Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုလျော့၍ ပြည်တွင်းဆန်ဈေးကျဆင်း

တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု လျော့နည်းခြင်းကြောင့် ရန်ကုန်ဆန်ဈေးကွက်တွင်

ဆန်ကြမ်းဈေးကျဆင်းလာသည်ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရပါတယ်။

 

မူဆယ်မှ တရုတ်နိုင်ငံသို့ ဆန်ရောင်းချသည့် ကုန်သည်အချို့က ငွေကြေးကျပ်တည်းမှုများ ကြုံတွေ့နေသဖြင့် ဘုရင့်နောင်မှ ဆန်အ၀ယ်နည်းခြင်း၊ ပင်လယ်ရေကြောင်းမှ ပြည်ပတင်ပို့ရန် ၀ယ်ယူသည့် ကုန်သည်အချို့က ဈေးလျှော့ဝယ်ယူခြင်းတို့ကြောင့် ဘုရင့်နောင်ဈေးကွက်တွင် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၅၀၀ ခန့်ဈေးကျဆင်းကြောင်း ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

လက်ရှိ ဘုရင့်နောင်ဆန်ဈေးကွက်တွင်၂၅ မှတ်အမျိုးအစား ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၂၀,၅၀၀ မှ ကျပ် ၂၀,၀၀၀ သို့ ဈေးကျလာပြီး တရုတ်ဈေးကွက်မှ ၀ယ်လိုအားကောင်းသည့် ဆန်ကြမ်းရှယ်တစ်အိတ်လျှင် ၂၃,၀၀၀ မှ ကျပ် ၂၂,၅၀၀ သို့ ဈေးကျခဲ့ကြောင်း သိရပါတယ်။

 

မူဆယ်မြို့မှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုက ယခုရက်ပိုင်းတွင် တန်ချိန် ၁,၀၀၀ ခန့်သာရှိသည်ဟု မူဆယ်မြို့မှ ဆန်ကုန်သည်အချို့၏ ပြောကြားချက်အရသိရပါတယ်။

 

မြန်မာနိုင်ငံမှ ရောင်းချသည့် ဆန်ဈေးနှုန်းသည် တရုတ်ကုန်သည်များ ၀ယ်လိုသည့်ဈေးထက် များနေခြင်းကြောင့် အ၀ယ်လျော့နည်းခြင်းဖြစ်ကြောင်း သိရပါတယ်။

 

လက်ရှိပြည်တွင်းဈေးကွက်တွင် စပါးဈေးနှုန်းတင်းတစ်ရာလျှင် ကျပ် ၆၀၀,၀၀၀ ဈေးရှိပြီး လယ်ကွင်းထဲဈေးနှုန်းသည် ကျပ် ၅၅၀,၀၀၀ ဈေးဖွင့်ကြောင်း ဆန်ကုန်သည်အချို့၏ ပြောကြားချက်အရ သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:51
Rate this item
(0 votes)