Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှစိတ်ဝင်စားလာသော မြန်မာ့စားအုန်းဆီ

ယနေ့ မြန်မာနိုင်ငံတွင် အသင့်အမြန်စား စားသောက်ဆိုင်များ တိုးတက်လာခြင်းကြောင့် ပြည်တွင်းစား

အုန်းဆီဈေးကွက်လိုအပ်ချက်ပိုများလာပါတယ်။ ထို့ကြောင့် အရှေ့တောင်အာရှက စားအုန်းဆီ အများဆုံးထုတ်လုပ်သည့်နိုင်ငံများက မြန်မာနိုင်ငံကို မျက်စိကျနေကြောင်း သိရပါတယ်။


မြန်မာစိုက်ပျိုးရေးဌာန၏ မှတ်တမ်းများအရ ပြီးခဲ့သည့် ခြောက်နှစ်အတွင်း စားအုန်းဆီ တင်ပို့မှုက ၇၅၀,၀၀၀ မက်ထရစ်တန်ထိရှိခဲ့ပြီး ၆၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု သိရပါတယ်။ ၂၀၁၁ မတိုင်ခင်က မြန်မာသည် စားအုန်းဆီဝယ်ယူမှုကို လျှော့ချခဲ့ပြီး နှစ်စဉ်တန်နှစ်သိန်း၊ သုံးသိန်း မျှသာ တင်သွင်းခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက အမြဲတမ်း အတွင်းဝန်၏ ပြောကြားချက်အရ သိရပါတယ်။


စီးပွားရေးအရ နိုင်ငံတကာ ၏အဆက်အသွယ်ဖြတ်ခံထားရာကနေ မြန်မာက ပြန်လည်ဝင်ရောက်လာခဲ့ပြီး နိုင်ငံ၏မထိမတွေ့ရသေးသော အလားအလာကောင်းများက ကေအက်ဖ်စီ ကြက်ကြော်ဆိုင်အပါအဝင် နိုင်ငံတကာကုမ္ပဏီများကို ဆွဲဆောင်လာခဲ့ပါတယ်။


ကေအက်ဖ်စီက၂၀၁၅ တွင် မြန်မာကို ဝင်ရောက် လာသော ပထမဆုံး အနောက်တိုင်း အမြန်စား အစားအသောက် ကုမ္ပဏီဖြစ်ပြီး ယခုအချိန်တွင် မြန်မာ၌ ကေအက်ဖ်စီဆိုင် ၂၃ ဆိုင်ရှိပြီး ၂၀၁၉ မတ်လတွင် ၃၂ ဆိုင်အထိ ဖွင့်သွားဖို့ရှိသည်ဟု ကေအက်ဖ်စီကို မြန်မာမှာ ကိုယ်စားလှယ်ရယူလုပ်နေသည့် ရိုးမ ကုမ္ပဏီထံက သိရပါတယ်။ ယခုအချိန်တွင် ပီဇာဟော့တ်နှင့် ဘာဂါကင်း စားသောက်ဆိုင်ခွဲများ လည်း မြန်မာမှာ ရှိနေပြီဖြစ်ပါ တယ်။


ယခုကဲ့သို့ အမြန်အသင့်စား နိုင်ငံတကာ စားသောက်ဆိုင်ခွဲ များ မြန်မာမှာ ပိုပြီး ဖွင့်လာခြင်းက စားအုန်းဆီလိုအပ်ချက်ကို ပိုတိုးလာစေပါတယ်။ ဈေးနှုန်းသက်သာခြင်းနှင့် ကြော်လှော်ရန်အတွက် စားအုန်းဆီကို မြန်မာစားသောက်ကုန်လုပ်ငန်းက ပိုသဘောကျသည်ဟု အက်ဖ်ဂျီဗီခေါ် မလေးရှား ဖလ်ဒါဂလိုဘယ်ဗန်ချားစ်ကုမ္ပဏီက အမှုဆောင်အရာရှိ ဆာခါရီယာအာရှတ်က ပြောကြားခဲ့ကြောင်း သိရပါတယ်။


