Food & Health



တရုတ်နိုင်ငံ ကလေးမွေးဖွားနှုန်း ကျဆင်းနေသဖြင့် Nestlé ကလေး အာဟာရမှုန့် စက်ရုံ ပိတ်သိမ်း

တရုတ်နိုင်ငံ ကလေးမွေးဖွားနှုန်း ကျဆင်းနေသဖြင့် Nestlé ကလေး အာဟာရမှုန့် စက်ရုံ ပိတ်သိမ်း

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

 

 Nestlé သည် တရုတ်နိုင်ငံတွင် ကလေးမွေးဖွားနှုန်း သိသိသာသာ ကျဆင်းလာခြင်းကြောင့် ကလေးအာဟာရမှုန့် ပြုလုပ်သည့် စက်ရုံများကို ပိတ်ပစ်ရန် စီစဉ်နေသည်။

ကမ္ဘာ့အကြီးဆုံး စားသောက်ကုန်ကုမ္ပဏီ Nestlé က အိုင်ယာလန်နိုင်ငံ Askeaton မြို့ရှိ ၎င်း၏ Wyeth Nutrition မွေးကင်းစ ကလေးဖော်မြူလာ အာဟာရမှုန့် စက်ရုံကို ဝယ်သူ မရရှိပါက ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ပိတ်ပစ်မည်ဟု ပြောကြားသည်။ ၎င်းစက်ရုံသည် အာရှအတွက်သာ ထုတ်လုပ်သည့် စက်ရုံ ဖြစ်သည်။ 

 

"တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ် ဦးရေသည်  ၂၀၁၆ ခုနှစ်တွင် တစ်နှစ်လျှင် ၁၈ သန်းခန့် ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၉ သန်းအောက်သို့ သိသိသာသာ ကျဆင်းသွားခဲ့ပါသည်"ဟု Nestlé က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ယခင်က ပြည်ပမှ တင်သွင်းသည့် မွေးကင်းစ ဖော်မြူလာ အာဟာရမှုန့်များကို မှီခိုခဲ့သည့် တရုတ် စျေးကွက်က စားသုံးသူတို့ အသုံးစရိတ်များ ချွေတာလာကြသဖြင့် ဈေးသက်သာသည့် ပြည်တွင်းထုတ် ထုတ်ကုန်တွေမှာ ရောင်းအားအရှိန်အဟုန်ဖြင့် များလာသည်ကို တွေ့ကြရသည်" ဟု  Nestlé က ဆိုသည်။

Source cnn


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 1192 times Last modified on Saturday, 21 October 2023 00:49
Rate this item
(0 votes)