Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရမ်းဗြဲမြို့က ထုတ်လုပ်သည့် မုန့်တီခြောက်များ ယခင်ကထက် ပိုမိုရောင်းအား ကောင်းလာ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှ  ထုတ်လုပ်ရောင်းချနေသည့် မုန့်တီခြောက်များ ယခင်ကထက် ပိုမိုရောင်းအားကောင်းလာကြောင်း မုန့်တီခြောက် လုပ်ငန်းရှင်များထံမှ သိရပါတယ်။

 

''ရခိုင်လူမျိုးတွေဟာ မုန့်တီစားသုံးရတာကို နှစ်သက်ပြီး မုန့်တီဟာ ထမင်းပြီးလျှင် ဒုတိယအဓိကအစားအစာ တစ်ခုဖြစ်ပါတယ်။

 

 

မုန့်တီခြောက်ပြုလုပ်တဲ့အခါ ဓာတုပစ္စည်းတွေ မသုံးဘဲ ပြုလုပ်ထားတာကြောင့် စားသုံးသူတွေ အကြိုက်တွေ့စေပါတယ်။  လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ငါးမြို့နယ်မှာ တွင်တွင်ကျယ်ကျယ် ဖြန့်ဖြူးရောင်းချပေးနေပြီး တခြားဒေသတွေကလည်း မှာယူမှုတွေ ရှိနေပါတယ်''ဟု ရွှေရခိုင်မုန့်တီခြောက် လုပ်ငန်းပိုင်ရှင် ဦးကျော်ကျော်နိုင်က ပြောကြားခဲ့ပါတယ်။

 

 

လက်ရှိတွင်   မုန့်တီအစိုရောင်းချသူ တဖြည်းဖြည်းနည်းပါးလာပြီး မုန့်တီအခြောက် လုပ်ငန်းမှာ ကြာရှည်အထားခံသည့်အပြင် လွယ်ကူစွာ အသုံးပြုနိုင်ခြင်းကြောင့် ပိုမို တွင်ကျယ်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

 

''အရင်ကဆိုရင် တခြားဒေသက တင်ပို့တဲ့ မုန့်တီခြောက်တွေကိုသာ အသုံးပြုခဲ့ရတာကြောင့် သယ်ယူစရိတ် ပိုမိုကုန်ကျတဲ့အပြင် သယ်ယူရာမှာ အပျက်အစီးတွေ လေလွင့်တာတွေ ရှိခဲ့ပါတယ်။ အခုအခါ ကိုယ့်ဒေသတွင်းမှာပဲ ထုတ်လုပ်နိုင်တာကြောင့် ဈေးနှုန်းသက်သာစွာနဲ့ လတ်လတ်ဆတ်ဆတ် စားသုံးနိုင်ပါတယ်။ ဝယ်ယူစားသုံးမှုတွေလည်း ပိုမိုတိုးပွား လာပါတယ်''ဟု ၎င်းကပြောကြားခဲ့ပါတယ်။

 

 

ရမ်းဗြဲမြို့က ထုတ်လုပ်သည့် မုန့်တီခြောက်များကို ရခိုင်ပြည်နယ်အတွင်းရှိ  မြို့များ၌ တင်ပို့ရောင်းချနေသည့်အပြင် ကျောက်ဖြူမြို့၊ ဂွမြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့နှင့် အမ်းမြို့တို့သို့ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရပါတယ်။

 

Source: Myawady

 

Read times Last modified on Tuesday, 18 September 2018 10:20
Rate this item
(1 Vote)