သူတို့ကုမ္ပဏီသည် ကမ္ဘာ့ အကြီးဆုံး စားအုန်းဆီထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဆီအုန်းကနေ အခြေခံထုတ်သည့် စားအုန်းဆီများကို ဆာဂျေတံဆိပ် ဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ ရောင်းချနေကြောင်း သိရပါတယ်။


ထို့အတူ မြန်မာမှာ ငွေကြေး သုံးစွဲမှုအားပိုကောင်းလာပြီး လူနေမှုဘဝ အကျင့်ပုံစံများလည်း ပြောင်းလဲလာပြီး တိုင်းပြည် ဈေးကွက် စီးပွားရေးပိုဆန်လာခြင်းနှင့် ပြုပြင်ပြောင်းလဲရေးများက စားအုန်း ဆီတင်ပို့သူတွေကို ပိုလမ်းဖွင့်ပေးခဲ့သည်ဟု မစ္စတာဆာခါရီယာက ဆိုခဲ့ပါတယ်။ သူတို့အက်ဖ်ဂျီဗီကုမ္ပဏီ အနေဖြင့် မြန်မာသို့ ဆီအုန်းကို ပမာဏအမြောက်အမြားတိုးချဲ့ ရောင်းဖို့ရှိသည်ဟု သူက အီး မေးလ်ဖြင့် ဖြေကြားခဲ့ကြောင်း သိရပါတယ်။


ဦးတိုးအောင်မြင့်၏ ပြောကြားချက်အရ မြန်မာသည် စား အုန်းဆီများကို မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ အဓိကဝယ်ယူပြီး အရည်အသွေးကောင်းမွန်သော ဆီများကိုသာ ဝယ်ယူခွင့်ပြုသည်ဟု သိရပါတယ်။ ထို့အတူ ပဲပိစပ်နှင့် နေကြာဆီတင်သွင်းခွင့်ကိုလည်း ခွင့်ပြုထားသည်ဟုသိရပါတယ်။


စက်တင်ဘာ ၃၀ ရက်နေ့ အဆုံးသတ်သည့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်၌ တစ်နှစ်အတွင်း စားအုန်းဆီတင်သွင်းဝယ်ယူမှုသည် တန်ချိန် ၈၂၀,၀၀၀ တန်အ ထိ စံချိန်တင်ရောက်ရှိခဲ့ပါတယ်။ ယခုနှစ်မှာ အဝယ်ကျဆင်းအောင် ဌာနက စီစဉ်ထားသော်လည်း ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ်တွင် ဝယ်ယူမှုက နောက်ထပ် ၄ ရာခိုင်နှုန်းလောက် ပြန်တက်သွားဖို့ရှိသည်ဟု ခန့်မှန်းထားကြောင်း သိရပါတယ်။


မြန်မာနိုင်ငံသည် ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကို ပြည့်မီရန်အတွက် နိုင်ငံခြားက တင်သွင်းမှုကို မှီခိုနေရပြီး ပြည်တွင်းစားသုံးဆီစားသုံးမှု၏ထက်ဝက် ကျော်မှာ စားအုန်းဆီဖြစ်သည်ဟု မလေးရှား ဆေမေးဒါဘိုင်စိုက်ပျိုးရေး ကုမ္ပဏီထံက သိရပါတယ်။


မလေးရှားကနေ တင်သွင်းမှု လတ်တလော ကျဆင်းနေသော်လည်း မြန်မာသည် စားအုန်းဆီဈေးကွက်အတွက် အလားအလာ ကောင်းတစ်ခုလို့ ပြောလို့ရကြောင်း အဆိုပါကုမ္ပဏီ၏ဦးဆောင်ညွှန် ကြားရေးမှူး မိုဟက်ဘက်ဘီ ရှာလ်က အီးမေးလ်ဖြင့် ဖြေကြားခဲ့ပါတယ်။


ကမ္ဘာပေါ်ရှိ အစားအစာကြော်ရာမှာ အကြော်ဆီနှင့် ချောကလက်နှင့် အလှကုန်များမှာ အသုံးပြုသည့်စားအုန်းဆီ ၈၅ ရာ ခိုင်နှုန်းကို အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများတွင် ထုတ်လုပ်ကြောင်း သိရပါတယ်။


Source: 7 day daily

Read times Last modified on Tuesday, 18 September 2018 11:55
Rate this item
(3 votes)