Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဥရောပဈေးကွက်သို့ စတင်ဝင်ရောက်နေပြီဖြစ်သည့် လျိုကျိုးလော်ဆစ်ဖန်မြစ်ခရု ခေါက်ဆွဲ

ဥရောပဈေးကွက်သို့ စတင်ဝင်ရောက်နေပြီဖြစ်သည့် လျိုကျိုးလော်ဆစ်ဖန်မြစ်ခရု ခေါက်ဆွဲ Google

စက်တင်ဘာလ (၂၅)ရက်နေ့တွင် Guangxi Luobawang Food Co Ltd မှ ထုတ်လုပ်သည့်

တရုတ်ဆန်ခေါက်ဆွဲအမျိုးအမယ်တစ်မျိုးဖြစ်ကာ လျိုကျိုးမြို့၏ အထင်ကရဟင်းလျာဖြစ်သည့် အသင့်စားလော်ဆစ်ဖန်မြစ်ခရုခေါက်ဆွဲပုံး (၇၆၀) အား လျိုကျိုးအကောက်ခွန်ဌာနက စစ်ဆေး ခွင့်ပြုခဲ့သဖြင့် အီတလီနိုင်ငံသို့ ပို့ဆောင်လိုက်ခဲ့သည်။ ၎င်းပို့ဆောင်မှုက ဥရောပဈေးကွက်သို့ လော်ဆစ်ဖန်မြစ်ခရုခေါက်ဆွဲ တရားဝင် ဝင်ရောက်မှုစတင်ခြင်းလည်း ဖြစ်သည်။

 

Guangxi Luobawang Food Co Ltdအား (၂၀၁၅)ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တည်ထောင်ခဲ့ကာ ၎င်းကုမ္ပဏီမှာ တရုတ်နိုင်ငံတွင် အသင့်စား လော်ဆစ်ဖန်ခေါက်ဆွဲ ထုတ်လုပ်ရာတွင် ဦးဆောင်ကုမ္ပဏီအဖြစ် ရှေ့သို့ရောက်လာခြင်းဖြစ်သည်။

 

“ကိုရိုနာကပ်ရောဂါဖြစ်ပွားစဉ်မှစ၍ စားသုံးသူများ၏ အမူအကျင့်များ ပြောင်း လဲလာပြီး၊ ယခုနှစ်အတွင်း လော်ဆစ်ဖန်ခေါက်ဆွဲ၏ ရောင်းအားမှာ လျင်မြန်စွာတိုးလာပြီး အပတ်စဉ်တိုင်းတွင် ပြည်ပမှ အမှာစာများကို လက်ခံရရှိတယ်လို့” Guangxi Luobawang Food Co Ltdမှ ပြည်ပသို့ ရောင်းချမှုအား တာဝန်ယူထားသူ Chen Zihaoက ပြောကြားထားသည်။

 

ဥရောပဈေးကွက်မှ လော်ဆစ်ဖန်ခေါက်ဆွဲဝယ်ယူမှုတွင် တင်ပြရန်လိုအပ်သော လက်မှတ်များကို လျိုကျိုးအကောက်ခွန်ဌာနက နမူနာများ အားစစ်ဆေးပြီးနောက် ခွင့်ပြုထုတ်ပေးသည်။ ဥရောပနိုင်ငံများမှာ စားသောက်ကုန်အရည်အသွေးနှင့် စိတ်ချလုံခြုံမှုများ အတွက် တင်းကြပ်သည့် စံချိန်စံညွှန်းများနှင့် စီမံကြီးကြပ်သည့် စနစ်များအား ကျင့်သုံး သည့်အတွက် တရုတ်အစားအစာများ (အထူးသဖြင့် ဆန်ဖြင့်ပြုလုပ်သော ထုတ်ကုန်ပစ္စည်းများ) ဥရောပဈေးကွက်သို့ ဝင်ရောက်ရန် အလွန်ခက်ခဲသည် ဟု လျိုကျိုးအကောက်ခွန်ဌာနမှ ဝန်ထမ်းဖြစ်သူ Wu Chunlanက ပြောကြားခဲ့သည်။

 

လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ ကြိုတင်ထုပ်ပိုးပြီး အသင့်စားလော်ဆစ်ဖန် ခေါက်ဆွဲများအား အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ စင်ကာပူ၊ နယူးဇီလန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများအပါအဝင် ပြည်ပနိုင်ငံများသို့ ကျယ်ကျယ်ပြန့်ပြန့်တင်ပို့ ရောင်းချလျက်ရှိသည်။

 

ယခုနှစ် ပထမ (၈)လအတွင်း လျိုကျိုးအကောက်ခွန်ဌာနမှ ယွမ်ငွေ (၂၁)သန်း နီးပါး (အမေရိကန်ဒေါ်လာ ၃.၀၈ သန်း)တန်ဖိုးရှိ လော်ဆစ်ဖန် ခေါက်ဆွဲအသုတ်ပေါင်း (၇၃) ခုအား တင်ပို့ခဲ့ရပြီး ၎င်းပမာဏမှာ (၂၀၁၉)ခုနှစ်က လော်ဆစ်ဖန်ခေါက်ဆွဲ တင်ပို့မှု တန်ဖိုးထက် (၂၂.၅)ဆ မြင့်တက်ခြင်းဖြစ်သည်။

 

Chain tastes success with noodles - Chinadaily.com.cn

 

Hao Luo GuangXi LiuZhou Style Snail Spic- Buy Online in French Polynesia at  Desertcart

 

By Myanmar Food Guide

myantrade

Read times Last modified on Tuesday, 13 October 2020 11:50
Rate this item
(0 votes)