Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဂရန်အင်းနှင့် တင်ဒါငါးဖမ်းကွက်များ ပထမအကြိမ် လေလံရောင်းချခြင်းကို ယင်းမာပင်ခရိုင်၌ ပြုလုပ်မည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက်

ဂရန်အင်းများ စျေးပြိုင်စနစ်နှင့် တင်ဒါငါးဖမ်းကွက်များ တင်ဒါစနစ်ဖြင့် ပထမအကြိမ် လေလံရောင်းချမည်ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ယင်းမာပင်ခရိုင်အတွင်း ဂရန်အင်းများ ပထမအကြိမ် စျေးပြိုင်စနစ်ဖြင့် လေလံရောင်းချခြင်းနှင့် တင်ဒါ ငါးဖမ်း ကွက်များ တင်ဒါစနစ်ဖြင့် လေလံရောင်းချခြင်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကိုကိုမောင်၏ ပြောပြချက်အရ သိရသည်။

"ကျွန်တော်တို့ ရောင်းချမည့် ဂရန်အင်းများကတော့ ကနီမြို့နယ်က (၁၀)အင်း၊ ယင်းမာပင်မြို့နယ်က (၄)အင်း၊ ဆာလင်းကြီးမြို့နယ်က (၃)အင်းနဲ့ စုစုပေါင်း (၁၇)အင်း လေလံတင်ရောင်ချသွားမှာဖြစ်ပြီး တင်ဒါငါးဖမ်းကွက်များ အနေနဲ့ကတော့ ကနီ မြို့နယ်က ငါးဖမ်းကွက် (၂၀)ကွက်၊ ယင်းမာပင်မြို့နယ်က (၂)ကွက်၊ ဆာလင်းကြီးမြို့နယ်က (၃)ကွက်နဲ့ စုစုပေါင်း ငါးဖမ်းကွက် (၂၅)ကွက်တို့ကို လေလံတင်ရောင်းချသွားမှာ ဖြစ်ပါတယ်၊ ဂရန်အင်းများ စျေးပြိုင် စနစ်နှင့် တင်ဒါငါးဖမ်းကွက်များ တင်ဒါ စနစ်ဖြင့် လေလံရောင်းချခြင်းကို စုပေါင်းပြီး တစ်ကြိမ်တည်းရောင်းချသွားမှာ ဖြစ်ပါတယ်"ဟု လက်ထောက်ဦးစီးမှူး ဦးကိုကိုမောင်က ပြောသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် ဂရန်အင်းများ စျေးပြိုင်စနစ်နှင့် တင်ဒါငါးဖမ်းကွက်များ တင်ဒါစနစ်ဖြင့် ပထမအကြိမ် လေလံရောင်းချခြင်းဆောင်ရွက်နိုင်ရေး ယင်းမာပင်ခရိုင်အတွင်း မြို့နယ်များမှ ရပ်ကွက်/ကျေးရွာများသို့ လေလံနှင့် ပတ်သက်သည်များကို ဖြန့်ဝေအကြောင်းကြားထားကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)

zawgyi


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဂရန်အင်းများ ဈေးပြိုင်စနစ်နှင့် တင်ဒါငါးဖမ်းကွက်များ တင်ဒါစနစ်ဖြင့် ပထမအကြိမ် လေလံရောင်းချမည်ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ယင်းမာပင်ခရိုင်အတွင်း ဂရန်အင်းများ ပထမအကြိမ် ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချခြင်းနှင့် တင်ဒါ ငါးဖမ်း ကွက်များ တင်ဒါစနစ်ဖြင့် လေလံရောင်းချခြင်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကိုကိုမောင်၏ ပြောပြချက်အရ သိရသည်။

"ကျွန်တော်တို့ ရောင်းချမည့် ဂရန်အင်းများကတော့ ကနီမြို့နယ်က (၁၀)အင်း၊ ယင်းမာပင်မြို့နယ်က (၄)အင်း၊ ဆာလင်းကြီးမြို့နယ်က (၃)အင်းနဲ့ စုစုပေါင်း (၁၇)အင်း လေလံတင်ရောင်ချသွားမှာဖြစ်ပြီး တင်ဒါငါးဖမ်းကွက်များ အနေနဲ့ကတော့ ကနီ မြို့နယ်က ငါးဖမ်းကွက် (၂၀)ကွက်၊ ယင်းမာပင်မြို့နယ်က (၂)ကွက်၊ ဆာလင်းကြီးမြို့နယ်က (၃)ကွက်နဲ့ စုစုပေါင်း ငါးဖမ်းကွက် (၂၅)ကွက်တို့ကို လေလံတင်ရောင်းချသွားမှာ ဖြစ်ပါတယ်၊ ဂရန်အင်းများ ဈေးပြိုင် စနစ်နှင့် တင်ဒါငါးဖမ်းကွက်များ တင်ဒါ စနစ်ဖြင့် လေလံရောင်းချခြင်းကို စုပေါင်းပြီး တစ်ကြိမ်တည်းရောင်းချသွားမှာ ဖြစ်ပါတယ်"ဟု လက်ထောက်ဦးစီးမှူး ဦးကိုကိုမောင်က ပြောသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် ဂရန်အင်းများ ဈေးပြိုင်စနစ်နှင့် တင်ဒါငါးဖမ်းကွက်များ တင်ဒါစနစ်ဖြင့် ပထမအကြိမ် လေလံရောင်းချခြင်းဆောင်ရွက်နိုင်ရေး ယင်းမာပင်ခရိုင်အတွင်း မြို့နယ်များမှ ရပ်ကွက်/ကျေးရွာများသို့ လေလံနှင့် ပတ်သက်သည်များကို ဖြန့်ဝေအကြောင်းကြားထားကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)

Read times
Rate this item
(0 votes)