Food & Livestock



အာရှဆန် တပတ်တာ ဈေးအတက်အကျနှင့် အလားအလာ

အာရှဆန် တပတ်တာ ဈေးအတက်အကျနှင့် အလားအလာ

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

အဓိကအားဖြင့် ၂၀၂၄ ခုနှစ် မတ်လအထိ ပို့ကုန်ခွန် သက်တမ်းတိုးခြင်းကြောင့် ထိပ်တန်းအချက်အချာဆန်တင်ပို့သူ  အိန္ဒိယပေါင်းဆန် ပို့ကုန်ဈေးနှုန်းသည်  ယခုသီတင်းပတ်အတွင်း ကျဆင်းသွားခဲ့သည်။ ဈေးဆက်တိုက်ကျဆင်းသည့် တတိယမြောက် သီတင်းပတ် ဖြစ်ပါသည်။

 ၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် RI-INBKN5-P1 အမျိုးအစား ခေါ်ဈေး တတန်လျှင် ယခင်အပတ်က $515-$525 ရှိခဲ့ပြီး ယခုသီတင်းပတ်အတွင်း $510-$520 သို့ ကျဆင်းခဲ့သည်။

 

“ပြီးခဲ့တဲ့ အပတ်က ဝယ်လက်တွေက အစိုးရရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေကြတယ်။ အစိုးရက ပို့ကုန်ခွန် ၂၀%ကို မတ်လအထိ သက်တမ်းတိုးကြောင်း ရှင်းရှင်းလင်းလင်းပြောပြီး နောက်ပိုင်းမှာ တချို့က ဆက်မစောင့်တော့ဘူး။ စ၀ယ်လာကြတယ်။ ဒါပေမဲ့ ဝယ်လိုအားက ပုံမှန်ထက်တော့ နည်းနေပါသေးတယ်" ဟု Uttar Pradesh ပြည်နယ် Lucknow အခြေစိုက် ဆန်စက်ပိုင်ရှင် Akash Jhunjhunwala က ရိုက်တာသတင်းထောက်ကို ပြောကြားသည်။

အိန္ဒိယအစုိးရသည် ပြည်ပတင်ပို့သည့် ပေါင်းဆန်အပေါ် ပို့ကုန်ခွန် ၂၀% ကို ကနဦးတွင်အောက်တိုဘာလ လလယ်အထိ ပြဋ္ဌာန်းခဲ့ပြီး 

ယခုအခါ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ သက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။  

 

၅% ဆန်ကွဲပါ ထိုင်းဆန် RI-THBKN5-P1 အမျိုးအစားသည် ခေါ်ဈေး တတန်လျှင် ယခင်အပတ်က $580-$600 ရှိခဲ့ပြီး ယခုအပတ်တွင် $575-$580 သို့ ကျဆင်းသည်။

 

"အာရှနဲ့ အာဖရိကနိုင်ငံတွေက ဝယ်နေကြပါတယ်"ဟု ဘန်ကောက်အခြေစိုက် ကုန်သည်တဦးက ပြောကြားသည်။

ဆန်သစ်များ ယခုလကုန်တွင် ဈေးကွက်ထဲ ဝင်လာမည် ဖြစ်သည်။ 

အိန္ဒိယပေါင်းဆန်နှင့် ထိုင်းဆန် ဈေးကျခဲ့သော်လည်း ဗီယက်နမ်ဆန် ဈေးတက်ခဲ့ပါသည်။

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် RI-VNBKN5-P1 အမျိုးအစားသည် ခေါ်ဈေး တတန်လျှင် ယခင်အပတ်က $615-$625 ရှိခဲ့ပြီး ယခုအပတ်တွင် $625-$630 သို့ မြင့်တက်လာသည်။

 

"ဈေးနည်းနည်း တက်တယ်။ နွေ-ဆောင်းဦး စပါး ရိတ်သိမ်းမှု ပြီးဆုံးသွားပါပြီ။ ဒီတော့ ဈေးကွက်ထဲ ဆန်အဝင် ပါးသွားလို့ ဈေးနည်းနည်းတက်တာပါ" ဟု ဟိုချီမင်းစီးတီး အခြေစိုက် ကုန်သည်တဦးက ပြောသည်။

 

အောက်တိုဘာလအတွင်း ဗီယက်နမ်ဆန်များကို ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ကျူးဘားသို့ အဓိကအားဖြင့် တင်ပို့ခဲ့သည်။

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 20 October 2023 20:36
Rate this item
(0 votes)