Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဝယ်လက်များ နည်းပါးလာခြင်းကြောင့် သင်္ဘောသီးစိုက်ခင်းများ အရောင်းအဝယ် ကျဆင်းနေ

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်အုတ်အိုင်ကျေးရွာ၌ သင်္ဘောပင်များကို စီးပွားဖြစ် စိုက်ပျိုးထားသော်လည်း ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်မှဝယ်လက်များမလာကြသည့်အတွက် အရောင်းအဝယ်ကျဆင်းနေ ကြောင်း ဒေသခံ သင်္ဘောစိုက်တောင်သူအချို့ထံမှ သိရသည်။

 

ဘုတလင်မြို့နယ်မှထွက်ရှိသည့် သင်္ဘောသီးများကို ရန်ကုန်၊ မန္တလေးနှင့် ဖားကန့် ဈေးကွက်များသို့ အစိမ်းသီးနှင့် အမှည့်သီးဟူ၍ နှစ်မျိုးတင်ပို့ပေးရပြီး သင်္ဘောသီးအစိမ်းကို နှစ်တင်းအိတ် တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ ရောင်းချ ကာ သင်္ဘောသီးအမှည့်ကို အလုံးအရွယ်အစားအပေါ် မူတည်၍ တစ်လုံးလျှင် ငွေကျပ် ၃၀၀ မှ ငွေကျပ် ၅၀၀ အထိ ရောင်းချရသည်။

 

“မနှစ်ကတော့ သင်္ဘောပင်ကို နှစ်ဧက စိုက်ပျိုးခဲ့တာ ငွေကျပ် ၉၅ သိန်း လောက် ရခဲ့ပါတယ်။ ဒီနှစ်ကတော့ သင်္ဘောသီးကို ခြောက်ဘီးကားနဲ့ ငါးစီး ရောင်းခဲ့တာငွေကျပ်သိန်း ၅၀ လောက်ပဲ ရတယ်။ အရင်းရခဲ့ပေမယ့် အမြတ် ကတော့ သိပ်မကျန်ခဲ့ဘူး။ အခုနောက်ပိုင်း အပင်တွေကိုလည်း မပြုစုဖြစ်တော့ဘူး။

 

ပုံမှန်အစိမ်းခူးရမယ့် အသီးတွေကိုလည်း မခူးဘဲထားလိုက်တော့ မှည့်ပြီး ပျက်စီးကုန်ပြီ” ဟု အုတ်အိုင်ကျေးရွာမှ သင်္ဘောစိုက်တောင်သူ ဦးစန်းငွေက ပြောသည်။

 

သင်္ဘောပင်စိုက်ပျိုးရာတွင် အပင်သက်တမ်း ခုနစ်လမှစ၍ အသီး စတင်ခူးဆွတ်လေ့ရှိကြောင်း၊ သင်္ဘောပင်၏ သက်တမ်းကို နှစ်နှစ်သားအထိ ထားလေ့ရှိပြီး ဘုတလင်မြို့နယ်တွင် အုတ်အိုင်ကျေးရွာသည် သင်္ဘောပင်ကို စီးပွားဖြစ်အများဆုံးစိုက်ပျိုးသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။

 

Myanmar Alinn

Read times
Rate this item
(1 Vote)