Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အာဂျင်တီးနားနိုင်ငံ၌ မိုးခေါင် ရေရှားမှုကြောင့် ကောက်ပဲသီးနှံတင်ပို့မှုပမာဏ ၂၃% ထိ ကျဆင်းနိုင်

အာဂျင်တီးနားနိုင်ငံတွင် မိုးခေါင်ရေရှားမှုကြောင့် ကောက်ပဲသီးနှံများ အထွက်နှုန်းကျဆင်းပြီး ယခုနှစ်တွင် ယခင်နှစ်ကထက်

ပို့ကုန်ပမာဏ ၂၃ ရာခိုင်နှုန်းလျော့နည်းသွားနိုင်ကြောင်း ဗျူနို့အေရိစ်ကောက်ပဲသီးနှံဖလှယ်ရေး အစီရင်ခံစာအရသိရသည်ဟု Buenos Aires Herald သတင်းဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

 

ယခင်နှစ်က ဖြစ်ပွားခဲ့သော မိုးခေါင်ရေရှားမှုသည် အာဂျင်တီးနားနိုင်ငံ၏ နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးမိုးခေါင်ရေရှားမှုဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများနှောင့်နှေးကာ သီးနှံအထွက်နှုန်းများကျဆင်းခဲ့ပြီး ငွေကြေးဖောင်းပွခဲ့မှုများကြောင့် တောင်သူများ ထိခိုက်မှုများခံစားခဲ့ရကြောင်း သိရသည်။

 

Shwe Lamin Electrical

Click Here >>> Shwe Lamin Electrical Trading

အာဂျင်တီးနားနိုင်ငံသည် ကမ္ဘာပေါ်တွင် ပြုပြင်ပြီး ပဲပိစပ်ထိပ်တန်းတင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စပါးနှင့် ဂျုံတင်ပို့မှုတွင် တတိယအများဆုံး တင်ပို့သည့်နိုင်ငံဖြစ်ကြောင်း၊ ယခင်နှစ်မိုးခေါင်ရေရှားခဲ့မှုကြောင့် သီးနှံများထိခိုက်မှုရှိခဲ့သဖြင့် လယ်ယာကဏ္ဍမှတင်ပို့ဝင်ငွေသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၃၃ ဒသမ ၃၉ ဘီလီယံထိကျဆင်းသွားဖွယ်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

လက်ကျန်ရာသီတွင် မိုးရွာသွန်းမှုပုံမှန်မဖြစ်ပါက စိုက်ပျိုးရေးလုပ်ငန်းများ နှောင့်နှေးမှုဖြစ်လာနိုင်ပြီး အကျိုးသက်ရောက်မှု ပိုမိုဆိုးရွားလာနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ယခင်နှစ် စက်တင်ဘာလက ဗျူနို့အေရိစ် ကောက်ပဲသီးနှံဖလှယ်ရေး အစီရင်ခံစာတွင် ပြောင်းတန်ချိန် ၄၈ သန်းနှင့် စပါးတန်ချိန် သန်း ၅၀ ထွက်ရှိရန် ခန့်မှန်းထားသော်လည်း ယခုအစီရင်ခံစာတွင် ပြောင်းတန်ချိန် ၃၈ သန်းနှင့် စပါးတန်ချိန် ၄၄ ဒသမ ၅ သန်းသာထွက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: agriculture.com

Myanmar Food Industry Guide

Read times Last modified on Friday, 17 February 2023 12:00
Rate this item
(0 votes)