Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပန်းခြံများတွင် စားသောက်ဆိုင်များ စနစ်တကျဖွင့်လှစ်ရန်စီစဉ်

Unicode

ရန်ကုန်၊ ဒီဇင်ဘာလ ၁၀ ရက်


ပန်းခြံများတွင် စားသောက်ဆိုင်များ စနစ်တကျဖွင့်လှစ်ရန်စီစဉ်


ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ရှိ အများပြည်သူအပန်းဖြေအနားယူသည့် ပန်းခြံများတွင် စားသောက်ဆိုင်များ စနစ်တကျဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

 

ရန်ကုန်မြို့ရှိ ပန်းခြံများတွင် စားသောက်ဆိုင်ဖွင့်လှစ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) အနေဖြင့် စီမံချက်ရေးဆွဲပြီးဖြစ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြကာ သဘောတူညီပါက တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူမည်ဖြစ်ကြောင်း သိရပါတယ်။

 

တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပါက စိတ်ပါဝင်စားမှုလျှောက်လွှာ (EOI) ခေါ်ယူပြီး တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

 

Read More >>>>  ထိုင်းနိုင်ငံက မြန်မာ့ပြောင်းဆန်ကို တစ်နှစ်ပတ်လုံးဝယ်ယူမည်

 

"ပန်းခြံက စားသောက်ဆိုင်ခန်းတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပေးမယ်။ ပန်းခြံမှာ လမ်းဘေးဈေးသည်တွေဆီကနေ မသန့်ရှင်းတဲ့စားစရာတွေ ဝယ်စားရတာမျိုး မဖြစ်အောင် ဆောင်ရွက်ပေးဖို့ စီစဉ်ထားပါတယ်" ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောကြားခဲ့ပါတယ်။

 

ဆိုင်ခန်းများကို ဖော်ဆောင်ရာတွင် အများပြည်သူအပန်းဖြေသည့်နေရာတွင် စားသောက်ဆိုင်ပုံစံမျိုး စနစ်တကျဖော်ဆောင် မည်ဖြစ်ကာ လက်ရှိတွင် YCDC အနေဖြင့် စီမံချက်ရေးဆွဲထားပြီ ဖြစ်တဲ့အတွက်ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဟု သိရပါတယ်။

 

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း အများပြည်သူအပန်းဖြေ အနားယူနိုင်တဲ့ ပန်းခြံပေါင်း ၆၁ ခုရှိပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ၁၅ ခု၊ ရန်ကုန်အနောက်ပိုင်းခရိုင်တွင် ၁၉ ခု၊ ရန်ကုန်တောင်ပိုင်းခရိုင်တွင် ၁၄ ခုနှင့် ရန်ကုန်မြောက်ပိုင်ခရိုင်တွင် ၁၃ ခုရှိကြောင်း သိရပါတယ်။

 

Read More >>>>> ထောပတ်သီးနှင့် နာနတ်သီး တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျက်ရှိ

 

Myanmar Food Industry Directory

 

 


 


 


 


 


 

Read More >>>>  ထိုင်းနိုင်ငံက မြန်မာ့ပြောင်းဆန်ကို တစ်နှစ်ပတ်လုံးဝယ်ယူမည်

 


 


 


 

Read More >>>>> ထောပတ်သီးနှင့် နာနတ်သီး တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျက်ရှိ

 

Myanmar Food Industry Directory

 

 

 

Read times Last modified on Tuesday, 04 February 2020 12:54
Rate this item
(0 votes)