Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်ဆန် ဈေးကွက်အဝယ် ရပ်နေသောကြောင့် သိုလှောင်သူများသာ အကျဈေးဖြင့် ဝယ်ယူနေ

ယခုအခါ တရုတ်နှစ်သစ်ကူးကာလ မူဆယ်ဆန်ဈေးကွက် အဝယ်ရပ်နေသောကြောင့် သိုလှောင်သူများ ကသာ အကျဈေးနှုန်းဖြင့် ဝယ်ယူလျက်ရှိပြီး

ကားအစီးရေ အနေဖြင့် ၁ဝ ရာခိုင်နှုန်းဝန်းကျင်သာ သွားလာနေကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း (ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရသည်။

 

မူဆယ်ဆန် ဈေးကွက်တွင် ယခင်တစ်ပတ်က ၅ မှတ်ဆန်တစ်အိတ်လျှင် ငွေကျပ်၂၃ဝဝဝ ဝန်းကျင်ရှိရာမှ ယနေ့တွင် ငွေကျပ် ၂၁ဝဝဝ ဝန်းကျင်ဖြင့် ဝယ်ယူနေကြောင်း သိရသည်။

 

''နှစ်သစ်ကူးရက် ဖြစ်တဲ့အတွက် တရုတ်နိုင်ငံဘက်က ဆန်အရောင်းအဝယ်တွေ ရပ်သွားပြီ။ ဒီရက်မှာ ဈေးနည်းနည်း သက်သာတော့ ဝယ်ပြီး လှောင်တဲ့သူတော့ရှိတယ်။

 

ဆန်ကဝယ်လို့ သိပ်မကောင်းဘူး။ နှစ်သစ်ကူးပြီးရင် အရောင်းအဝယ် ပြန်ဖြစ်ဖို့ မျှော်လင့်ပါတယ်'' ဟု ဦးသန်းဦးက ပြောသည်။

 

ထို့ပြင် ဥရောပသမဂ္ဂ ဈေးကွက်မှ အခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းလိုက်၍ ဆန်များကို ဈေးချ ဝယ်ယူနေသည့်အပြင် ငွေဈေး အေးနေကြောင်း သိရသည်။

 

''အခုက နွေစပါးပေါ်ဖို့ကလည်း တစ်လလောက်လိုနေသေးတော့ ဝယ်တဲ့သူ တွေကလည်း ဈေးမပေးနိုင်ဘူး။ ငွေဈေးကလည်း အေးနေတော့ သူတို့ ရောင်းရတဲ့ ဈေးနဲ့ငွေဈေးနဲ့ မကိုက်တော့ အဝယ်နည်းနေတယ်'' ဟု ဦးသန်းဦးက ပြောသည်။

 

မူဆယ် ၁ဝ၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄၄၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၂ သိန်းကျော်၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၇၄ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁ဝ သိန်းကျော်၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂ဝ၈ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ခြောက်သိန်းကျော် တင်ပို့ထားကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Saturday, 02 February 2019 14:36
Rate this item
(1 Vote)