Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံ တင်ပို့နေတဲ့ ငရုတ်စို ဈေးနှုန်းများ ကျဆင်း

ပြည်တွင်းဈေးကွက်အတွင်း ငရုတ်ခြောက်ဈေးနှုန်း မြင့်တက်နေသော်လည်း တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ငရုတ်စို ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ  ကြက်သွန်နီ၊  ကြက်သွန်ဖြူ  စားဖိုဆောင်သီးနှံများ စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်၏ ပြောဆိုချက်အရ သိရပါတယ်။

 

လက်ရှိတွင်     အိန္ဒိယငရုတ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ ဝန်းကျင်၊ ပြည်တွင်းမှထွက်ရှိသည့်  ငရုတ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၅ဝဝ ဝန်းကျင် အထိ  ဈေးနှုန်းရှိပြီး  ယခင်က  ငရုတ်စို တစ်ပိဿာလျှင်  ငွေကျပ်  ၈၅ဝဝ ဝန်းကျင် ရှိခဲ့ရာမှ   လတ်တလောတွင်    ငွေကျပ်  ၁၂ဝဝ ဝန်းကျင်သာ ရှိကြောင်း သိရပါတယ်။

 

ယင်း ငရုတ်စိုဈေးနှုန်း ကျဆင်းခြင်းမှာ ဝယ်လိုအား နည်းပါးနေခြင်းကြောင့်ဖြစ်ပြီး ပြည်တွင်းမှထွက်ရှိသည့်  ငရုတ်မျိုးများအနက် နိုင်ငံခြားမျိုးဖြစ်သည့် ၆၉၂ မျိုးကို တရုတ်နိုင်ငံက     အဓိက ဝယ်ယူလျက်ရှိကြောင်း သိရပါတယ်။

 

ငရုတ်ကို ပြည်တွင်း၌ ဒေသမျိုးများ အပါအဝင် ပြည်ပမျိုးပေါင်းခြောက်မျိုးခန့် စိုက်ပျိုး လျက်ရှိပြီး ထိုင်းနိုင်ငံမှ အမျိုးအစားအားလုံး နီးပါးဝယ်ယူကာ ယင်းမှတစ်ဆင့် မလေးရှား၊  ကမ္ဘောဒီးယားနှင့်  ဗီယက်နမ် စသည့်နိုင်ငံ တို့သို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။

 

Read More >>>>>   ကြက်သွန်နီ အဝင်များသော်လည်း ဈေးမကျဘဲ ဆက်လက်ရှိနေ

 

ပြည်တွင်း ငရုတ်ကို  ဧရာဝတီတိုင်း ဒေသကြီးအပါအဝင် ကျောက်ဆည်၊ မြစ်သား၊ ဟန်မြင့်မိုရ်  စသည့် အထက်ဒေသတို့၌ စိုက်ပျိုးလေ့ရှိကာ ဧရာဝတီတိုင်းဒေသကြီး ရှိ  ကုန်းမြင့်ဒေသတို့တွင်  သြဂုတ်လအတွင်း ငရုတ်များ စတင်စိုက်ပျိုးလေ့ရှိကြောင်းသိရပါတယ်။

 

 မြေနိမ့်ဒေသတွင် စက်တင်ဘာလမှသာ  စိုက်ပျိုးလေ့ရှိကြောင်း၊ ရန်ကုန်မြို့  ဘုရင့်နောင် ကုန်စည်ဈေးကွက် အတွင်း   ဆင်ဖြူကျွန်း၊   မြစ်ဝကျွန်းပေါ်၊  ကျောက်ဆည်၊  မြစ်သား၊ မိတ္ထီလာ စသည့်ဒေသတို့မှ ငရုတ်များ ဝင်ရောက်လျက်ရှိပြီး ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှလည်း ငရုတ်ခြောက်များ ဝင်ရောက်လျက် ရှိကြောင်း သိရပါတယ်။

 

#Myanmar Food Industry Directory (WWH)

Read times Last modified on Thursday, 25 July 2019 11:13
Rate this item
(1 Vote)