Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း၌ စိုက်ပျိုးနေသည့် ကြက်သွန်ဖြူမျိုးများ အထွက်နှုန်း ကျဆင်းလာ၍ မျိုးစိတ်သစ်များ ပြောင်းလဲ စိုက်ပျိုးရန် လိုအပ်

ပြည်တွင်း၌ စိုက်ပျိုးနေသည့်  ကြက်သွန်ဖြူမျိုးများ အထွက်နှုန်း ကျဆင်းလာ၍ မျိုးစိတ်သစ်များ ပြောင်းလဲစိုက်ပျိုးရန် လိုအပ်နေကြောင်း ကြက်သွန်ဖြူစိုက် တောင်သူများ ထံမှ သိရသည်။

 

''အခု တရုတ်နိုင်ငံရဲ့ တစ်ဧကအထွက်နှုန်းက ပိဿာချိန် ၄ဝဝဝ ကနေ ၅ဝဝဝ အထိထွက်တယ်။   ဒီမှာက တစ်ဧက ပိဿာချိန် ၁၈ဝဝ ကျော်ပဲထွက်တော့  နှစ်ဆလောက် အထွက်နှုန်းနည်းနေတာ။  နောက်ပြီး အရည်အသွေးပိုင်း ကျတော့လည်း   မယှဉ်နိုင်ဘူး။

 

သူတို့ဆီမှာစိုက်သလို    နည်းစနစ်တကျနဲ့ မျိုးကောင်းမျိုးသန့်ရရှိပြီး   စိုက်နိုင်မယ်ဆိုရင်  တောင်သူတွေလည်း အဆင်ပြေမယ်။  မြေအမျိုးအစားက မြန်မာနိုင်ငံက ပိုကောင်းပေမယ့်  မျိုးကတော့   ပြောင်းလဲစိုက်ပျိုးဖို့ လိုနေသေး တယ်'' ဟု ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးမြို့ရှိ   ကြက်သွန်ဖြူစိုက် တောင်သူ   ဦးဖြူလွင် ကပြောသည်။

 

တရုတ်နိုင်ငံသည် ကြက်သွန်ဖြူ စိုက်ပျိုးမှုနှင့် ထွက်ရှိမှု အကောင်းဆုံး နိုင်ငံဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ကြက်သွန်ဖြူစိုက်ဧက ခုနစ်သိန်းကျော်ရှိကာ ရှမ်းပြည်နယ် (တောင်ပိုင်း)၌ ကြက်သွန်ဖြူစိုက်ဧက ၃ဝဝဝဝ နီးပါးစိုက်ပျိုးကြပြီး တန်ချိန် ၉ဝဝဝဝ ကျော် ပိုလျှံကြောင်း သိရသည်။

 

 မြန်မာနိုင်ငံ၌  ကြက်သွန်ဖြူကို အောက်တိုဘာလနှင့်  နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ထွက်ရှိကြောင်း၊ စိုက်ပျိုးချိန်အပေါ် မူတည်၍ ဧပြီ လဆန်းပိုင်းတွင်  ကြက်သွန်ဖြူ လှိုင်လှိုင်ထွက်လေ့ ရှိကြောင်း သိရသည်။

 

 လက်ရှိတွင် ပြည်တွင်း၌ စိုက်ပျိုးနေသည့် ကြက်သွန်ဖြူမျိုးများကို ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊  ထူး-၅  ဟူ၍   အဆင့်ခွဲခြား၍ ဈေးကွက်အတွင်း   ရောင်းဝယ်လျက်ရှိပြီး မျိုးခြား ထူး-၁၊ ထူး-၂ တို့ကို ဒေသတွင်း၌သာ  အရောင်း အဝယ်ပြုလုပ်ကြကာ ထူး-၃၊ ထူး-၄၊ ထူး-၅ တို့ကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချကြကြောင်း သိရသည်။

 

Source: Myawady

Read times
Rate this item
(0 votes)