Food & Livestock
Sunday, 25 October 2020 08:20
ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များတွင် သားငါးစားသောက်ကုန်များ လှည့်လည်ရောင်းချမည့်အစီအစဥ်ကို အသိပေးကြေညာထားပါသည်။
Friday, 23 October 2020 16:30
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သီတင်းကျွတ် ရုံပိတ်ရက်များအတွင်း ဆီကန်ပိတ်ရက်များကို
Thursday, 22 October 2020 14:31
စင်္ကာပူနိုင်ငံတွင် ဒေသခံအသားပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုတွင် ၎င်း၏အဆောက်အအုံများကိုပြုပြင်မွမ်းမံရာ၌
Sunday, 18 October 2020 16:25
တရုတ်၏“ဝက်သားအံ့ဖွယ်အောင်မြင်မှု” နောက်ကွယ်မှ နည်းပညာသည် ကျေးလက်ဝက်မွေးမြူရေးလုပ်ငန်းကို မည်သို့ပြောင်းလဲစေသနည်း။
တရုတ်နိုင်ငံတွင် ၀က်သား ၀ယ်လိုအား ကြီးထွားလာသည်နှင့်အမျှ ရိုးရာအသေးစားလယ်ယာမြေလုပ်ကိုင်ပုံများကို ကြီးမားကျယ်ပြန့်သော AI (ဉာဏ်ရည်တု) အထောက်အကူပြုလုပ်ငန်းများဖြင့် အစားထိုးပေးခဲ့ရာ ကျေးလက် ဝက်မွေးမြူရေးလုပ်ငန်းငယ်များသည် စမတ်ဖုန်း စက်ရုံများသဖွယ် ဖြစ်နေသည်။
ကွမ်ကျိုးမှ ဝက်ပေါင်ခြောက်
တရုတ်နိုင်ငံ၏ ၀က်သားလုပ်ငန်းကို ဉာဏ်ရည်တု အတတ်ပညာဖြင့် မည်သို့မည်ပုံ ပြုပြင်ပြောင်းလဲနေသည်ကို နားလည်ရန်ကြိုးစားခြင်းးခရီးစဉ်၌ ကွမ်ကျိုးသည် ကျွန်မ ပထမဆုံး ရောက်ရှိသောနေရာဖြစ်သည်။ တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် ဝက်သားအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး မကြာသေးမီနှစ်များအတွင်းက နိုင်ငံတွင်းမှာ ကြီးထွားလာသောလူလတ်တန်းစားများ ဝက်သားစားသုံးမှုကို လုံလောက်အောင် ထုတ်လုပ်မှု အရှိန်မြှင့်တင်ခဲ့ပုံကို “ တရုတ်၏ ၀က်သားအံ့ဖွယ်အမှု” အဖြစ်ဖော်ပြလေ့ရှိသည်။
၂၀၁၈ ခုနှစ်နို၀င်ဘာလမှာ တရုတ်တောင်ပိုင်းမှာ လူဦး ရေ ၁၄ သန်းခန့်ရှိတဲ့ ကွမ်ကျိုးကို ကျွန်မ သွားခဲ့သည်။ ဆောင်းဦး ရာသီသည် ဒေသဆိုင်ရာအထူး ၀က်ပေါင်ခြောက် အချောင်းများ ပြုလုပ်ရန် အချိန်ကောင်းဖြစ်သည်။ မြို့အနှံ့အပြားတွင် ထပ်မြင့်တိုက်တာများမှ များစွာသောအထပ်များရှိ လသာဆောင်များမှာ တွဲလောင်းချိတ်ဆွဲထားသော ဝက်သားအမြောင်းများကို ခြောက်သွေ့အောင် လှန်းထားသော အဝတ်အစားများနှင့်အတူ တွေ့ရသည်။
ဝက်ပေါင်ခြောက် ပြုလုပ်ရန် အမြောင်းမြောင်း လှီးထားသော ဝက်ပေါင်သား အသားစိမ်းကိုစ ပျစ်ဝိုင်၊ ဆား၊ ပဲပိစပ်နှင့်ဟင်းခတ်အမွှေးအကြိုင်များဖြင့် စိမ်ပြီး စိုထိုင်းပြီး အေးမြသော ဆောင်းရာသီလေထုထဲတွင် အခြောက်ခံသည်။ အဆီဟာ ဝင်းလက်ပြီး စိုနေသည်။ ဟင်းသီးဟင်းရွက် မွေုကြော်တွင် ချိုမြိန်အရသာကို ဖြည့်စွက်ပေးသည်။ တရုတ်တောင်ပိုင်းတွင်သာ ဤကဲ့သို့သော ပြုပြင်ထိန်းသိမ်းထားသော ဝက်သားကို လုပ်နိုင်သည် ဟု ကျွန်မ၏ ဆွေမျိုးတစ်ဦးက ဆိုသည်။ လျှို့ဝှက်ချက်မှာ ထိုအရပ်ဒေသရှိ တိုက်နေသော လေထဲတွင် ဒေသဇာတိဖြစ်သော မှိုမျိုးမှုန်များနှင့် ဘက်တီးရီးယားများ ဖြစ်သည်။
ကမ္ဘာပေါ်တွင် ဝက်သားစားသုံးမှု အမြင့်မားဆုံး
