Food & Livestock
စင်္ကာပူနိုင်ငံတွင် အသားထုတ်လုပ်သည့်ကုမ္ပဏီကို ပိုးဟပ်တွေ့မှုကြောင့် ဒဏ်ရိုက်ခဲ့
စင်္ကာပူနိုင်ငံတွင် ဒေသခံအသားပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုတွင် ၎င်း၏အဆောက်အအုံများကိုပြုပြင်မွမ်းမံရာ၌
ထိန်းသိမ်းမှုညံ့ခြင်းနှင့် အစားအစာသိုလှောင်ခြင်းမှာ သန့်ရှင်းသက်ရပ်မှုအားနည်းခြင်းအတွက် ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၁) ၌ စင်္ကာပူဒေါ်လာ ၁၅၀၀၀ ဒဏ်ငွေချမှတ်ခံရသည်။
သတင်းထုတ်ပြန်ချက်အရ Singapore Food Agency (SFA) က Fuyen Food အဆောက်အအုံများကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ခဲ့စဉ် ချို့ယွင်းချက်ပေါင်းများစွာ တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

ကုန်ကြမ်းသိုလှောင်ခန်းများနှင့် ထုတ်လုပ်မှုပိုင်းတွင် ပိုးဟပ်များကျနေခြင်းအပါအဝင် ချို့ယွင်းချက်ပေါင်းများစွာထဲတွင် အဆောက်အဦးထိန်းသိမ်းရေးညံ့ဖျင်းခြင်း၊ ထုတ်လုပ်မှုပိုင်းတွင် သန့်ရှင်းမှုအားနည်းခြင်းနှင့် သိုလှောင်မှုအလေ့အကျင့်၌ ညစ်ပတ်ခြင်းတို့ ပါဝင်သည်။ ချက်ပြုတ်ပြီးသား အစားအစာများကို ချက်ချင်းရှင်းပစ်ခဲ့သည်ဟု SFA ကပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှစ၍ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ စုစုပေါင်း ၁၃ ရက်အတွက် ကုမ္ပဏီ၏လုပ်ငန်းလိုင်စင်ကို ဆိုင်းငံ့ထားခဲ့သည်။ Fuyen Food သည် ချို့ယွင်းချက်များကို ပြုပြင်ပြီးသည့်နောက်တွင် ၎င်း၏ထုတ်လုပ်မှုပိုင်းကို သန့်ရှင်းမှုပိုမိုတိုးတက်စေရန် လုပ်ဆောင်မှုများ ပြုလုပ်ပြီး ဆိုင်းငံ့မှုကို ရုပ်သိမ်းခဲ့သည်။

By Myanmar Food Guide
Ref : CNA



