအရောင်းချန်နယ်သည် သူ့ကုမ္ပဏီ၏ရောင်းအား၏ ၈၀% ရှိသည်။ အွန်လိုင်းဝယ်ယူမှု ၁၀% နှင့် ပြည်ပပို့ကုန် ၁၀% ရှိသည်။

ကမ္ဘောဒီးယား၊လာအို၊မြန်မာ၊ဗီယက်နမ်နှင့် ဩစတြေးလျတို့မှ ဝယ်လိုအားကို အလျဉ်မီအောင် မထုတ်လုပ်သည်အထိ ရောင်းအား မြင့်တက်ခဲ့သည်။

ပုရစ်မွေးမြူရေးကွန်ရက်ကို ယခုနှစ် နှစ်ဆန်းပိုင်းတွင် ချဲ့ထွင်ခဲ့ပြီး ၂၀၂၃ တွင် တစ်လ ၁၃ တန် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။

 

Lan Farm Hug Co  ပုရစ်များ၊ ပိုးချည်ထုတ်သည့် ပိုးဇာကောင်များနှင့် သင်ပေါင်းပိုးများကို အေးခဲ၊ အခြောက်၊ အမှုန့် ပုံစံတို့ဖြင့် ရောင်းချသည်။

Lan Farm Hug သည် လာမည့်နှစ်တွင် စုစုပေါင်းရောင်းအား ဘတ်သန်း ၄၀ ရရှိရန် မျှော်လင့်ထားသည်။

 

Mr Thanaphum သည် ပုရစ်အတွက် အရောင်းနှင့် စျေးကွက်ရှာဖွေရေး ကုမ္ပဏီတစ်ခုတွင် စတင်ခဲ့ပြီး စျေးကွက်လိုအပ်ချက်ကို နှစ်နှစ်ကြာ ပိုင်းခြားစိတ်ဖြာခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းကို တည်ထောင်ခဲ့သည်။ ပထမဆုံးအနေဖြင့် စတုရန်းမီတာ ၆၀ ကျယ်ဝန်းသော Bounce ဘာဂါ စားသောက်ဆိုင်ကို ဘန်ကောက်တွင် Mr Thanaphum ဖွင့်လှစ်ခဲ့ပြီး အင်းဆက်ပိုးမွှားများ ပါဝင်သော အစားအစာများရောင်းချသည်။

ဘတ် ၁၀ သန်း ရင်းနှီးမြှုပ်နှံပြီး ပုရစ်အမှုန့် ထုတ်လုပ်သည့် စက်ရုံ ထူထောင်မည့် အစီအစဉ် ရှိသည်။ 

 

photo_2022-12-30_14-54-13.jpg

 

၂၀၂၃ ခုနှစ်တွင် Bounce ဆိုင်အသစ်နှစ်ခုဖွင့်လှစ်ခြင်းအပြင် Mr Thanaphum သည် ပုရစ်မှုန့်ဖြင့်ပြုလုပ်ထားသည့် ပြင်သစ်စတိုင်ဘီစကစ်ထုတ်ကုန်ဖြစ်သည့် Bounce Tuile ကို ထုတ်လုပ်ရန် စီစဉ်နေပါသည်။

သူက အင်းဆက်ကဏ္ဍ မြှင့်တင်ရန်အတွက် မတ်လတွင် ထိုင်းနိုင်ငံ အင်းဆက်လုပ်ငန်းအသင်း Thailand Insect Industry Association ကို တည်ထောင်ရန်အတွက်လည်း စီစဉ်နေသည်။

 

 Kaeophirom Farm Co ၏ အမှုဆောင်အရာရှိချုပ် Thirawit Kaeophirom က ၎င်း၏ကုမ္ပဏီသည် Silpakorn University နှင့် လက်တွဲပြီး လူသားစားသုံးရန်အတွက် ဝါးပိုးများကို အဆင့်မြှင့်တင်ရန် လုပ်ကုိင်နေကြောင်း ပြောကြားခဲ့သည်။

 ကုမ္ပဏီ ဝါးပိုးမွေးမြူရေးတွင် ဝါးပိုးများကို  လေအေးပေးစက် ဖွင့်ထားသည့် အခန်းများထဲတွင် မွေးမြူထားသည်။

ယခင်က ဝါးပိုးထွက်ကုန်များကို တိရစ္ဆာန်အစာအတွက် အဓိကအားဖြင့်  ရောင်းချခဲ့သည်။ ယခုအခါ ဝါးပိုးမှ ပရိုတင်း ထုတ်ယူပြီး ရောင်းချရန် ဆောင်ရွက်နေသည်။

"အခြားအင်းဆက်ပိုးမွှားများနှင့်နှိုင်းယှဉ်ပါက ဝါးပိုးရဲ့ ပရိုတင်းဓာတ်ကြွယ်ဝမှုကြောင့် ကြီးမားသော အလားအလာ ရှိနေပါတယ်" ဟု ၎င်းက ဆိုသည်။

Source Bangkokpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 31 December 2022 10:14
Rate this item
(0 votes)