အသားစားသုံးမှုသည် အမေရိကန်ကဲ့သို့သောနိုင်ငံများ နောက်တွင် ရှိနေဆဲဖြစ်သော်လည်း တရုတ်နိုင်ငံ၏ နှစ်စဉ်ဝက်သားစားသုံးမှုမှာ တန်ချိန်စုစုပေါင်း ၅၄ သန်းရှိပြီး တစ်ကမ္ဘာလုံးတွင်အမြင့်ဆုံးဖြစ်သည်။ အချို့သောနိုင်ငံများသည် တစ်ဦးချင်းအရ စားသုံးမှု ပျမ်းမျှတန်ဖိုးသည် ပိုများနေသော်လည်း တရုတ်ပြည်တွင် လာမည့်နှစ်များမှာ ယခုထက် ကြီးထွားလိမ့်မည်ဟု မျှော်လင့်ရသည်။ ယခုလို တိုးပွားလာနေသော ဝယ်လိုအားကို ဖြည့်ဆည်းရန် ဝက်မွေးမြူရေးသမားများသည် AI နည်းပညာသို့ ပြောင်းလဲနေကြသည်။
တရုတ်ပြည်အတွက် မရှိမဖြစ် ဝက်သား
ကွမ်ကျိုးမှာရှိနေစဉ် မနက် ၅ နာရီမှာ အိပ်ရာကထပြီး လူကြိုက်များသော ဝက်သားလုပ်ငန်းသတင်းအရင်းအမြစ် Pig Progress ကို ဖတ်သည်။ ထိုစဉ်ကာလတွင် ဝက်များတွင်သွေးယိုစီးမှုဖြစ်စေသော အာဖရိက ဝက်တုပ်ကွေးအဖျားရောဂါ ( African swine fever-ASF) ရောဂါဖြစ်ပွားခြင်းကြောင့် ဝက်များကို လော့ဒေါင်းချထားသည်။ ထိုဝက်တုပ်ကွေး၏ သေစေနိုင်သောနှုန်းသည် ၁၀၀% နှင့်နီးကပ်သည်။ အကြောင်းမှာ ဝက်များကို သေသည်အထိ သွေးထွက်လွန်စေသည့်အတွက်ဖြစ်သည်။ သိပ္ပံပညာရှင်များသည် ကာကွယ်ဆေးတစ်မျိုးကို ရရှိဖို့ အပြင်းအထန်ကြိုးစားနေကြောင်း သတင်းခေါင်းကြီးပိုင်းတွင် ဖော်ပြကြသည်။
အာဖရိက ဝက်တုပ်ကွေးသည် ရုရှားနှင့် ဘယ်လ်ဂျီယံတို့ကဲ့သို့သောနိုင်ငံများတွင် ဖြစ်ပွားခဲ့ပြီးပြီ ဖြစ်သော်လည်း တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ် အာဖရိက ဝက်တုပ်ကွေးဖြစ်ပွားခြင်း ဖြစ်သည်။ ထို့အတွက် တရုတ်စီးပွားရေးပညာရှင်များနှင့် နိုင်ငံရေးသမားများအတွက် အလွန်စိုးရိမ်စရာဖြစ်ခဲ့သည်။ ဝက်သား နည်းပါးသောကြောင့် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာနိုင်ပြီး စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ပြည်သူတို့အကြား မကျေနပ်မှုများ ဖြစ်လာမည် ဖြစ်သည်။
ဝက်သားဟင်းလျာများသည် ဟန်တရုတ်အစားအစာများ၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ ဝက်များကို ဘီစီ ၇၀၀၀ ခန့်ကတည်းက တရုတ်နိုင်ငံတွင် မွေးမြူခဲ့ပြီး ၁၉၂၉ ခုနှစ်တွင်မနုဿဗေဒဆိုင်ရာလေ့လာမှုအရ တရုတ်နိုင်ငံ၌ လူတို့ အသားစားသုံးမှုထံမှ ကယ်လိုရီ ရယူမှု၏ ၇၀ ရာခိုင်နှုန်းသည် ဝက်သားမှ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ရိုးရာတရုတ်ဆေးပညာတွင် အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသည့်အတိုင်း အစားအစာသည် ဆေးဝါးဖြစ်ပြီး ရောဂါကာကွယ်တားဆီးရေးအတွက် အရေးကြီးသည်။ ဝက်သားသည် သွေးကို အာဟာရပေးပြီး သက်ရှိသတ္တဝါအားလုံးမှတစ်ဆင့် စီးဆင်းသည့် အရေးပါသောအသက်စွမ်းအား Qi ကို ခိုင်မာစေသည်ဟု ယုံကြည်ကြသည်။
