Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အရသာနှင့်အရောင်အဆင်းစံချိန်မီသော ကျိုင်းတုံဒေသထွက် ရောင်းပန်းလှ ဖရဲသီး

အရသာနှင့်အရောင်အဆင်းစံချိန်မီသော ကျိုင်းတုံဒေသထွက် ရောင်းပန်းလှ ဖရဲသီး google.com

ယခုနှစ်ရာသီပေါ်သီးနှံဈေးကွက်တွင် အရွယ်အစား၊ အရသာနှင့်အရောင်အဆင်း

စံချိန်မီသဖြင့် ကျိုင်းတုံဒေသထွက် ဖရဲသီးများ ရောင်းပန်းလှနေကြောင်း ဖရဲသီးရောင်းချသူများနှင့် စားသုံးသူထံမှ သိရပါတယ်။

 

ယခုနှစ် ဖရဲစိုက်တောင်သူတွေများပြီး အထွက်လည်းကောင်းတော့ ကိုယ့်စိုက်ခင်းကထွက်တဲ့  ဖရဲသီးကို မိုင်းလားအဝေးပြေးကားလမ်းမဘေးမှာ ကိုယ်တိုင်ရောင်းချနေကြောင်း သိရပါတယ်။

 

လက်ကားဈေးပမာဏနှင့် ဖရဲသီးအလုံးလှပေါ်မှာမူတည်ပြီး ပေးတဲ့ဈေးကနည်းနေတော့ အမြတ်မကျန်သည့်အတွက်ကြောင့် ကိုယ်တိုင်ရောင်းချနေကြောင်း သိရပါတယ်။

 

ဖရဲသီးဝယ်သူများအတွက် ဈေးလည်းသက်သာစွာ ရောင်းချပေးနိုင်ပြီး လက်ကားသွင်းဈေးထက်လည်း ပိုရကြောင်း ဖရဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ဖရဲသီးများကို နှစ်စဉ် နိုဝင်ဘာလကုန်တွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် အသီး သီးလေ့ရှိကြောင်း  ဖရဲစိုက်တောင်သူများထံမှ သိရပါတယ်။

 

ဖရဲသီး လက်လီရောင်းချသည့် ဈေးနှုန်းမှာ ဖရဲသီး တစ်လုံးလျှင် ၅၀ဝ ကျပ်မှ  ၂ဝ၀ဝ ကျပ် အတွင်းရှိပြီး အရွယ်အစားနှင့် အလုံးရေပေါ် မူတည်၍ ဈေးနှုန်း အပြောင်းအလဲရှိကြောင်း သိရပါတယ်။

 

ဖရဲသီးကို ကျိုင်းတုံဒေသတွင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ အခြားမြို့နယ်များဖြစ်သော မိုင်းပျဉ်း၊ မိုင်းခတ်၊ မိုင်းဖြတ်၊ တာလေ၊ တာချီလိတ်နှင့် မိုင်းယန်းမြို့နယ်များသို့လည်း တင်ပို့ပေးနေရကြောင်း ဖရဲသီးကုန်သည်များထံမှ သိရပါတယ်။

 

Source: Farmer Journal

Read times Last modified on Wednesday, 19 September 2018 13:47
Rate this item
(1 Vote)