Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍတွင် ဗြိတိန်နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံး ရင်းနှီးမြှုပ်နှံထား

မြန်မာနိုင်ငံ၏  လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ငါးလုပ်ငန်းကဏ္ဍတို့တွင် ဗြိတိန်နှင့်  ထိုင်းနိုင်ငံတို့မှ  အများဆုံး လာရောက်ရင်းနှီး မြှုပ်နှံထားကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

 

၁၉၈၈- ၁၉၈၉ ဘဏ္ဍာနှစ်မှ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလအထိ  မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းပေါင်း ၆၆ ခုခန့်ရှိပြီး နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုပမာဏ  စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၅၃ ဒသမ ၇၆၈ သန်းခန့်ရှိကြောင်း သိရသည်။

 

လယ်ယာစိုက်ပျိုးရေးကဏ္ဍ  လုပ်ငန်းပေါင်း ၂၈ ခု၌  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာသန်း၃၇၆ ဒသမ ၉၄ဝ ခန့်၊ မွေးမြူရေးနှင့် ငါးလုပ်ငန်း ကဏ္ဍရှိ လုပ်ငန်းပေါင်း ၃၈ ခု၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု   စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၆ ဒသမ ၈၂၈ သန်း ခန့်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

 

ယင်းတို့အနက် ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံ၏  လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ   ၁၁၅   သန်းကျော်ဖြင့်   အများဆုံး   ရင်းနှီးမြှုပ်နှံထားပြီး  မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍတွင်  ထိုင်းနိုင်ငံမှ လုပ်ငန်းပေါင်း ခုနစ်ခု ၌    အမေရိကန်ဒေါ်လာ  ၁၆၇ ဒသမ ၄၉၂ သန်းဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း  သိရသည်။

 

ရေလုပ်ငန်းကဏ္ဍတွင် ခေတ်မီမွေးမြူရေးစနစ်များ၊  အစာစက်ရုံများ၊  အအေးခန်း စက်ရုံများ၊ သားဖောက်လုပ်ငန်း စသည်ဖြင့် ဖော်ဆောင်ရာတွင် နိုင်ငံသားများ ကိုယ်တိုင်  ဦးဆောင်ဦးရွက်ပြု၍  ဆောင်ရွက်နိုင်ပြီး အဓိက လိုအပ်ချက် မှာ ငွေကြေးအရင်းအနှီး ဖြစ်ကြောင်း     မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်    အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က သုံးသပ်ပြောသည်။

 

မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍ၌ ထိုင်းနိုင်ငံပြီးပါက စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၈၉ သန်းကျော်၊ တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၁ သန်းကျော်၊ သြစတြေးလျနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၂ သန်းကျော်၊ မလေးရှားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်၊ ဗီယက်နမ်နိုင်ငံမှ အမေရိကန်ဒေါ်လာ  ၁ဝ သန်းကျော်၊ ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၈ သန်းကျော်၊ နယ်သာလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၇ သန်းကျော်၊  ဗြိတိန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၅ သန်းကျော် စသည်ဖြင့်  အသီးသီးဝင်ရောက် ရင်းနှီးမြှုပ်နှံထားသည်။

 

လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ဗြိတိန်နိုင်ငံပြီးလျှင် မလေးရှားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၇၇ သန်းနီးပါးဖြင့် ဒုတိယအများ ဆုံးရင်းနှီးမြှုပ်နှံခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှ  အမေရိကန်ဒေါ်လာ ၆၉ သန်းကျော်၊ စင်ကာပူ နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၇ သန်းကျော်၊ ထိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၂ သန်းကျော်၊ ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၂  သန်းကျော် စသည်ဖြင့်  အသီးသီးဝင်ရောက် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

Read More>>>>>  နိုင်ငံတကာ ဆန်အ၀ယ်ကျ၍ ဆန်တင်ပို့မှုမှ ကန်ဒေါ်လာသန်း ၁၇၀ ကျော် လျော့နည်း

Source: Myawaddy

 

Read times Last modified on Saturday, 22 December 2018 13:58
Rate this item
(1 Vote)