၀က်သားသည် ရံဖန်ရံခါဇိမ်ခံပစ္စည်းသဖွယ်ဖြစ်သော်လည်း ၀င်ငွေမြင့်တက်ခြင်းနှင့်အတူ တရုတ်နိုင်ငံတစ်ဝှမ်း စားသုံးမှုမြင့်တက်နေသည်။ ဤသို့တိုးပွားလာသော ဝက်သားစားချင်စိတ် များပြားခြင်းကြောင့် ပထဝီနိုင်ငံရေးဆိုင်ရာ မဟာမိတ်များနှင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကို ပြောင်းလဲစေသည်။ ၂၀၁၃ ခုနှစ်တွင် တရုတ်ကုမ္ပဏီ WH Group က အမေရိကန်ဝက်သားထုတ်လုပ်သူ Smithfield ကို ဝယ်ယူလိုက်ခြင်းဖြင့် ၎င်းသည်ကမ္ဘာပေါ်တွင် အကြီးမားဆုံးဝက်သားကုမ္ပဏီ ဖြစ်လာသည်။
WH လုပ်ငန်းစုသည် ယခုအခါ ကြီးမားကျယ်ပြန့်သော မိသားစုလယ်ယာမြေများနှင့် တရုတ်နိုင်ငံ ပြင်ပရှိ စက်မှုလုပ်ငန်းများ လုပ်ကိုင်ခြင်းများကို ပိုမိုကျယ်ပြန့်စေသည်။ သို့သော် ဤစက်မှုဇုန်ဝက်မွေးမြူရေးခြံများသည် အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသေ အသိုင်အဝိုင်းအတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ပြဿနာ ဖြစ်နေစေသည်။
အမေရိကန်ကဲ့သို့သောနိုင်ငံများသည် အစာခေါင်းပါးမှုကို ကာကွယ်ရန်နှင့် စားနပ်ရိက္ခာဈေးနှုန်းများကို ထိန်းချုပ်ရန် ဂျုံစပါးများ ရှိသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဝက်သား အရန်သိုလှောင်ထားသည့် တစ်ခုတည်းသောနိုင်ငံဖြစ်ပြီးသန်းနှင့်ချီသော ဝက်အရှင်များနှင့် မရေတွက်နိုင်သော အေးခဲဝက်သား တန်ချိန်များစွာတို့ကိုပြည်တွင်းနှင့်ပြည်ပ အရင်းအမြစ်များမှ ရယူသိုလှောင်ထားသည်။ ဝက်သားဈေးမတက်အောင် ထိန်းပေးခြင်းဖြင့် စားသောက်ကုန် ဈေးနှုန်းများ ဈေးမတက်အောင် ထိန်းရသည်၊
၂၀၀၈ ခုနှစ်တွင် တရုတ်နိုင်ငံတွင်စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာသည့်အခါ အစိုးရသည် အဆိုပါ အရံသိုလှောင်ထားသည့် ဝက်သားများဖြင့် ပြည်တွင်းဈေးကွက်ကို ဖြည့်တင်းပေးသည့်အပြင် Smithfield ကုမ္ပဏီထံမှ ဝက်သား အမြောက်အမြားကို တရုတ်ပြည်သို့ မဖြစ်မနေ တင်သွင်းခဲ့သည်။
လူရှန်မြို့မှာ တည်ရှိတဲ့ Weiyang ဝက်ခြံကို အီလက်ထရွန်းနစ်စက်ရုံတစ်ခုအဖြစ် ဆောက်လုပ်ထားပြီး အတိအကျ ထိန်းကျောင်းပေးနေတယ်။ ဝက်တွေကို အကောင်းဆုံးနေထိုင်မှု ရရှိစေတယ်။ လိုအပ်တဲ့ကာယလေ့ကျင့်ခန်းတွေကို အတိအကျ အလိုအပိုမရှိ ရရှိစေတယ်။ အစာကိုလည်း လိုအပ်မယ့် အာဟာရအတိုင်း အတိအကျ ရောစပ်ပြီး ဝက်စာ ထုတ်လုပ်ကာ ကျွေးတယ်။ စိတ်သက်သာရာရဖို့ ငြိမ့်ညောင်းတဲ့ တေးဂီတကို နားထောင်ဖို့ ဖွင့်ပေးထားတယ်။ ဂီတသံကြောင့် အသားအရည်အသွေး ပိုကောင်းသွားစေတယ်။ ဝက်မှာ စိတ်ဒဏ်ပိရင် အသားမှာ cortisol ဟိုမုန်းရေချိန်မြင့်မားနေစေတယ်။ အဲဒီဝက်ကို သားသတ်ရုံမှာ သားသတ်ပြီး ရလာတဲ့အသားက အရောင်မလှဘူး။ မာတယ်။ ခြောက်တယ်။ ဝက်သားလောကမှာတော့ “DFD” (dark, firm, dry) လို့ သုံးနှုန်းကြတယ်။
NetEase ထူထောင်သူက ဝက်သားနဲ့ ဝက်သားထုတ်ကုန် ကောင်းကောင်းကို လူတွေ စားကြရဖို့ လုပ်ဆောင်တာမှာ သတင်းနည်းပညာလုပ်ငန်းတစ်ခုက စက်ရုံပုံစံမွေးမြူရေးနယ်ပယ်ထဲကို ရောက်သွားတယ်။ Weiyang က "အင်တာနက် တွေးတောပုံနဲ့ ခေတ်ပေါ်မွေးမြူရေး"တို့ ပေါင်းစပ်ပေးတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက ဆော့ဖ်ဝဲလ်တစ်ခုကို ပြုလုပ်တဲ့အခါ အသေးစိတ် အချက်အလက်တိုင်းကို အတိအကျ လုပ်ကိုင်ပေးကြရတယ်။ အသေးအမွှားကအစ အတိအကျ ဖြစ်အောင် လုပ်ပေးရတယ်။ အဲဒီအတိုင်း ဝက်မွေးမြူရေးမှာ လုပ်ကိုင်ပေးတဲ့အခါ စိတ်ဖိစီးမှုကအစ ဂရုစိုက်ပေးတယ်။
