Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးဆီများ အလွန်အကျွံ မဝယ်သင့်

Unicode >>>>>

စားသုံးဆီများ အလွန်အကျွံ မဝယ်သင့်


ပြည်တွင်းသို့ ပြည်ပမ ှတင်သွင်းသည့်    စားသုံးဆီသင်္ဘောများ ရောက်ရှိမည်ဖြစ် သောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ် စိတ်ဖြင့် အလွန်အကျွံဝယ်ယူရန် မလိုအပ် သည့်အပြင် အရေးပေါ်အခြေအနေတွေ့ ကြုံရပါက သက်ဆိုင်ရာ သံရုံးများနှင့် ချိတ်ဆက်တင်သွင်းနိုင်ရန်  သက်ဆိုင်ရာသို့ တင်ပြထားကြောင်း  မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ  ဦးဆန်းလင်း၏ ပြောကြားချက်အရ  သိရပါတယ်။


Inspection Services ကုန်ပစ္စည်းစစ်ဆေးရေးလုပ်ငန်းများ (၃၈) ခုကိုရှာရန်နှိပ်ပါ။


မန္တလေးမြို့၌  ဆီဆိုင်များပိတ်သိမ်းသည်ဆိုတဲ့ ကောလာဟလ သတင်းများ လတ်တလောတွင်ထွက်ပေါ်နေပြီး ယင်း သတင်းများမှာ မှန်ကန်မှုမရှိသည့်အပြင် အရေးပေါ်အခြေအနေနှင့်  တွေ့ကြုံရပါက   စားသုံးဆီပြတ်လပ်မှု မရှိစေရန် သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရပါတယ်။


“ဆီသင်္ဘောတွေက မပြတ် လာနေတာပါ။ ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ်နဲ့ အလွန် အကျွံမဝယ်သင့်ပါဘူး။ စိုးရိမ် စိတ်နဲ့ ဝယ်လို့ ဈေးတွေတက်လာတာပါ။  အရေးပေါ် အခြေအနေအတွက်  ကျွန်တော်တို့ကနေ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ကို တင်ပြထားတယ်။ မလေးရှားသံရုံးနဲ့ အင်ဒိုနီးရှား သံရုံးတို့ကိုလည်း ညှိနှိုင်းထားတယ်။ ဒီဘက်မှာ အရေးပေါ်အခြေအနေ ကြုံလာရင် ဟိုဘက်ကနေပြီး  စားသုံးဆီနဲ့ ပတ်သက်ပြီး  ဘာတွေ ကူညီပေးနိုင်မလဲ UMFCCI ကနေတစ်ဆင့် ညှိနှိုင်းဆောင် ရွက်နေပါတယ်” ဟု  ဦးဆန်းလင်းကပြောကြားခဲ့ပါတယ်။


ထို့ပြင် စားသုံးဆီတင်ပို့သည့် မလေး ရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှလည်း ဆီအုန်း စက်ရုံများပုံမှန်လည်ပတ်လျက်ရှိပြီး ပြည်ပ နိုင်ငံများသို့  စားသုံးဆီများတင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။


ပြည်တွင်းသို့ တစ်လလျှင် စားသုံးဆီ တန်ချိန်  ခြောက်သောင်းဝန်းကျင် အထိ   ပြည်ပမှ တင်သွင်းလျက်ရှိပြီး စားသုံးဆီ အဓိက တင်သွင်းနေသည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ တို့မှလည်း လက်ရှိအချိန်ထိ ထုတ်လုပ်နေတဲ့အတွက် စိုးရိမ်ရန်မလိုကြောင်း သိရပါတယ်။


Read More >>>>>   မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း သတင်းထုတ်ပြန်ချက်


ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး၌လည်း စားသုံးဆီ သိုလှောင်သည့် သိုလှောင်ကန် ကိုးကန်ရှိကာ စုစုပေါင်း တန်ချိန် ၇၂၀၀၀ သိုလှောင် ထားနိုင်ကြောင်း သိရပါတယ်။


#MFID

Home Page Food

 

Screenshot from 2020 03 26 08 49 32

 

 

Zawgyi >>>>>

 


 


 


 


 


 


 


 


 


 

#MFID

 

 

Read times
Rate this item
(0 votes)