Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဗင်ကားအနောက်မှာ ပီဇာရောင်းပြီး ချမ်းသာလာသည့် ညီအကို

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းကပေါ့ ဂျိမ်းနဲ့ သွန်မ် အီးလီယက် ညီအကိုနှစ်ယောက်က အလုပ်ထွက်ခဲ့ကြတယ် ချေးငွေတင်ပြီးဗင်ကားလေးတစ်စီးငှားရမ်းပြီး လန်ဒန်မြို့ အနီးတစ်ဝိုက် ကားလေးနဲ့ Piaggio ဆိုတဲ့နာမည်နဲ့ ပီဇာလိုက်ရောင်းခဲကြတယ် အခုဆိုရင်တော့ သူတို့ညီအကိုနှစ်ယောက် က ပေါင်စတာလင် ၁၀ သန်းရှိတဲ့ ပီဇာ အရောင်းဆိုင်ကြီးကို ပိုင်ဆိုင်နေပါပြီ။

 

သူတို့တွေအလုပ်ထွက်ခဲ့တဲ့ အချိန်တုန်းက ဂျိမ်းနဲ့ သွန်မ် တို့ဟာ သူတို့အနေနဲ့ နောင်တစ်ချိန်မှာသန်းကြွယ်ချမ်းသာသူတွေဖြစ်လာမယ်လို့စိတ်ကူးမိမှာတောင် မဟုတ်ပါဘူး။အခု ၂၀၂၀ အချိန်မှာတော့ သူတို့ နှစ်ဦးဟာ နှစ်တစ်နှစ်ရဲ့ အရောင်းမှ ရရှိငွေ ပေါင်စတာလင် ၁၀ သန်းရရှိကာ ဆိုင်ခွဲ ၁၃ ခုနဲ့ ဝန်ထမ်း ၂၅၀ လုပ်အားရှိနေတယ်သိရပါတယ်။

 

အသက် ၃၄ နှစ်အရွယ်ရှိ ဂျိမ်းမှ The Mirror သတင်းဌာနကိုပြောကြားချက်အရ ကျွန်တော်တို့မှာ စီစဉ် ဖန်တီးမှု လုံး၀မရှိခဲ့ပါဘူးတဲ့။သူတို့ညီအကိုနှစ်ယောက်က ၂၀၁၁ ခုနှစ်ထဲက ပီဇာကို ရောင်းခဲ့တာဖြစ်ပြီး ဗင်ကားနောက်တွင် မုန့်ဖုတ်စက် တင်ပြီး အီတလီစာ လိုက်လံရောင်းချခဲ့ပါတယ်။'' ကျွန်တော်နဲ့ သွန်မ် တို့ဟာ သာမန်အလုပ်တွေပဲ လုပ်ကိုင်ခဲ့ရတာပါ ကျွန်တော်က ရုပ်သံမှာ လုပ်တယ် သွန်မ်က ကြော်ငြာ ပိုင်းဆိုင်ရာလုပ်ငန်းမှာလုပ်ပါတယ်''

 

တစ်ရက်မှာကျွန်တော်တို့စိတ်ကူးတစ်ခုရလာခဲ့တယ်ကျွန်တော်တို့ မိဘတွေရဲ့ လက်ငုတ်လက်ရင်းဖြစ်တဲ့ အရက်ဘီယာဘား လက်ငုတ်လက်ရင်းကို ပိုကြီးမားအောင် လုပ်ချင်လာတယ် ထို့ကြောင့် ကျွန်တော်တို့တွေ အစားအစာ လုပ်ငန်းအတွက် ကို အခြေချ ဖြစ်တယ်ဆိုပါတော့။

 

ပီဇာရောင်းဖို့ အတွက် စိတ်ကူးရလာကြတယ် အလုပ်ကိုယ်စီ ထွက် ကြတယ် အီတလီ မှာအစားအစာတွေကိုလိုက်မြေးစမ်းပြီး ပီဇာလုပ်နည်းသွားသင်ကြတယ်။ချေးငွေ ပေါင်စတာလင် ၁၀၀၀၀ ထဲက ငွေ ၃၅၀၀ ကိုဗန်ကားဝယ်လိုက်တယ် ကျန်ပိုက်ဆံကို အီတလီမှာ ခြောက်ပတ်နေ ပြီး မုန့်လုပ်နည်းသင်တန်းတတ်ခဲ့တယ်။ပြန်လာပြီးတော့မှ ဘယ်သူမှ မလုပ်သေးတဲ့ လုပ်ငန်းဖြစ်တဲ့ လန်ဒန်တဝိုက် လမ်းဘေးစာ အရောင်းဆိုင်ကားလေးနဲ့ဖွင့်ခဲ့တယ်။