လူကြိုက်များတဲ့ မျိုးစပ် DLY
ကမ္ဘာတစ်လွှားတွင် ဝက်ရဲ့ အသက်ရှင်နေတဲ့ဘ၀ ပိုမိုကောင်းမွန်အောင် လုပ်ပေးဖို့ သိပ္ပံပညာရှင်များ၊ ဝက်နည်းပညာကျွမ်းကျင်သူများ၊ မျိုးရိုးဗီဇစစ်ဆေးခြင်းကုမ္ပဏီများ၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် စက်မှုလယ်ယာလုပ်ငန်းမန်နေဂျာများ ရှိနေကြတယ်။ ဝက် တိုးတက်ကောင်းမွန်ရေး ကော်ပိုရေးရှင်း(Pig Improvement Corporation) ကဲ့သို့သောကုမ္ပဏီများသည် ဝက်မွေးမြူရေးအတွက် အထူးဒီဇိုင်းဆွဲရန်အတွက် ကွန်ပျူတာမျိုးရိုးဗီဇနှင့် နောက်ဆုံးပေါ်ဇီဝနည်းပညာများကို အသုံးပြုကြပါတယ်။ မွေးမြူရေးစနစ် ပိုမိုတိုးတက်လာခြင်းကြောင့် ဝက်များသည် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့ပင် ရုပ်ပိုင်းဆိုင်ရာအရ စံသတ်မှတ်ချက်များ ရှိလာပါတယ်။
တရုတ်နိုင်ငံတွင် စက်မှုစိုက်ပျိုးရေး မစတင်မီ လယ်သမားများသည် ရာနှင့်ချီသော ကွဲပြားခြားနားသော အရွယ်အစားနှင့် ဝက်မျိုးများဖြင့် ဝက်မွေးမြူခြင်းကို ပြုခဲ့ကြပါတယ်။ ဤဝက်မျိုးများသည် ဒေသခံ ရာသီဥတုနှင့်ရောဂါများအတွက် အံဝင်ခွင်ကျဖြစ်ခြင်း၊ စားကြွင်းစားကျန်များသာ ကျွေးခြင်းတို့ဖြင် ရိုးရှင်းလွယ်ကူစွာ မွေးမြူလို့ ရတဲ့ ဝက်မျိုးတွေ ဖြစ်ပါတယ်။
စက်ရုံပုံစံ ဝက်မွေးမြူရေးလုပ်ငန်းမှာတော့ ဝက်အမျိုးအစားတစ်ခုတည်းကိုသာ အသုံးပြုတယ်။ လူကြိုက်များသော မျိုးစပ်ဖြစ်တဲ့ DLY ကို မွေးကြတယ်။ ဝက်မျိုးစိတ်တွေ ဖြစ်တဲ့ Duroc, Landrace နှင့် Yorkshire ဝက်မျိုးများ မျိုးစပ်ထားတဲ့ ဝက်အမျိုးအစား ဖြစ်ပါတယ်။ အဲဒါအပြင် အဲဒီဝက်မျိုးစပ်မှ ပါလာတဲ့ မလိုချင်တဲ့ ဂုဏ်သတ္တိများကို တဖြည်းဖြည်းချင်းတည်းဖြတ်ပေးလျက်ရှိပါတယ်။ ဥပမာ - အမြီး ကို မလိုချင်ဘူး။ ဝက်အရှင်တွေကို ကားပေါ် ရထားပေါ်တင်ပြီး ပူးပူးကပ်ကပ် သယ်ဆောင်တဲ့အခါ ဝက်တွေ စိတ်တိုပြီး တစ်ကောင်အမြီးကို တစ်ကောင်က ကိုက်ဖြတ်ပစ်တယ်။ သယ်ယူပို့ဆောင်ရေးတွင် အနှောင့်အယှက်ဖြစ်စေသော အခြေအနေများ ဖြစ်ပေါ်စေတယ်။
မျိုးရိုးဗီဇထိန်းချုပ်မှု၊ အလိုအလျောက်အစာကျွေးခြင်းနှင့်ရေထုတ်ပေးသည့်စနစ်များနှင့် တင်းကျပ်သောလေ့ကျင့်ခန်းအချိန်များနှင့် ပေါင်းစပ်ပြီး ဝက်များကို လိုချင်တဲ့ အရွယ်အစား အတိအကျ ဖြစ်လာအောင် မွေးမြူပါတယ်။
မည်သည့်လုပ်ငန်းစဉ်ကိုမဆို အပြည့်အဝနဲ့ ထိထိရောက်ရောက်ပြုလုပ်နိုင်ရန်အတွက် အမျိုးမျိုးအဖုံဖုံ အားလုံးကို တိုင်းတာတွက်ချက်ရန် လိုအပ်ပါတယ်။ ဒါပေမဲ့ မရေရာမသေချာတဲ့အပြင် အကျိုးသင့်အကြောင်းသင့် မဖြစ်တဲ့လောကမှာ ဘာကိုမှ အာမခံချက် ပေးလို့ မရဘူး။ စက်မှုစိုက်ပျိုးရေးစနစ်သည် မသေချာမရေရာမှုများကို ဖယ်ရှားပစ်ရန် အမြဲတမ်းကြိုးစားတယ်။ ဒါပေမဲ့လည်း အာဖရိက ဝက်တုပ်ကွေး ပြန့်ပွားလာတာနဲ့အမျှစက်ရုံပုံစံ ဝက်သားမွေးမြူရေးကို ပိုမိုကောင်းမွန်အောင်ကြိုးစားခြင်းသည် မျှော်လင့်မထားတဲ့ နောက်ဆက်တွဲ အကျိုးဆက်များနဲ့အတူ ရှုပ်ထွေးနက်နဲသောစနစ်ကို ဖန်တီးခဲ့ကြောင်းရှင်းရှင်းလင်းလင်း တွေ့ရတယ်။ အလုံးစုံ ထိန်းချုပ်မှုအောက်မှာ ရှိနေမည်ဆိုတာ ထင်ယောင်ထင်မှားဖြစ်စေခဲ့ပါတယ်။
