Food & Livestock
Thursday, 26 November 2020 11:15
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Wednesday, 25 November 2020 11:38
Covid-19 ကပ်ရောဂါကြောင့် ရန်ကုန်မြို့နှင့် အနီးရှိ မြို့နယ်များမှ လူဦးရေ၏ လေးပုံ သုံးပုံကျော်မှာ အလုပ်အကိုင်များနှင့် ဝင်ငွေများ ဆုံးရှုံးခြင်း၊ ပျမ်းမျှလစဥ်ဝင်ငွေပမာဏ သုံးပုံတစ်ပုံခန့် ကျဆင်းသွားခြင်း စသည့် အကျပ်အတည်းများနှင့်ရင်ဆိုင်နေရပြီး ဝင်ငွေအခြေခံဆင်းရဲနွမ်းပါးမှုသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇွန်လ အတွင်း ၂၇ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း လေ့လာသိရှိရသည်။
Wednesday, 25 November 2020 11:15
COVID-19 ရောဂါ ကူးစက်ခံရမှုနှုန်း အများဆုံးဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ချေးငွေရယူထားသော အသင်းသား များအတွက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ပေးဆပ်ရန်ရှိသည့် အရင်းနှင့် အတိုးများကို ၂၀၂၁ ခုနှစ်၊ ဧပြီလကုန်အထိ ပေးဆပ်ခြင်းမှ ရွှေ့ဆိုင်းပေးရန် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှထုတ်ပြန်ထားပါတယ်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ပေးဆပ်ရန်ရှိသည့် အရင်းနှင့် အတိုးများကို ၂၀၂၁ ခုနှစ်၊ ဧပြီလကုန်အထိ ပေးဆပ်ခြင်းမှ ရွှေ့ဆိုင်းပေးရန်နှင့် ယင်းကာလအတွက် ပေးဆပ်ရန်ရှိသည့် အရင်းနှင့် အတိုး များကို ၂၀၂၁ ခုနှစ်၊ မေလမှ အောက်တိုဘာလအထိ အရစ်ကျပြန်လည်ပေးဆပ်နိုင်ရန် စီစဉ်ထားပါကြောင်း၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ နစ်နာမှုမရှိစေရန် ယင်းကာလအတွက် ချေးငွေရယူထားသော အသင်းသား များထံမှ ရရန်ရှိသည့် အရင်းနှင့် အတိုးများကို မြန်မာ့စီးပွားရေးဘဏ်မှ သက်ဆိုင်ရာ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ကာလတို အတိုးမဲ့ချေးငွေ (၁) နှစ် သတ်မှတ်၍ ထုတ်ချေးပေးမည်ဖြစ်ကြောင်း ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှထုတ်ပြန်ထားတာဖြစ်ပါတယ်။
ထို့အပြင် ချေးငွေလိုအပ်နေသည့် ပြည်သူများရရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး မကြာခင်ကြေညာသွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ၁၆ ရက်က ပြောကြားတဲ့ မိန့်ခွန်းမှာထည့်သွင်း ပြော ကြားထားပါတယ်။ " ပြည်သူတွေမိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုပံပိုးပေးဖို့အတွက် ချေးငွေလိုအပ်တဲ့ပြည်သူများရနိုင်ဖို့အတွက် စီစဉ်နေပါတယ်။ကျွန်မတို့စပြီးဆွေးနွေးနေပါပြီ။မကြာမီနှစ်ပါတ် သုံးပါတ်လောက်အတွင်းမှာ ဘယ်လိုအစီအစဉ်တွေရှိတယ်ဆိုတာကို ပြည်သူတွေတင်ပြနိုင်မယ်လို့မျှော်လင့်ပါတယ်"ဟုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
Myanmar Labour News
Tuesday, 24 November 2020 13:58
လွန်ခဲ့သည့် တစ်နှစ်က အရှေ့တောင်အာရှ၏ ထိပ်တန်း everyday everything app တစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံရှိ စားသုံးသူများအတွက် မိမိတို့နှစ်သက်ရာ စားသောက်ဖွယ်ရာများကို ရှေ့အရောက် ပို့ဆောင်ပေးနိုင်ရန် GrabFood ဝန်ဆောင်မှုကို စတင် မိတ်ဆက်ခဲ့ပါသည်။
Tuesday, 24 November 2020 12:50
Unilever ၏ မူလအစတွင် ရေခဲမုန့်စက်ရုံလုပ်ငန်းတစ်ခု ပါဝင်ပတ်သက်ခဲ့သည်။
Monday, 23 November 2020 17:28
လက်ရှိ စပါးပေါက်ဈေးသည် အစိုးရကသတ်မှတ်ထားသည့် စပါးတင်း ၁၀၀ ၏ အခြေခံ ရည်ညွှန်းဈေးနှုန်း ထက်
Monday, 23 November 2020 15:56
မလေးရှား နိုင်ငံမှာ ပြည်တွင်း စားသုံးရန် စတင်ထုတ်လုပ်ခဲ့တဲ့ စားသောက်ကုန်တွေမှာ ပြည်ပဈေးကွက်တွေမှာ အကြီးအကျယ် အောင်မြင်နေတဲ့ စားသောက်ကုန် အမှတ်တံဆိပ် အချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။
Monday, 23 November 2020 11:56
အေးခဲထားသော သားစိမ်းငါးစိမ်းေပါ်မှ ကိုဗစ်ပိုးအပေါ် စိုရိမ်းမှုများ တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသဖြင့် တရုတ်နိုင်ငံရှိ ဆိပ်ကမ်းများတွင် အေးခဲသားစိမ်းငါးစိမ်း ပါသည့် အအေးပေးကွနန်တိန်နာများကို စစ်ဆေးမှု တင်းတင်းကျပ်ကျပ် ဆောင်ရွက်သည့်အတွက် ကုန်တိန်နာ ထုတ်ယူသည့် လုပ်ငန်းစဉ်များ အချိန်ပိုကြာပြီး နှောင့်နှေးမှုများ ဖြစ်ပေါ်နေသည်။
Monday, 23 November 2020 10:55
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မန်ကျီးတောကျေးရွာနှင့် အခြားကျေးရွာများတွင် စက်စွမ်းအားဖြင့် ရေတင်ကာ စိုက်ပျိုးထားသည့် ပဲမြစ်စိုက်ခင်းများမှ ပဲမြစ်များ လှိုင်လှိုင်ပေါ်လျက်ရှိရာ အဖွင့်ဈေး ပဲမြစ်ထိပ်စ တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀၊ အလတ်စ တစ်ပိဿာ ငွေကျပ် ၂၅၀၀ ဖြင့် တွင်ကျယ်စွာ ရောင်းချလျက်ရှိကြောင်း တံတားဦးမြို့ ဧရာဝတီ မကျီးတော ပဲမြစ်ရောင်းဝယ်ရေး ကိုနေဝင်းထံမှ သိရသည်။


