Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ခ်င္းေတာင္ထြက္ ေကာ္ဖီေစ့ေစ်းျမင့္တက္ေန၍ ေကာ္ဖီစိုက္ေတာင္သူမ်ား တြက္ေျခကိုက္

ခ်င္းျပည္နယ္တြင္ တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ဳိးထုတ္လုပ္သည့္ ခ်င္းေတာင္ေကာ္ဖီေစ့ အေရာင္းအ၀ယ္ေစ်းကြက္တြင္

ယခင္ႏွစ္ကထက္ ေကာ္ဖီေစ့ေစ်းျမင့္တက္လာေသာေၾကာင့္ ေကာ္ဖီိုက္ပ်ဳိးသူမ်ား တြက္ေျခကိုက္၍ အျမတ္က်န္ေနၾကေၾကာင္း ဖလမ္းၿမိဳ႕နယ္ ရာရ္အြမ္ရြာမွ ေကာ္ဖီစိုက္ေတာင္သူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရပါတယ္။

 

လြန္ခဲ့တဲ့ အႏွစ္ေလးငါးဆယ္၀န္းက်င္ ခ်င္းျပည္နယ္မွ ထြက္ရွိသည့္ ခ်င္းမေလးတံဆိပ္ေကာ္ဖီမႈန္႔မွာ ႏိုင္ငံေက်ာ္ အေရာင္းအ၀ယ္ျဖစ္ခဲ့ဖူးေသာ္လည္း ေနာက္ပိုင္းတြင္ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ စိုက္ပ်ဳိးထုတ္လုပ္သူ နည္းပါးခဲ့ၿပီး ေစ်းကြက္အတြင္းမွ ႏွစ္ရွည္ေပ်ာက္ကြယ္ေနခဲ့ရာ ယခုႏွစ္တြင္ ခ်င္းေတာင္သဘာ၀ ေကာ္ဖီစစ္စစ္အမည္ျဖင့္ အေရာင္းအ၀ယ္ ျပန္သြက္လာေၾကာင္း သိရပါတယ္။

 

ခ်င္းျပည္နယ္ထြက္ ေကာ္ဖီေစ့မ်ားကို ကေလးၿမိဳ႕ အေျခစိုက္ ေကာ္ဖီေစ့အ၀ယ္ဒိုင္မ်ားက ၀ယ္ယူၾကၿပီး မႏၱေလး၊ ရန္ကုန္၊ တ႐ုတ္၊ ထိုင္းႏွင့္ စကၤာပူေစ်းကြက္သုိ႔ တင္ပို႔ေရာင္းခ်ၾကၿပီး ၿပီးခဲ့သည့္ ႏွစ္မ်ားက ေကာ္ဖီေစ့တစ္ပိႆာ က်ပ္ ၁၅၀ မွ က်ပ္ ၂၀၀ ၀န္းက်င္ျဖင့္ သာ အေရာင္းအ၀ယ္ျဖစ္ခဲ့ရာမွ ယခုႏွစ္တြင္ ေကာ္ဖီေစ့ တစ္ပိႆာ က်ပ္ ၃၀၀ မွ က်ပ္ ၄၀၀ ၀န္းက်င္အထိ အေရာင္းအ၀ယ္ျဖစ္ခဲ့ေၾကာင္း သိရပါတယ္။

 

Source: Democracy

 

Unicode ျဖင့္ဖတ္ရန္

ချင်းတောင်ထွက် ကော်ဖီစေ့ဈေးမြင့်တက်နေ၍ ကော်ဖီစိုက်တောင်သူများ တွက်ခြေကိုက်
ချင်းပြည်နယ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်သည့် ချင်းတောင်ကော်ဖီစေ့ အရောင်းအ၀ယ်ဈေးကွက်တွင် ယခင်နှစ်ကထက် ကော်ဖီစေ့ဈေးမြင့်တက်လာသောကြောင့် ကော်ဖိီုက်ပျိုးသူများ တွက်ခြေကိုက်၍ အမြတ်ကျန်နေကြကြောင်း ဖလမ်းမြို့နယ် ရာရ်အွမ်ရွာမှ ကော်ဖီစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။
လွန်ခဲ့တဲ့ အနှစ်လေးငါးဆယ်၀န်းကျင် ချင်းပြည်နယ်မှ ထွက်ရှိသည့် ချင်းမလေးတံဆိပ်ကော်ဖီမှုန့်မှာ နိုင်ငံကျော် အရောင်းအ၀ယ်ဖြစ်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးထုတ်လုပ်သူ နည်းပါးခဲ့ပြီး ဈေးကွက်အတွင်းမှ နှစ်ရှည်ပျောက်ကွယ်နေခဲ့ရာ ယခုနှစ်တွင် ချင်းတောင်သဘာ၀ ကော်ဖီစစ်စစ်အမည်ဖြင့် အရောင်းအ၀ယ် ပြန်သွက်လာကြောင်း သိရပါတယ်။
ချင်းပြည်နယ်ထွက် ကော်ဖီစေ့များကို ကလေးမြို့ အခြေစိုက် ကော်ဖီစေ့အ၀ယ်ဒိုင်များက ၀ယ်ယူကြပြီး မန္တလေး၊ ရန်ကုန်၊ တရုတ်၊ ထိုင်းနှင့် စင်္ကာပူဈေးကွက်သို့ တင်ပို့ရောင်းချကြပြီး ပြီးခဲ့သည့် နှစ်များက ကော်ဖီစေ့တစ်ပိဿာ ကျပ် ၁၅၀ မှ ကျပ် ၂၀၀ ၀န်းကျင်ဖြင့် သာ အရောင်းအ၀ယ်ဖြစ်ခဲ့ရာမှ ယခုနှစ်တွင် ကော်ဖီစေ့ တစ်ပိဿာ ကျပ် ၃၀၀ မှ ကျပ် ၄၀၀ ၀န်းကျင်အထိ အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Source: Democracy

Read times Last modified on Tuesday, 18 September 2018 15:52
Rate this item
(1 Vote)