လူထက်သာတဲ့ ဉာဏ်ရည်တု(AI)
လူသား ဝက်မွေးမြူရေးသမားဟာ အကျိုးထိရောက်မှုမရှိ ဖြစ်ရခြင်းအတွက် ရင်းမြစ်လို့ ရှုမြင်တယ်။ သူ သိနိုင်တဲ့ သတင်းအချက်အလက်တွေ အကန့်အသတ် ရှိတယ်။ အချိန် အကန့်အသတ် ရှိတယ်။အဲဒီ အကန့်အသတ်တွေက ဆုံးဖြတ်ချက်ချတဲ့အပေါ် သက်ရောက်မှု ရှိနေတယ်။ ဒီတော့ လူတွေနေရာမှာ ဉာဏ်ရည်တု ( Artificial Intelligence - AI ) စံပုံစံတွေနဲ့ ဘာလို့ အစားမထိုးရမှာလဲ။ အေအိုင်စံပုံစံက အတောမသတ် ဖြစ်နေတဲ့ ဒေတာတွေကို အလှမ်းမီတယ်၊ တွက်ချက်ရာမှာလည်း အတောမသတ် တွက်ချက်ပေးနေနိုင်တယ်။ လူမှာလို အကန့်အသတ်တွေ ရှိမနေဘူး။
အဲဒါကို အကောင်အထည်ဖော်ဖို့ တရုတ်ဧရာမကုမ္ပဏီ အလီဘာဘာက အဆိုပြုတယ်။ "အီးတီ စိုက်ပျိုးရေးဦးနှောက်" လို့ အမည်ပေးထားတဲ့ ထုတ်ကုန်အသစ်နဲ့ စိုက်ပျိုးမွေးမြူရေးအသွင်ပြောင်းမယ်။ တရုတ်ပြည်ရဲ့ အံစရာဝက်သားထုတ်လုပ်မှုကို အားမြှင့်တင်ပေးမယ်လို့ ဆိုတယ်။
ဟံကျိုမြို့ရဲ့ Alibaba Cloud ကို ကျွန်မ သွားကြည့်ခဲ့တယ်။ အလီဘာာဘာရဲ့ cloud computing လက်တံတစ်ခု ဖြစ်ပါတယ်။ သူတို့က ဉာဏ်ရည်တု (artificial intelligence) သုံးပြီး ဝက်တွေကို မွေးမြူဖို့အတွက် စီချန်အခြေစိုက် Tequ Group နဲ့အတူ လက်တွဲပြီး လုပ်ကိုင်နေတယ်။ စက်မှုစိုက်ပျိုးမွေးမြူရေးကို စူးစိုက်ထားတယ်။ Tequ ရဲ့ ရည်မှန်းချက်က တစ်နှစ်လျှင် ဝက်ကောင်ရေ ၁၀ သန်း ထုတ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဖရိက ဝက်တုပ်ကွေး မကူစက်အောင် ကာကွယ်ရေးမှာ အားနည်းနေခဲ့ပြီး Covid-19 ကြောင့် လုပ်သားတွေ အလုပ်ရှိရာဆီသို့ မလာနိုင်ကြတဲ့ ပြဿနာတွေလည်း ရှိခဲ့တယ်။
Alibaba Cloud က မြို့လယ်ကနေ နာရီဝက်လောက် ကားမောင်းသွားရင် ရောက်တဲ့ Cloud Town လို့ အမည်ပေးထားတဲ့နေရာမှာ တည်ရှိပါတယ်။ အမေရိကန်နိုင်ငံ ဆီတဲလ်မြို့မှာ တည်ရှိတဲ့ Amazon Web Services (AWS) ကို သတိရမိစေတယ်။
Amazon နဲ့ Alibaba နှစ်ခုစလုံးက အီး-ကော်မတ်စ် ကုမ္ပဏီတွေအဖြစ်ဖြင့် စတင်ခဲ့ကြတယ်။ ဒီတော့ နှစ်ခုစလုံးက cloud-computing ဝန်ဆောင်မှုတွေ ပေးနေကြတာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။
Alibaba Cloud ကျွမ်းကျင်သူ Jintong က အကျိုးအကြောင်းတွေ ပြောပြတယ်။ ဝက်တွေကို AI သုံးပြီး မွေးမြူရေးဟာ ကုမ္ပဏီအတွက် သဘာဝကျတဲ့ အခွင့်အလမ်းတစ်ခုပါပဲတဲ့။ မွေးမြူရေးက နေသားတကျ ထူထောင်ပြီးသား ဖြစ်ပြီး အကျိုးအဖြစ်ထွန်းဆုံး ဖြစ်လာအောင် Alibaba Cloud က ကူညီပံ့ပိုးမှာ ဖြစ်တယ်လို့ သူက ပြောတယ်။