 

"ပီဇာမီးဖိုတစ်လုံးဝယ်လိုက်တယ်၊ ဗင်ကားရဲ့နောက်ဘက်မှာတပ်ဆင်ပြီးတစ်ရက်ကို ၁၀ ပေါင်နဲ့ Soho၊ Berwick လမ်းမှာကားရပ်ရင်းရောင်းချပေးခဲ့တယ်။ "ဂျိမ်းစ်က“ ကျွန်တော်တို့ရောင်းတာလမ်ဘေးအစားအစာပဲ ၊ ပစ္စည်းကို ခိုတာ ကပ်တာမျိုးတော့မရှိဘူး ''

"အခုတောင်မှကျွန်တော်တို့ရဲ့စားဖိုမှူးတွေအားလုံးဟာနေပယ်လ်လူမျိုးတွေဖြစ်ပြီးရောင်းတဲ့ အစားအစာဟာအီတလီအစာတွေပါ။ "

 

ရက်အနည်းငယ်အတွင်းသူတို့၏ဗင်ကား‌က လန်ဒန်ရဲ့နွေရာသီမှာ လူတွေ မျက်စိကျတာခံခဲ့ရတယ်၊ ဗြိတိသျှ Summertime Hyde Park နှင့် V Festival တို့မှာလည်းပီဇာများကိုရောင်းချခဲ့သည်။၁၈ လကြာပြီးတဲ့နောက်ရင်းနှီးမြှုပ်နှံသူတွေရဲ့အကူအညီနဲ့ Pizza Express ကိုဆန့်ကျင်ပြီးပေါင် ၇၀,၀၀၀ နဲ့ပထမဆုံးဆိုင်ကိုဖွင့်နိုင်ခဲ့တယ်။"လေအေးပေးစက် ၊ ရေခဲသေတ္တာ ဘာတစ်ခုမှ မရှိခဲ့ဘူး ''

 

မနက်အစော ၇ နာရီ ထတယ် ဆိုင်ဖွင့်ဖို့ပြင်ဆင်တယ် ၁ နာရီမှာဆိုင်ဖွင့်တယ်။ဆိုင်ရဲ့ အပြင်အဆင်ကအစ ကိုယ်တိုင်ပဲလုပ်တယ်။နောက်နှစ်နှစ်အကြာမှာဂျိမ်းစ်နဲ့ Thom ဟာ Exmouth Market မှာသူတို့ရဲ့ဒုတိယဆိုင်ကိုဖွင့်လှစ်ခဲ့သည်။ ယခုတွင်စုစုပေါင်း ၁၃ ခုရှိသည်။ အောက်စ်ဖို့ဒ် တက္ကသိုလ် ဝန်းထဲမှာ ရှိတဲ့ဆိုင်တစ်ဆိုင်အပါအဝင်ပေါ့။

 

အောင်မြင်ပေမယ့်အခုလို ကိုဗစ်ကာလ မှာတော့သူတို့အတွက် အခက်အခဲအများဆုံးဖြစ်တာကို တွေ့ရတယ်။ထိုအချိန်မှာသူတို့အနေနဲ့ လုပ်ငန်းရဲ့ပုံစံကိုပြောင်းပြီး အိမ်တိုင်ရာရောက် ကားနဲ့ မုန့်လိုက်ရောင်းခဲ့တယ်။ရှိနေတဲ့ အလုပ် သမား ၂၅၀ ကို အလုပ်ဆက်ပေးထားတယ် အရွေ့လေးတစ်ခုနဲ့ လုပ်ငန်းပုံစံကိုပြောင်းနိုင်ခဲ့တယ်။အော်ဒါ တစ်သိန်းကျော် ရတယ် စီးပွားရေးလုပ်ငန်းကအဆင်ပြေနေတုန်းပဲကိုဗစ်ဖြစ်နေလဲအားမလျော့ပါဘူး နောက်နှစ်ထဲ ဘာမင်တွန်မှာဆိုင်အသစ်ဖွင့်ဖို့ ရည်ရွယ် ထားတယ်သိရပါတယ်။

 

Myanmar Food Directory 

Read times
Rate this item
(0 votes)