Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Japonica ဆန်အမျိုးအစားကို မြန်မာနိုင်ငံတွင် စမ်းသပ်စိုက်ပျိုးမည်ဖြစ်ကြောင်းသိရ

မြန်မာ-ဂျပန် နှစ်နိုင်ငံပူးပေါင်းပြီး Japonica ဆန်အမျိုးအစားတစ်မျိုးကို မြန်မာနိုင်ငံတွင် စမ်းသပ်စိုက်ပျိုးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံပို့ကုန် ကုန်သွယ်ရေးသုတေသနအဖွဲ့ JETRO ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒီဆန်ကို မြန်မာနိုင်ငံမှာ စိုက်ပျိုးပြီး ပြည်ပနိုင်ငံတွေကိုပါ တင်ပို့ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံ အခြေအနေက အာရှဒေသမှာ အလားအလာကောင်းတွေရှိတဲ့နိုင်ငံအဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ဖို့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း JETRO မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်းသိရပါတယ်။

 

JETRO ကို ၁၉၅၂ ခုနှစ်တွင် အိုဆာကာမြို့ တွင် Japan Export Trade Research Organization အနေဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုမျှခြေဖြစ်ရေးအတွက် ပို့ကုန်မြှင့်တင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

JETRO က ဂျပန်နိုင်ငံ စီးပွားရေး ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် နိုင်ငံတကာ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ် ထားကြောင်း သိရပါတယ်။

 

နောက်ပိုင်းတွင် ကုန်သွယ်ဖက်နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ သွင်းကုန်နှင့် ပို့ကုန်လုပ်ငန်းများမြှင့်တင်ခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ဈေးကွက်ရှာဖွေခြင်း၊ ဂျပန်နိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသူများအား ပံ့ပိုးကူညီပေးခြင်း၊ ဂျပန်နိုင်ငံမှ နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံမည့်သူများအား ကူညီပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

ယင်းအပြင် JETRO ရုံးခွဲများကို အာရှတွင် ၂၇ ခု၊ ပစိဖိတ်ဒေသတွင် ၂ ခု၊ မြောက်အမေရိကဒေသတွင် ၈ ခု၊ တောင်အမေရိကနှင့် အမေရိက အလယ်ပိုင်းဒေသတွင် ၉ ခု၊ ဥရောပတွင် ၁၄ ခု၊ ရုရှားတွင် ၃ ခု၊ အရှေ့အလယ်ပိုင်းဒေသတွင် ၅ ခု၊ အာဖရိကဒေသတွင် ၇ ခု စုစုပေါင်းရုံးခွဲ ၇၅ ခု ဖွင့်လှစ် ထားကြောင်း သိရပါတယ်။

Source: Pyimyanmar

Read times
Rate this item
(1 Vote)