Food & Health



ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် လျှောက်ထားခြင်း ကုန်ကျစရိတ်များနှင့် သိမှတ်ဖွယ်ရာများ

ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် လျှောက်ထားခြင်း ကုန်ကျစရိတ်များနှင့် သိမှတ်ဖွယ်ရာများ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

 

 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ Online မှတဆင့် ပြည်တွင်းအစား အသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထားရာတွင်

 

(၁) E-Submission System website - www.fda.gov.mm မှတဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

 

(၂) E -Submission System ဖြင့် ကောက်ခံသည့်နှုန်းထားများ လုပ်ငန်းတစ်ခုအတွက် အချက်အလက်စိစစ်ခ (Assessment Fees) - ၅၀,၀၀ဝိ ကျပ်

 

အချက်အလက်များစိစစ်၍ ပြည့်စုံမှန်ကန်ပါက စက်ရုံကွင်းဆင်းမှု မဆောင်ရွက်မီ (Pre- Inspection Fees) - ၂၀၀,၀၀ဝိ ကျပ်

 

စက်ရုံကွင်းဆင်းစစ်ဆေးပြီး ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP) နှင့် ညီညွတ်ပါက ဆက်လက်စိစစ်ခြင်း - ၅၀၀,၀၀ဝိ ကျပ် (စုစုပေါင်း - ၇၅၀,၀၀ဝိ ကျပ်) ကျသင့်ပါမည်။

 

(၃) လုပ်ငန်းမှ ထုတ်လုပ်သော အစားအသောက် တစ်မယ်စီ အတွက် ဓါတ်ခွဲစစ်ဆေးခမှာ - အမှတ်တံဆိပ်တူ၊ ကုန်ပစ္စည်းတူ၊ ထုပ်ပိုးပစ္စည်းတူ၊ ထုပ်ပိုးအရွယ်အစားကွဲ အစား အသောက်/သောက်ရေသန့်အုပ်စု တစ်ခုစီအတွက် ပထမအကြိမ် ဓါတ်ခွဲစစ်ဆေးခ (Lab fees) – ၂၀၀,၀၀ဝိ ကျပ်

 

- ထုပ်ပိုးအရွယ်အစားကွဲ ထုတ်ကုန်များတွင် (၁) မယ်စီအတွက် အဏုဇီဝဓါတ်ခွဲ စစ်ဆေးခ - ၅၀,၀၀ဝိ ကျပ်

 

(၄) ထောက်ခံချက်ရရှိပြီးပါက ထောက်ခံချက်ထုတ်ပေးသည့် အစားအသောက်အမယ်စာရင်း (Product registration fees) (၁) မယ်လျှင် - ၂၀,၀၀ဝိ ကျပ်နှုန်း ကျသင့်မည်ဖြစ်ပါသည်။

 

(၅) တွက်ချက်ပုံကို ဥပမာဇယားဖြင့် ဖော်ပြထားပါသည်။

 

(၆) စာရွက်စာတမ်းနှင့် အမှတ်တံဆိပ်တင်ပြချက်များ၊ စက်ရုံစစ်ဆေးရာတွင် သတ်မှတ်ချက်များ နှင့် ဓါတ်ခွဲစစ်ဆေးမှု သတ်မှတ်ချက်များ ကိုက်ညီပါက စိစစ်ကာလ (၆) လအတွင်း အစား အသောက်ထုတ်လုပ်ခြင်းထောက်ခံချက်ရရှိနိုင်ပါသည်။

ထောက်ခံချက်၏သက်တမ်းမှာ(၃)နှစ်

ဖြစ်ပါသည်။

 

(အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်အား free download ရယူနိုင်ပါသည်။) 

 

( ၇ )  ု ငွေပေးချေမှု အားလုံးကို Bank services fees / e- Payment fees ဖြင့် Master, Visa Card, JCB, Union Pay, MPU နှင့် CB pay စသည့် Payment Option များဖြင့် ပေးချေရပါမည်။ 

မှတ်ချက် ။ ။ (၁) အထက်ပါ သတ်မှတ်နှုန်းထားများအား ကြေညာချက် (၅/၂၀၂၂)နှင့် (၆/၂၀၂၂) တို့ဖြင့် ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါသည်။

 

(၂) Hot Line ဖုန်းနံပါတ် 

       ၀၉-၇၉၉၆၇၆၉၂၈ 

 

(၃) နေပြည်တော်ရုံးဖုန်းနံပါတ်  

      ၀၆၇၃-၄၀၃၁၆၇

 

photo_2023-08-28_21-49-07.jpg

photo_2023-08-28_21-49-11.jpg

photo_2023-08-28_21-49-14.jpg

 

 

Source FDA


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Monday, 28 August 2023 21:50
Rate this item
(0 votes)