Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကွမ်းသီးများတွင် ခွင့်မပြုသည့် ဓာတုပစ္စည်း အသုံးပြုမှု ၇ဝ ရာခိုင်နှုန်းခန့်ရှိနေ

နေပြည်တော် ကောင်စီနယ်မြေအတွင်း ရောင်းချနေသည့် ကွမ်းသီးများတွင် ခွင့်မပြုသည့်  ဓာတုပစ္စည်းအသုံးပြုမှု   ၇ဝ ရာခိုင်နှုန်းခန့် ရှိနေကြောင်း

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်ထံမှ သိရသည်။

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန၏ စိစစ်မှုအရ မြန်မာနိုင်ငံရှိ အစားအသောက်များ၏ လေးပုံသုံးပုံတွင် အန္တရာယ်ရှိသည့် ဆိုးဆေးများ ပါဝင်နေပြီး  ဈေးကွက်အတွင်းရှိ  ကွမ်းသီးများတွင် အသုံးပြုထားသည့် ဓာတုဆေးဝါး ၇ဝ ရာခိုင်နှုန်းခန့်မှာ ခွင့်ပြုချက်မရှိသည့် ဓာတုပစ္စည်းများ ထည့်သွင်း အသုံးပြုထားခြင်း ဖြစ်ကြောင်း သိရသည်။

 

''ကွမ်းသီးမှာသုံးထားတဲ့  ဓာတုပစ္စည်း ၇ဝ ရာခိုင်နှုန်းလောက်က ခွင့်မပြုတဲ့ ဓာတုပစ္စည်းတွေ ဖြစ်နေတယ်။  အဲဒီခွင့်မပြုတဲ့ပစ္စည်းက ချွတ်ဆေးအနေနဲ့ရော မှိုသတ်ဆေးအနေနဲ့ ပါတာပါ။  ဒါ့ပြင်   အများပြည်သူ သုံးစွဲနေတဲ့  ငါးပိမှာလည်း ၅၄ ရာခိုင်နှုန်းလောက်က လိုဒါမင်းဘီလို့ ခေါ်တဲ့ ဆိုးဆေးတွေ ပါဝင်နေတာတွေ့ရတယ်။ အဲဒါတွေက အစားအသောက်မှာ မသုံးရတဲ့ဆေးတွေပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေး ဗဟုသုတ အသိအမြင်တွေရှိဖို့ လိုပါတယ်'' ဟု ဒေါက်တာခင်ဇော် ကပြောသည်။

 

ပြည်သူများအနေဖြင့်  မိမိတို့ နေ့စဉ် စားသောက်နေသည့် အစားအစာများတွင် ဓာတုပစ္စည်း အသုံးပြုထားခြင်းရှိ၊ မရှိ သိရှိမှသာ သတိပြု ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း  သိရသည်။ 

 

Source: Myawady

Read times
Rate this item
(1 Vote)