ဝက်မွေးမြူရေး လုပ်ငန်းကြီးတွေမှာ ဝက်တွေကို အချိန်ပြည့် စောင့်ကြည့်ပေးဖို့ CCTV တွေ ရှိတယ်။ လူတွေက စခရင်ကနေ စောင့်ကြည့်ပေးတယ်။ ဒါပေမဲ့ ရာဂဏန်းအနည်းငယ်ကိုသာ ကြည့်ပေးနိုင်တယ်။ ထောင်သောင်းချီနေရင် ကြည့်ပေးနိုင်တော့မှာ မဟုတ်ဘူး။ တရုတ်ပြည်မှာ ဝက်သားတွေ အံ့စရာဖြစ်အောင် ထုတ်လုပ်ဖို့ဆိုတာ ဝက်ကောင်ရေ သန်းချီပြီး မွေးမြူထားရမယ်ဆိုတော့ လူတွေကိုချည်း အားကိုးနေလို့ မရနိုင်ဘူး။
အလီဘာဘာက ဘယ်လို လုပ်ပေးသလဲ
Alibaba Cloud က ဝက်မွေးမြူရေးလုပ်ငန်းကြီးတွေကို AI မှ တစ်ဆင့် အချက်အလက်တွေ ရယူနိုင်ဖို့ ကူညီပေးတယ်။
ဘယ်လို လုပ်သလဲဆိုတော့ ကြီးမားတဲ့ ဝက်မွေးခြံတွေမှာ ဝက်တွေကို ကိုယ်ပိုင်အမှတ်အသားကို တံဆိပ်ခပ်နှိပ်ပေးထားတယ်။ QR code နဲ့ ဆင်ဆင်တူတဲ့ အမှတ်အသားမျိုး ဖြစ်ပါတယ်။ အဲဒီအမှတ်အသားအရ AI က အဲဒီဝက်ကို စောင့်ကြည့်ပေးတယ်။ ဗီဒီယို အသံဗလံ အပူချိန်တွေအတွက် အာရုံခံကိရိယာတွေ ထားရှိပြီး အဲဒီကိရိယာတွေက သတင်းပေးပို့တဲ့ အချက်အလက်တွေကို အေအိုင်က ရယူတယ်။ ဝက်တွေရဲ့ လှုပ်ရှားမှု ပုံမှန် မဖြစ်ရင် အေအိုင်က ချက်ချင်းသိတယ်။ အပူချိန်ပြောင်းလဲရင်လည်း ချက်ချင်းသိတယ်။ ဝက်ခြံထဲ ဝက်တွေ တိုးဝှေ့နေရင်လည်း ချက်ချင်းသိတယ်။ အဖျားအနာ လက္ခဏာ၊ ရောဂါလက္ခဏာ ပြသရင်လည်း အေအိုင်က သိပေးနိုင်တယ်။
နောက်တစ်ခုက စက်မှ အလိုလို သင်ယူခြင်း စံပုံစံ machine-learning model တွေကိုလည်း အသုံးပြုထားတယ်။ အဲဒီအတွက် ကွန်ပျူတာစက်က သူ့ဘာသာသူ သင်ဖို့ဖိုအတွက် အချက်အလက်တွေ အမြောက်အမြား ကောက်ယူစုဆောင်းဖို့ လိုအပ်တယ်။ ရရှိလာတဲ့ အချက်အလက်အမြောက်အမြားပေါ်မှာ ကွန်ပျူတာစက်က သင်ယူရတာ ဖြစ်ပါတယ်။ အဲဒီအတွကင် ကင်မရာတွေ အာရုံခံ ကိရိယာတွေ သုံးပြီး ၃ လတိုင်တိုင် အချက်အလက်တွေကို ရယူပြီး စနစ်တကျ မှတ်တမ်းတင်တယ်။ အဲဒီတာဝန်ကိ အေအိုင်စံပုံစံက လုပ်ကိုင်ပေးတယ်။ အသုံးတည့်တယ်။ ရရှိလာတဲ့ အချက်အလက်တွေကို ထိထိရောက်ရောက်ဖြင့် ဆန်းစစ်ပေးနိုင်စွမ်း ရှိပါတယ်။ ဘာအချက်အလက်တွေ လိုအပ်နေတယ် ဆိုတာကိုလည်း ပြောပြပေးနိုင်ပါတယ်။
Jintong ရှင်းပြသည့်အတိုင်း အီးတီး စိုက်ပျိုးမွေးမြူရေး ဦးနှောက် ET Agricultural Brain သည် အချက်အလက်များကို အခြေခံ၍ ဆုံးဖြတ်ချက်တွေ ချတယ်။ လူ့စွမ်းရည်ထက် ကျော်လွန်သော တိကျမှုကို ပေးတယ်။ ၎င်းသည် စွယ်စုံဖြစ်ပြီး ၎င်းကိုပေသွင်းးတဲ့ မည်သည့်အချက်အလက်နှင့်မဆို လိုက်လျောညီထွေစွာဖြင့် လုပ်ကိုင်နိုင်စွမ်း ရှိတယ်။
ဆိုလိုသည်မှာ ၎င်းသည် ဝက်မွေးမြူတဲ့ လုပ်ငန်းကြီးတွေကို ကူညီပေးနိုင်သလို ဖရဲသီးတွေ အကြီးအကျယ်စိုက်မယ့် လုပ်ငန်းကိုလည်း ကူညီပေးနိုင်တယ်။ စိုက်ပျိုးရေးသုံး ဒရုံး လုပ်ကိုင်တဲ့ ကုမ္ပဏီတွေကိုလည်း ကူညီပေးနိုင်တယ်။ ဖြစ်ပေါ်နေတဲ့
ရာသီဥတုပေါ် မူတည်၍ ကောက်ပဲသီးနှံများအတွက် အကောင်းဆုံးအချိန်ကို သတ်မှတ်နိုင်သည့်အပြင် အချိုဆုံးအတွက်အသီးများကို မည်သည့်အချိန်တွင် ဆွတ်ခူးရမလဲဆိုတာကိုလည်း ဆုံးဖြတ်ပေးနိုင်တယ်။
လူတွေက သင်ပေးမှ တတ်တဲ့ အေအိုင်
အဲဒီလို လုပ်ကိုင်နေတဲ့ ဒီအစီအစဉ်မှာ လူသားလယ်သမားတွေက ဘယ်နေရာက ပါဝင်ရမှာလဲ။
