Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပဝယ်လိုအားများ၍ မွန်ပြည်နယ်ထွက် နနွင်းတက်ဈေးကောင်းရ

မွန်ပြည်နယ်အတွင်း ထွက်ရှိသော နနွင်းတက်များကို တရုတ်၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့ မှဈေး အပြိုင်ပေးကာ ဝယ်ယူနေသောကြောင့် ဈေးကောင်းရရှိနေကြောင်း သိရသည်။

 

ထို့ပြင် နနွင်း ကို ပြည်တွင်း ကုမ္ပဏီများကလည်း ဝယ်ယူလျက်ရှိပြီး ပြည်ပသို့တစ်ဆင့် ပြန်လည် တင်ပို့ လျက်ရှိသည်။

 

''တို့ပြည်နယ်ကထွက်တဲ့ နနွင်းက ဆေးဖက်ဝင် တယ်လို့ပြောတယ်၊ ရန်ကုန်မြို့က ကုမ္ပဏီ တွေ မန္တလေးမြို့က လည်းဝယ်တယ်၊ ထိုင်းနိုင်ငံကဆို ကျွန်တော်တို့ပေးတဲ့ ဈေးထက် ပိုအောင်ပေးပြီးတော့ကို ဝယ်တယ်၊ ဈေးကွက်မှာ အဝယ်များနေတယ်''ဟု ပြည်နယ်ပဲနှမ်း ကုန်သည် အသင်း အတွင်းရေးမှူး ဦးကျော်ခိုင်မြင့် ကပြောသည်။

 

ရေးမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူနှင့် မြဝတီတို့၌ နနွင်းကို အဓိကစိုက်ပျိုးကြပြီး ယခုနှစ်တွင် နနွင်း စိုက်ဧက ပိုမိုများပြားလာသည်။ ယခင်နှစ်တွင် နနွင်း တစ်ပိဿာလျှင် ငွေကျပ် ၃၈၅ဝ မှ ၄ဝဝဝ အထိဈေးရှိပြီး လက်ရှိအချိန်တွင် တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ မှ ၆ဝဝဝ ထိ ပေါက်ဈေးရှိနေသည်။

 

''တောင်သူတွေကတော့ ကျွန်တော်တို့ထက် ထိုင်းနိုင်ငံကို ရောင်းချင်တယ်၊ ထိုင်းဘတ်နဲ့ ဝယ်တာကို ပိုပြီးသဘောကျကြတယ်၊ ဟိုဘက်ကလည်း ကျွန်တော်တို့ ထက်ဈေးပို ပေးတယ်'' ဟု ပွဲရုံပိုင်ရှင် ဦးဝင်းနိုင် ကပြောသည်။

 

ပြည်နယ်အတွင်း ထွက်ရှိသော နနွင်းလက်ကျန် မရှိသလောက် ကုန်သွားပြီဖြစ်သောကြောင့် လာမည့် ဖေဖော်ဝါရီလတွင် အသစ်ထွက်ရှိမည့် နနွင်းများ ဈေးပိုကောင်း လာမည်ဖြစ်ကြောင်း သိရသည်။

 

Source: Myawady

 

Read times
Rate this item
(1 Vote)