Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်အဝယ်ရပ်၍ ပြောင်းဈေးကျ

တရုတ်နိုင်ငံဘက်က အောက်တိုဘာလမှစကာ လုံခြုံရေးတင်းကျပ်၍ အဖမ်အဆီးများ ပြုလုပ်နေသည့်အတွက် ပြောင်းတင်ပို့မှု 

ရပ်တန့်ထားရသောကြောင့် ဈေးနှုန်းများ ကျဆင်းလာကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။

 

အောက်တိုဘာလ ပထမအပတ်က ပြောင်းအစေ့ တစ်ပိဿာလျှင် ကျပ် ၆၂၀ ပေါက်ဈေးရှိသော်လည်း အောက်တိုဘာလ နောက်ဆုံးအပတ်မှစကာ တစ်ပိဿာလျှင် ကျပ် ၅၃၀ မှ ၅၂၀ အထိသာ ပေါက်ဈေးရှိကြောင်း ပြောင်းစိုက်ေ
တာင်သူများထံမှ သိရသည်။

 

မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးမင်းခိုင်က “အခုပြောင်းဈေးက တစ်ပိဿာကို တစ်ရာလောက် ကျသွားတာပေါ့။ ပြည်တွင်းကထုတ်တဲ့ ပြောင်းတစ်ဝက်လောက်က တရုတ်ကို ပို့နေတာဆိုတော့ သူ
တို့ဝယ်တာရပ်တော့ ကျသွားတာပါ။

 

ဒီဈေးက တောင်သူအတွက် တွက်ခြေမကိုက်လောက်အောင် ဈေးကွက်ပျက်သွားတာတော့ မဟုတ်သေးဘူး”ဟု ပြောကြားသည်။

 

လက်ရှိတွင် ပြောင်းကို တရုတ်နိုင်ငံသို့ ဘိန်းအစားထိုးဝေစု (Quota) စနစ်ဖြင့်သာ တင်ပို့နေရပြီး အခြား ဆန်နှင့် သကြား တင်ပို့မှုများမှာ ရပ်ဆိုင်းထားရကြောင်း ၎င်းကပြောဆိုသည်။

 

တရုတ်နိုင်ငံသို့ ဆန်နှင့် ပြောင်းအစေ့ တင်ပို့ရာတွင် တရုတ်နိုင်ငံက တရားဝင် သတ်မှတ်ထားသည့် အခွန်နှုန်းမှာ မြင့်မားနေသောကြောင့် တရားမဝင် တင်ပို့နေကြရခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ပြောင်းဖူးအစေ့ အမှန်တက
ယ် တင်ပို့မှုမှာ တစ်နှစ်လျှင် အနိမ့်ဆုံးတန်ချိန် လေးသိန်းမှ အမြင့်ဆုံးတန်ချိန် ၁၂ သိန်းကျော်အထိရှိကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းထံမှ သိရသည်။

 

“သူတို့ပေးတဲ့ တရုတ်ကိုတင်ပို့နိုင်တဲ့ ပြောင်းကိုတာ စနစ်ကမတူဘူး။ တစ်နှစ်ကို တန်ချိန် ငါးသောင်းပေးတာရှိတယ်၊ လေးသောင်းပေးတာရှိတယ်။ ဘိန်းပိုစိုက်တဲ့နေရာတွေကို ပိုဝယ်ပေးတာပေါ့။ အဲလိုမျိုး စနစ်နဲ့ပေးတာ”ဟု ဦးမင်းခိုင်
က ဆက်လက်ပြောဆိုသည်။

 

မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံသို့ လာမည့်ဒီဇင်ဘာလတွင် ပုံမှန်အတိုင်း ပြန်လည် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားပြီး တရုတ်နိုင်ငံတွင် အဖမ်းအဆီးများ ပြုလုပ်နေခြင်းသည် နှစ်လခန့် ကြာမြင့်နိုင်သည်ဟု မူဆယ်ရှိကုန်သည်များက သုံးသပ်ပြောကြားသည်။

 

Source: The Voice

Read times Last modified on Thursday, 08 November 2018 16:42
Rate this item
(0 votes)