စက်တွေက အားလုံးအလုပ်လုပ်နေချိန်မှာ သူတို့က အားအားလျားလျား ဖြစ်နေသလား။ လူသားများသည်လိုအပ်နေဆဲဖြစ်ပါတယ်။ အီးတီ စိုက်ပျိုးရေး ဦးနှောက်အနေဖြင့် အလီဘာဘာရှိ အင်ဂျင်နီယာများ သာမက ကွန်ပျူတာစက် စနစ်ပိုင်း လေ့ကျင့်ရေး အချက်အလက်များ ဖန်တီးခြင်းတွင် ပါ၀င်သော လုပ်သားအင်အားစုများသည် ပုံစံများကိုထုတ်လုပ်ခြင်းတွင် ပါဝင်တယ်။ လယ်သမားများသည် ဗီဒီယိုဖိုင်များကို စစ်ဆေးခြင်းနှင့် ရုပ်ပုံများတွင် ဝက်များကို ဖျားနာနေရင် ဒီပုံဟာ ဖျားနာနေတဲ့ဝက် ဆိုပြီး သတ်မှတ်ပေးခြင်း၊ ကျန်းကျန်းမာမာ ဆိုရင်လည်း ကျန်းမာခြင်းလို့ သတ်မှတ်ပေးခြင်း စတဲ့ အချက်အလက် အသိပေးခြင်းတွေကို လုပ်ကိုင်ပေးကြရမှာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် အေအိုင်က လူတွေအစား နေရာဝင်ယူတာ မှန်ပေမဲ့လည်း အေအိုင်အနေဖြင့် လူတွေရဲ့ အကူအညီကို အသည်းအသန် လိုအပ်ပါတယ်။
အဓိကကျတဲ့ ဗဟုသုတအချက်အလက်တွေနဲ့ လေ့ကျင့်ဖို့ အချက်အလက်တွေ ထည့်သွင်းပေးပြီးမှသာ အေအိုင်စံပုံစံကို စတင်သုံးစွဲလို့ ရတာ ဖြစ်ပါတယ်။ သုံးလတိုင်တိုင် အချက်အလက်တွေ ကျွေးပေးပြီးတဲ့အခါမှာ ET Agricultural Brain က "မြင်" နိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်သာ မြင်တာ ဖြစ်ပါတယ်။ အေအိုင်ကို သင်ပေးဖို့ အများကြီး ကြိုးစားအားထုတ်ပေးကြရတယ်။ အဲဒီလို လုပ်ပေးပြီးတာတောင်မှာ အေအိုင် မြင်နိုင်တဲ့ အကြောင်းအရာတွေက အကန့်အသတ်တွေ အများကြီး ရှိနေတဲ့ဟာမျိုးသာ ဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ရလာမယ့် အကျိုးရလဂ်က အင်မတန်ကြီးမားပါတယ်။သန်းပေါင်းများစွာသောဝက်များကို စျေးနှုန်းချိုသာစွာဖြင့် ထုတ်လုပ်နိုင်စေမှာ ဖြစ်ပါတယ်။ လိုအပ်သောဟာ့ဒ်ဝဲ၊ ဒေတာနှင့် တွက်ချက်မှုအချိန်တို့ လိုအပ်ချက်ကြောင့် ဝက်တွေကို သန်းပေါင်းများစွာသော အရေအတွက်ဖြင့် မွေးမြူမှသာ AI ကို အသုံးပြုခြင်းသည် ဆီလျော်မယ်။
သို့သော် Jintong က“ နဂါးခေါင်း”လို့ခေါ်တဲ့ စိုက်ပျိုးမွေးမြူရေးကုမ္ပဏီများဟာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ကိုင်ကြသော်လည်း ဝက်မွေးမြူရေးသမား အငယ်စားများ၏ ကွန်ယက်ကို အားကိုးအားထားပြုတဲ့ ကြီးမားသည့်အမျိုးသားလုပ်ငန်းစုကြီးများ ဖြစ်ပါတယ်။ ၎င်းတိုရဲ့ ဝက်မွေးမြူရေးသမား အငယ်စားများကို တီထွင်ဆန်းသစ်မှုများ မျှဝေပေးလိမ့်မယ်လို့ အကောင်းမြင်ပါတယ်။
အချို့ကုမ္ပဏီများက ဝက်များကို မျက်နှာမှတ်မိခြင်းကဲ့သို့သော နည်းပညာများကို အသုံးပြု၍ AI ၀ က်သားမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ရန် ကြိုးစားနေကြတယ်။
ဒီဆန်းသစ်တီထွင်မှုတွေ အားလုံးရဲ့ နောက်ကွယ်က အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေ ရှိနေတာ မှတ်သားထိုက်တယ်။ ၀က်သား ၀ယ်လိုအားသည် စက်ရုံပုံစံ ဝက်မွေးမြူရေးကို တွန်းပို့ပေးတယ်။ အဲဒီမှာ ရောဂါကူးစက်မှုတွေ ဖြစ်ပေါ်တယ်။ ထိုသို့ ပေါ်ပေါက်လာခြင်းက AI သုံးပြီး ဝက်သားမွေးမြူခြင်းကဲ့သို့သော နည်းပညာအသစ်များကို အကောင်အထည်ဖော်ဖြစ်စေတယ်။ အဲဒီ နည်းပညာတွေက ဝက်သားကို