Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ဝယ်လက်အချို့  သကြားနဲ့ဆန်ကို ပြည်တွင်းမှာ တိုက်ရိုက်ဝယ်ယူနေ

မူဆယ်နယ်စပ်ကတစ်ဆင့် တရုတ်ဘက်ကို တင်ပို့နေတဲ့လမ်းကြောင်း ယာယီပိတ်ထားတာကို အခွင့်ကောင်းယူပြီး သကြားနဲ့ဆန်ကို ပြည်တွင်းဈေးကွက်မှာ တိုက်ရိုက်ဝယ်ယူနေပါတယ်။

 

အတွင်းထဲထိဆင်း တိုက်ရိုက်ဝယ်ယူနေတယ်လို့တော့ အသံတွေကြားတယ်၊ တိုက်ရိုက်ဝယ်တယ်ဆိုတာကလဲ ပေါ်တင်တော့ ၀ယ်မှာမဟုတ်ဘူးလေ၊ နာမည်ခံတော့ထားမှာ၊ မူဆယ် ကတော့ အရောင်းအ၀ယ်က ဈေးမပါဘူး၊ သူတို့ ၀ယ်လက်က အောက်ဈေးတန်းလောက်ပဲပေးချင်တာ လို့ မူဆယ်ဆန်တင်ပို့နေတဲ့ ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

တရုတ်ဘက်ခြမ်းသယ်ဆောင်ရာလမ်းပိတ်ဆို့မှုရှိနေတာနဲ့ ဆန်ကြမ်းဈေးမြင့်မားလွန်းတာတွေကြောင့် နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့် တရုတ်ကို ဆန်တင်ပို့ရာ မူဆယ်ဈေးကွက်မှာ ဒီရက်ပိုင်း ဆန်အရောင်းအ၀ယ်ကျဆင်းနေကြောင်း သိရပါတယ်။

 

ပြည်တွင်းဝယ်ရင်းဈေး မြင့်မားနေချိန်မှာ နယ်စပ်ဈေးကွက်မှာတော့ တရုတ်ဝယ်လက်ရဲ့  ဈေးနှိမ်ဝယ်ယူမှုကြောင့် အရောင်းအ၀ယ်ကျဆင်းနေရတဲ့ နယ်စပ်ကုန်သွယ်ရေးမူဆယ်ဈေးကွက်က ဆန်အရောင်းအ၀ယ်အခြေအနေဟာ ဒီရက်ပိုင်းတရုတ်ဘက်မှာ နယ်ခြားစောင့်တပ်အချိန်း အပြောင်းကြောင့် သယ်ဆောင်မှုပြဿနာအခက်အခဲ ကြုံနေရပြန်တယ်လို့ ကုန်သည်အချို့ ဆီက သိရပါတယ်။

 

တိုက်ရိုက်ဝယ်လက်တွေကြောင့် မြန်မာနိုင်ငံကနေ တရုတ်ကို ဆန်တင်ပို့ရာမှ မူဆယ်ဆန်ဈေးကွက်ရဲ့  အနေအထား လျော့ကျသွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ မြို့ ခံ ဆန်ကုန်သည်ကြီးအချို့ က ပြောကြား ခဲ့ပါတယ်။

 

မြန်မာ့ဆန်ပြည်ပတင်ပို့မှုဟာ တစ်နှစ်ကို ပျမ်းမျှတန်ချိန်တစ်သန်းဝန်းကျင် ရှိပါတယ်။ အဲဒီကထဲက ၈၀% ခန့်က နယ်စပ်လမ်းကြောင်းတစ်ဆင့် တရုတ်ကို တင်ပို့နေတာဖြစ်ပါတယ်။

 

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတစ်ဆင့် မြန်မာကနေတရုတ်ကို ဆန်တင်ပို့ရာမှာ မန္တလေးဆန်ဈေးကွက်ရဲ့  အခန်းကဏ္ဍဟာ ယခင်က အဓိကကျတဲ့နေရာမှာ ပါဝင်ခဲ့ပေမယ့် တိုက်ရိုက်ဝယ်လက် တွေကြောင့် ယခုအခါမှာတော့ အဓိက ဈေးကွက်ကနေ တဖြည်းဖြည်းလျော့ကျလာတဲ့ အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။

 

ဧရာဝတီကို လှမ်းမမှာဘူး၊ မန္တလေးကဆန်တွေပဲဝယ်တာ၊ ခုကျတော့ လမ်းကလဲပွင့်သွားပြီး အပေါ်ကသူတွေကလည်း မန္တလေးကို တစ်ဆင့်မမှာတော့ဘူး၊ အကြွေးသမားပဲကျန်ခဲ့တယ်၊ လက်ငင်းပေးနိုင်တဲ့သူက အကုန်လုံးတိုက်ရိုက်လှမ်းမှာတော့တာ လို့ ဆန်ကုန်သည် တစ်ဦးက ပြောကြားခဲ့ပါတယ်။

 

နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့် မြန်မာ့ဆန်တရုတ်ကို တင်ပို့ရာမှာ ၂၀၁၁ နိုဝင်ဘာလကစပြီး မြန်မာဘက်ကတရားဝင်ဖြစ်ပေမယ့် တရုတ်ဘက်ခြမ်းမှာတော့ လက်ရှိအချိန်ထိ တရားမ၀င်အဖြစ်သာ ရှိနေပါတယ်။

 

တရုတ်ဘက်က တရားဝင်ဝယ်ယူတာမဟုတ်တဲ့အတွက် မြန်မာ့ဆန်တရုတ်ကို သွားရာလမ်းကြောင်းတစ်လျှောက် တရုတ်ဘက်ခြမ်းမှာ ဖမ်းဆီးမှုတွေ မကြာခဏ ပြုလုပ်ခဲ့ပါတယ်။

 

မတည်ငြိမ်တဲ့ ဈေးကွက်အနေအထားကြောင့် နယ်စပ်လမ်းကြောင်းကတစ်ဆင့် ပြည်ပဆန်တင်ပို့တဲ့ လုပ်ငန်းကို မြို့ ခံဆန်သမားတွေ လက်ရှောင်ကုန်တာကလည်း မြန်မာကနေတရုတ်သို့ ဆန်တင်ပို့ရာမှာ မန္တလေးဆန်ဈေးကွက်ရဲ့  အခန်းကဏ္ဍကို အားလျော့စေခဲ့တယ်လို့ ဆန်ကုန်သည်ကြီး အချို့ က ဆိုပါတယ်။

 

ဆန်လုပ်ငန်းရှင်တစ်ဦးက မူဆယ်က အဓိကဈေးကွက်ဖြစ်သွားတာ မန္တလေးအဓိက ဈေးကွက် မဟုတ်တော့ဘူး၊ မန္တလေးကုန်စည်ဒိုင်မှာ အရောင်းအ၀ယ်လုပ်တဲ့ပုံစံမျိုးလဲ မရှိတော့ဘူးလို့ ဆိုပါတယ်။

 

လက်ရှိအချိန်မှာတော့ မန္တလေးကနေ မူဆယ်ကို ဆန်တင်ပို့နေတဲ့ ဆန်ကုန်သည် ၃၀ ဦးခန့်သာ ရှိမယ်လို့ မြို့ ခံဆန်ကုန်သည်တွေက ခန့်မှန်းပါတယ်။

 

Source: Kumudra

 

Read times Last modified on Tuesday, 18 September 2018 10:09
Rate this item
(1 Vote)