Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အရိုးထုတ်ထားသော ကြက်သားများ ဈေးတက်မည်

အစားအသောက် လက်လီရောင်းချသူတွေဟာ မြောက်အမေရိကမှာ ဆိုရင်အရိုးမဲ့ ကြက်ပေါင်ရင်းအသားများ ၊ ကြက်ပေါင်များလူကြိုက်အတော်များလာတယ်သိရပါတယ်။အကြောင်းဆိုစားရလွယ်ကူပြီး ၊ ခုတ်ထစ်ရန် အခက်အခဲ မရှိတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

 

ကိုရိုနာ ရောဂါဖြစ်ပွားတဲ့ ကာလမှာ အမေရိကန် ၊ ကနေဒါ စတဲ့ အသားငါးထုတ်လုပ်တဲ့ သားသတ်ရုံတွေက ၎င်းတို့ အလုပ်သမားများ ကိုရိုနာ ရောဂါဖြစ်လို့ ပိတ်ထားကြရပါတယ်။အသားငါးခုတ်ထစ်မဲ့ သူတွေမရှိကြပါဘူး။အမေရိက ရဲ့ သားသတ်ရုံတွေ တော်တော်များများ ပိတ်ထားကြတာပါ။

 

ထိုသို့ဖြတ်လပ်ထားပေမယ့်လည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ရဲ့တိုက်တွန်း လုံဆော်ချက်အရ သားငါးများ အရောင်းကတော့ ရှိနေစဲပါပဲလက်ကျန်တွေကိုရောင်းနေတာပေါ့။ဒါ့ထက် တချို့ ကြတော့ လဲ ရှိတဲ့ လူလေး အနည်းငယ်နဲ့ လက်လည်အောင်လုပ်နေကြတယ်သိရပါတယ်။ကနေဒါမှာတော့သားသတ်ရုံတွေ ၃ ပုံ ၁ ပုံလောက် ဆက်လက်လုပ်ကိုင်နေတယ်သိရပါတယ်။

 

ကွီးဘေ့ အခြေစိုက် Goodfood အစားအစာ လုပ်ငန်းစု ကတော့ သူတို့အနေနဲ့ အစားများကို မှာ ယူပါက လအလိုက်စာရင်းနဲ့ပို့ပေးပါတယ် သို့ပေမည့် ကြက်အရိုး ထုတ်တဲ့ လုပ်ငန်းတွေ ရပ်ထားသဖြင့် အရိုးမဲ့ ကြက်သား ကို တော့ မရနိုင်ပါဘူး ဆိုကာပြောကြားခဲ့ပါတယ် ထို Goodfood ဟာ ခပ်ကြီးကြီး လုပ်ငန်းစုကြီးပါ။

 

အသားငါး ရောင်းချ သူတွေဟာ လက်တလောမှာ အလုပ်သမား မလုံလောက်တာနဲ့ ကြုံတွေ့နေရပါတယ်တချို့ လုပ်ငန်းစုတွေဆို သူ့ တို့ လုပ်နေကြလုပ်ငန်းထက် ၅၀ ရာခိုင်နှုန်းထက်နည်းတဲ့ အားဖြင့်သာ လုပ်နိုင်တော့ တယ်သိရပါတယ်။

 

Goodfood ရဲ့ အုပ်ချုပ်မှု့ပိုင်းဆိုင်ရာ အကြီးအကဲ ဖြစ်သူ Jonathan Ferrari ရေးသားချက် အရ ဆို ထိုကြက်သား အရိုး ထုတ်တဲ့ ကိစ္စ တွေကို လုပ်မယ်ဆို အလုပ်အသားတွေ အနေနဲ့ အခြား ကိစ္စ တွေ လုပ်ဖို့ အချိန်ပေးရပါလိမ့်မယ် ဒါကြောင့် လောလော ဆယ်မှာ အရိုးမဲ့ ကြက် ထုတ်လုပ်မှု့ ရပ်စဲ တာ ကောင်းပါတယ်တဲ့။

 

ကြက်သားတွေထဲမှာ အရိုးမဲ့ ကြက်သားကို အနောက်နိုင်ငံသားတွေက အတော်လေး စားသုံးကြပါတယ်။ဆေးကျောသန့်စင် ခုတ်ထစ်တာလွယ်သလို ချက်ပြုတ်တာ အဆင်ပြေပြီး နည်းအမျိုးမျိုး နဲ့ ကို ချက်စားကြတာပါ အခုဆိုရင်တော့ ကိုရိုနာရောဂါ ရှိနေသ၍ အနောက်နိုင်ငံတွေမှာ အရိုးမဲ့ ကြက်သား ရှားပါးနေအုံးမှာပါ လက်ရှိမှာ တော့ အမေရိကမှာ အရိုးမဲ့ ကြက်သားများ ပစ္စည်းတောင်ပျက်လပ်နေပြီ သိရပါတယ်။

 

<<< Zawgyi >>>

 


--------------------

 


 


 


 


 


 


 


 

Ref ; Dailymail 

Read times Last modified on Wednesday, 29 April 2020 15:30
Rate this item
(0 votes)