ဈေးချိုသာစွာဖြင့် ရနိုင်စေတယ်။ ဈေးသက်သာတော့ ဝယ်လိုအား ပိုတက်လာတယ်။ လူတွေ သူတို့ စားတဲ့ အစားအစာမှာ ဝက်သားဟာ လိုအပ်တဲ့အသားတစ်မျိုးအဖြစ် သတ်မှတ်လာကြတယ်။ ဈေးသက်သာလို့ တွက်ခြေကိုက်တာကြောင့် ဖြစ်ဖြစ်၊ ဂီတသံနဲ့ မွေးထားတဲ့ ဝက်ရဲ့ အသားဖြစ်လို့ နူးညံ့တာကြောင့် ပိုစားကောင်းလို့ပဲဖြစ်ဖြစ် တခြားအကြောင်းကြောင့်ဖြစ်ဖြစ် ဝက်သားကို လိုအပ်ချက်အဖြစ် သတ်မှတ်ထားလိုက်ကြတယ်။ ဒီတော့ ဖြည့်ဆည်းပေးရမယ့် ဝယ်လိုအား ပမာဏ ပိုများသွားတာကို ဖြည့်ဆည်းပေးနိုင်ဖို့ နည်းပညာတွေ ပိုမိုတိုးတက်အောင် လုပ်ကိုင်ပေးကြတယ်။ အေအိုင်ကိုလည်း သုံးကြတယ်။ အေအိုင်က ပြဿနာများကို ဖြေရှင်းပေးတယ်။ တစ်ချိန်တည်းမှာပဲ အေအိုင် သုံးစွဲတာကြောင့် ထွက်ပေါ်လာတဲ့ ပြဿနာတွေလည်း အဖြေရှာပြီး ဖြေရှင်းပေးသွားရမှာ ဖြစ်ပါတယ်။
ရင်းမြစ်။ theguardian.com
အာရှတိုက်ရဲ့ အကြီးဆုံးဝက်သတ်ရုံကို တရုတ်ပြည်တွင်တည်ဆောက်
တရုတ်၏ဝက်သားဘုရင်နှင့် ကမ္ဘာ့အချမ်းသာဆုံး မွေးမြူရေးသမား Mr Qin
Wednesday, 14 October 2020 12:37
လူမှုဖူလုံရေးအဖွဲ့ COVID-19 Second Wave လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀ % စိစစ်ခွင့်ပြုရေးဘုတ်အဖွဲ့ အစည်းအဝေးမှ စိစစိခွင့်ပြုမည့် စက်ရုံ/အလုပ်ရုံ/အလုပ်ဌာန ၁၃၀ ခု စာရင်းကို
Wednesday, 14 October 2020 09:44
အပင်နှင့် အပင်ထွက်ပစ္စည်းများ၊ ပိုးသတ်ဆေးများနှင့် မြေသြဇာများ တင်သွင်းမှုအတွက် အကောက်ခွန်ဦးစီးဌာနမှ
Tuesday, 13 October 2020 11:26
စက်တင်ဘာလ (၂၅)ရက်နေ့တွင် Guangxi Luobawang Food Co Ltd မှ ထုတ်လုပ်သည့်
Monday, 12 October 2020 20:51
လူမှုဖူလုံရေးအဖွဲ့မှ ထုတ်ပေးသည့် SSB ၄၀% ထောက်ပံ့ငွေနှင့် ပတ်သက်၍ အကျုံးဝင်သည့် စက်ရုံ အလုပ်ရုံ အလုပ်သမားများမှာ-
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀-၉-၂ဝ၂ဝ ရက်နေ့တွင် အမိန့်အမှတ် - ၁၀၇/ ၂ဝ၂ဝ (အောက်တွင် ဖော်ပြပေးထားပါသည်)ဖြင့် ထုတ်ပြန်သည့် Stay at Home အစီအစဉ်အရ ၂၄-၉-၂ဝ၂ဝ ရက်နေ့မှ ၇-၁ဝ-၂ဝ၂ဝ ရက်နေ့အထိ ယာယီရပ်နားထားခဲ့ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် - ၁၉၆/ ၂၀ ၂၀ (အောက်တွင် ဖော်ပြပေးထားပါသည်)နှင့် လိုက်နာ ဆောင်ရွက်ရမည့်အချက်များ ထုတ်ပြန်ချက် တို့နှင့် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအားလုံးသည် SSB ၄၀% ထောက်ပံ့ငွေကို ရရှိကြမည် ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။ လူမှုဖူလုံရေးအဖွဲ့မှ ထုတ်ပေးသည့် SSB ၄၀% ထောက်ပံ့ငွေသည် ယခုကာလ စက်ရုံ၊ အလုပ်ရုံ ဖွင့်ခြင်း၊ ပိတ်ခြင်းကို ရည်ညွှန်းခြင်းမဟုတ်ကြောင်း သိရပါသည်။
Monday, 12 October 2020 18:07
၁။ ကုန်သည်စက်မှုအသင်းချုပ်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရလမ်းညွှန်မှုဖြင့် Stay at Home ကာလအတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားသော လုပ်ငန်းများမှ ဝန်ထမ်းများ မြို့နယ် ဖြတ်ကျော်ရာတွင်


