Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာကျော် အမေရိကန်ကော်ဖီဆိုင် The Coffee Bean & Tea Leaf ၏ ၄ခု မြောက် ဆိုင်ခွဲသစ်ကြီး မြန်မာပလာဇာတွင် ဖွင့်လှစ်

၁၉၆၃ခုနှစ်၊ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် ပထမဆုံး စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ကမ္ဘာ့ထိပ်တန်း

Coffee & Tea Franchise Brand အဖြစ် ရပ်တည်လျက်ရှိတဲ့ The Coffee Bean & Tea Leaf (CBTL) () ဆိုင်မြောက် ဆိုင်ခွဲကို ရန်ကုန်မြို့၏ အချက်အချာကျတဲ့ မြန်မာပလာဇာတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

 

ယင်းဆိုင်ဖွင့်ပွဲအခမ်းအနားကို Experience the Extraordinary ဟူသည့် CBTL ၏ ဆောင်ပုဒ်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ CBTL အနေဖြင့် အမေရိကန်နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ဆိုင်ခွဲပေါင်း ၁၄၀၀ ကျော်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး မြန်မာနိုင်ငံရှိ ဆိုင်ခွဲများတွင်လည်း ကမ္ဘာအနှံ့မှ အကောင်းဆုံးသော ကုန်ကြမ်းပစ္စည်းများကို အသုံးပြုပြီး အမေရိကန်နိုင်ငံတွင် ထုတ်လုပ်ထားတဲ့ ကော်ဖီစေ့နှင့် လက်ဖက်ခြောက်များကို မလေးရှားနိုင်ငံတွင် သင်တန်းတက်ရောက်ထားကြ တဲ့ ကျွမ်းကျင် မြန်မာ Coffee Master/Barista များ ကိုယ်တိုင် ဖန်တီးဖျော်စပ်ထားတဲ့ အရည်အသွေးမြင့် Coffee နှင့် Tea Drinks များကို သန့်ရှင်းသပ်ရပ်ပြီး စွဲဆောင်မှုရှိတဲ့ အမေရိကန်နိုင်ငံ၊ တောင်ပိုင်း ကယ်လီဖိုးနီးယား ဒေသ၏ ပျော်ရွှင်ကြည်နူးဖွယ် လူနေမှုပုံစံ ဖန်တီးထားတဲ့ ဆိုင်နေရာ အခင်းအကျင်းတွင် နွေးထွေးသော ၀န်ဆောင်မှုများဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ယနေ့ဖွင့်လှစ်လိုက်သည့် မြန်မာပလာဇာဆိုင်ခွဲအပါအ၀င် ဆိုင်ခွဲပေါင်း ၄ ဆိုင်ရှိသွားပြီဖြစ်ပြီး မကြာမီတွင် ဆိုင်ခွဲသစ်များ ထပ်မံဖွင့်လှစ်သွားရန်လည်းရှိကြောင်း သိရပါတယ်။

Read times Last modified on Monday, 17 September 2018 16:57
Rate this item
(1 Vote)