Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း၌ အလှမွေးငါး မွေးမြူသူများလာသဖြင့် ယခင်ထက် ဈေးကွက်ကောင်းမွန်လာ

ပြည်တွင်း၌ အလှမွေးငါး  မွေးမြူသူ များလာသဖြင့်    အလှမွေးငါး ဈေးကွက်သည် ယခင်ကထက် ပိုမိုကောင်းမွန်လာကြောင်း မြန်မာနိုင်ငံ  

အလှမွေးငါးလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး () ဦးခင်မောင်ဦးထံမှ သိရပါတယ်။

 

ရန်ကုန်မြို့၌ အလှမွေးငါးများကို ဟိုတယ်များ၊ စားသောက်ဆိုင်များ၌  မွေးမြူသည် သာမက  ယခုနောက်ပိုင်းတွင်  အိမ်များတွင်ပါ တစ်ပိုင်တစ်နိုင် မွေးမြူသူများလာသဖြင့် အလှမွေးငါးဈေးကွက်သည် ယခင်ကထက် ပိုမိုကောင်းမွန် လာကြောင်းနှင့် ပြည်ပ မှဝယ်ယူသည့် ငါးမျိုးများကို သားဖောက်ကာ ပြန်လည်ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။

 

''ဈေးနှုန်းက အမျိုးမျိုးရှိတယ်။  မျိုး ကောင်းတဲ့ငါးဆိုရင် ဈေးနည်းနည်းပိုတယ်။ ပြည်ပကငါးနဲ့ ပြည်တွင်းကငါး အရွယ်တူပေမယ့် ဈေးနည်းနည်းကွာတယ်။ ပြည်တွင်း ကငါးဆိုရင် ပြန်ရောင်းရင် ငွေကျပ် ၃ဝဝဝ၊ ၄ဝဝဝ ပဲရတယ်။ ပြည်ပကငါးဆိုရင် ငွေကျပ် ၈ဝဝဝ၊ ၁ဝဝဝဝ ဝယ်ရတယ်။ ပြည်တွင်းကငါးကို လူတိုင်းဝယ်မွေးနိုင်တယ်''ဟု အလှမွေး ငါးလုပ်ငန်းလုပ်ကိုင်သူ ဦးကိုနိုင်ကပြောကြားခဲ့ပါတယ်။

 

လက်ရှိတွင်  ဈေးကွက်၌  ရောင်းချနေ သည့် အလှမွေးငါးအမျိုးအစားပေါင်း ၅၆ မျိုးခန့်ရှိပြီး ဈေးနှုန်းအားဖြင့် တစ်ကောင်လျှင် ငွေကျပ် ၂ဝဝ မှ ငွေကျပ် ၁ဝဝဝဝ အထိ  ဈေးနှုန်းအမျိုးမျိုးရှိပြီး   နိုင်ငံခြားမျိုးစိတ်များကို  ပြည်တွင်း၌    ပြန်လည် သားဖောက်၍ မွေးမြူကြပါတယ်။

 

အလှမွေးငါးများကို ယခင်က ကန်တော် ကြီးငါးပြတိုက်၌ သောကြာဈေးအဖြစ် ဖွင့်လှစ်ရောင်းချရာမှ လက်ရှိတွင် ကန်တော်ကြီး ငါးပြတိုက်အဆင့်မြှင့်တင်နေသဖြင့်ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ Sunday Markဟူ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အလှမွေးငါးများ ရောင်းချလျက်ရှိကြောင်း  မြန်မာနိုင်ငံ အလှမွေးငါး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး (ဦးခင်မောင်ဦးကပြောကြားခဲ့ပါတယ်။

 

''ပြည်တွင်းမှာ အလှမွေးငါးမွေးမြူရေးသမားတွေနဲ့ တစ်ပိုင်တစ်နိုင် မွေးသူတွေရှိတယ်။ ပြည်တွင်းမှာပဲ လည်ပတ်ပြီး ရောင်းဝယ်နေကြတယ်။ ပြည်ပက

တင်သွင်းတာရှိပေမယ့်  ပြန်လည်တင်ပို့မှုမရှိသေးဘူး'' ဟု ဦးခင်မောင်ဦး ကပြောကြားခဲ့ပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 11:06
Rate this item
(2 votes)