Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပျော်ရွှင်မှုတွေနဲ့အတူ တရုတ်ရိုးရာ လမုန့် ပွဲတော်

ဒီကနှစ်ရဲ့ တရုတ်ရိုးရာ လမုန့်ပွဲတော်ကျရောက်တဲ့နေ့ကတော့ စက်တင်ဘာလ (၁၃) ရက်နေ့ဖြစ်ပါတယ်။

လမုန့်ပွဲတော်ရက်ရောက်ဖို့ လိုသေးတယ်လို့ ပြောလို့ရပေမယ့်လည်း အခုတည်းက လမုန့်ထုတ်လုပ်သူတွေရော၊ ရောင်းချတဲ့သူတွေပါ အာရုံစိုက်နေကြပါတယ်။

 

မုန့်တွေရောင်းတဲ့ ဆိုင်တွေမှာအစ၊ ဟိုတယ်ကြီးတွေအဆုံး လမုန့်တွေချပေးထားကာ စမ်းသပ်မြည်းစမ်းစေလို့ လမုန့်ပွဲတော်ဟာ တစ်စတစ်စ အသက်ဝင်လို့ လာနေပါတယ်။

 

la mote

 

အထူးသဖြင့် ဗီယက်နမ်နဲ့ တရုတ်လူမျိုးတွေဟာ သူတို့စိုက်ပျိုးထားတဲ့ သီးနှံတောင်ယာတွေ ရိတ်သိမ်းအပြီးမှာ အောင်ပွဲဆင်တဲ့အနေနဲ့ ပြုလုပ်ကြတဲ့လမုန့်ကို ကြာစေ့ သို့မဟုတ် ပဲ အနှစ်ကို ကြားကခံကာ ဂျုံနဲ့ရောဖုတ်ထားတာလို့ပဲ ပြောရပါမယ်။

 

la mote 1

 

ဒီလို လမုန့်ပွဲတော်ဆင်နွဲကြရာမှာ အဓိပ္ပာယ်တွေများစွာ ပါဝင်နေတာကိုတော့ ဗဟုသုတအဖြစ် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

la mote 3

 

Read More >>>>>  နှစ်ပေါင်း (၈၀) ကျော် သုတေသနပြုထားသော ဂျပန်နိုင်ငံ ထိပ်တန်း နို့ချဉ်

 

ပွဲတော်ကျင်းပရတဲ့ အဓိကအကြောင်းရင်း (၃) ခု ကတော့ -

 

စုစည်းခြင်း - ဒီအချိန်မှာ မိုးပေါ်က လမင်းကြီး ရွှန်းစိုဝင်းပနေသလိုပဲ တောက်ပနေတဲ့ လမျက်နှာပြင်ဝိုင်းဝိုင်းကြီးကိုအသွင်ယူပြီး မိသားစုတွေ တပျော်တပါးနဲ့ စုရုံးပျော်ပါးစားသောက်ကြတာ

 

ကျေးဇူးတော်ချီးမွမ်းခြင်း - လယ်ယာသီးနှံတွေကို ရိတ်သိမ်းပေးကြတဲ့တောင်သူတွေရဲ့ ကျေးဇူးတော်ကို ချီးမွမ်းတဲ့အတွက်ရယ် စိတ်နှလုံးကြည်ရွှင်လောက်တဲ့အထိ စုစည်းမှုရှိတာ

 

ဆုတောင်းခြင်း - မိသားစုအတွင်းက ကလေးငယ်တွေ၊ ကိုယ့်ဇနီး၊ ခင်ပွန်းတို့အတွက် လှပဖို့၊ အသက်ရှည်ကျန်းမာဖို့နဲ့ ကောင်းမွန်တဲ့အနာဂတ် ရရှိစေဖို့ရာ ဆုတောင်းမှုပြုကြတာ

 

ကဲ..... အားလုံးပဲ လမုန့်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲရင်း စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းကြပါစေ။

 

#Myanmar Food Industry Directory (WWH)

Read times Last modified on Thursday, 01 August 2019 11:26
Rate this item
(0 votes)